
Monkeybone (2001)
=================
ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတို့ကို လွန်ခဲ့တဲ့နှစ် ၂၀ က Comedy/Fantasy ကား Monkeybone ကို တင်ဆက်ပေးချင်ပါတယ်။
ဒီကားကတော့ Monkeybone ဆိုတဲ့ ကာတွန်းဇာတ်ကောင်နဲ့ သူ့ကိုဖန်တီးသူ စတူးဝပ်မိုင်လေရဲ့အကြောင်းပါ။ စတူးဝပ်မိုင်လေက ကာတွန်းဆရာတစ်ယောက်ပါ။ သူကအိပ်မက်ဆိုးတွေမက်တတ်သူမို့ အိမ်မက်ဆိုးမမက်အောင်ကူညီပေးနေရင်း ချစ်မိသွားတဲ့ ဒေါက်တာမလေး ဂျူလီကိုလက်ထပ်ခွင့်တောင်းဖို့ပြင်ဆင်နေတဲ့သူပါ။ ဒီလိုနဲ့ တကယ်လက်ထပ်ခွင့်တောင်းတဲ့ညမှာ ကားတိုက်မိပြီးကိုမာဝင်သွားပြီးတော့ ကိုမာဝင်နေတဲ့ဝိဉာဉ်တွေနေတဲ့ Down Town ဆိုတဲ့နယ်ကိုရောက်သွားပါလေရော။ ဒီနယ်မှာ သူ့ကိုနာမည်ကြီးစေခဲ့တဲ့ Monkeybone နဲ့ဆုံရာကနေ သူတို့နှစ်ယောက်(တစ်ယောက်နဲ့တစ်ကောင်ပါ တကယ်တော့) အတူတူဒီမြို့ကထွက်ရဖို့အရေး ထွက်ခွင့်လက်မှတ်သွားယူပြီးခါမှ Monkeybone က သူ့လက်မှတ်ကိုလုပြီး သူ့ကိုယ်ထဲဝင်သွားတဲ့အခါ။
Monkeybone က ဘာလို့ဒီလိုလုပ်ရတယ်၊ စတူကိုယ်တိုင်ကရောဒီနယ်မှာပဲနေပြီးသေသွားမှာလား၊ စတဲ့မေးခွန်းတွေအတွက် ဒီကားကိုပဲကြည့်ပေးဖို့ပြောချင်ပါတယ်။ Monkeybone ရဲ့ ဗရုတ်ကျမှုတွေကိုအများကြီးမြင်ရမယ့်အတွက်ကြောင့် ဘဝအမောကို ခဏတစ်ဖြုတ်လောက်ဖြေဖျောက်ချင်တယ်ဆိုတဲ့သူတွေအတွက် အဆင်ပြေကြောင်း လာလက်တို့လိုက်ရပါတယ်။
Translated and Review by Xing Egg
Encoded by Noah
Quality – Bluray
Size – 1GB / 350MB
IMDB – 4.7
Genres – Animation, Comedy, Fantasy
Run Time – 1 Hr 33 mins