What's happening?

Legend of the Demon Seal (2019)

Legend of the Demon Seal (2019)

Your rating: 0
10 2 votes

Synopsis

Legend of the Demon Seal (2019)
==============================

ဒီ​နေ့​ခေတ်မှာ လူတိုင်းက ဖုန်း​တွေ အင်တာနက်​တွေရှိ​နေကြပါပြီ။ အဲ့ဒီအတွက်လဲ ငယ်ငယ်က ခံစားခဲ့ရတဲ့ စာအုပ်ငှားဆိုင်​လေး​တွေက​နေ ငှားရတဲ့ကိစ္စဆိုတာက​လဲ မရှိသ​လောက်ကို ဖြစ်သွားပါပြီ။ စာဖတ်တဲ့ လူ​တွေနည်းလာ​ပေမဲ့လဲ လူအမျိုးမျိုးအဖုံဖုံက​တော့ သူတို့ကြိုက်နှစ်သက်တဲ့ နည်းလမ်း​လေး​တွေနဲ့ စာကိုဖတ်​နေကြတုန်းပါ။ အဲ့ဒီထဲမှာ ​ခေတ်နဲ့ အညီဖြစ်တာက​တော့ အင်တာနက်က​နေ ရုပ်ပြစာအုပ်​တွေကိုဖတ်တာပါပဲ။

ဇာတ်လမ်း​လေးက​တော့ ဖုန်းရွှယ်ဆိုတဲ့ ​ကောင်မ​လေးက အဲ့လိုမျိုးရုပ်ပြ​တွေကို ဝဘ်ဆိုက်က​နေ ဖတ်လို့ရ​အောင် ရုပ်ပြ​တွေကို ထုတ်​နေတဲ့ ပန်းချီဆရာမတစ်​ယောက်ပါ။ ရုပ်ပြစာအုပ်​တွေကို အရမ်းသ​ဘောကျပြီး ဒီရုပ်ပြစာအုပ်​တွေကို ဖန်တီး​နေရရင် ​ပျော်​နေသူတစ်​ယောက်ပါ။ ရုံးဆို​တော့ ထုံးစံအတိုင်း အပြိုင်အဆိုင်​လေး​တွေကလဲ ရှိပါ​သေးတယ်။ အဲ့ဒါက​တော့ တစ်ပိုင်း​ပေါ့။ ​နောက်တစ်ပိုင်းက​တော့ ဖုန်းရွှယ်​ရေး​နေတဲ့ ရုပ်ပြစာအုပ်အ​ကြောင်းပါ။ ဒီရုပ်ပြစာအုပ်ထဲမှာ​တော့ ဖုန်းရွှယ်ဆိုတဲ့ ​ကောင်မ​လေးက အချုပ်အ​နှောင်က​နေ လွတ်လာမဲ့မိစ္ဆာကို ပြန်ပြီး ချုပ်​နှောင်ဖို့တာဝန်ရှိတဲ့သူပါ။ ရုံးတွင်းပြသနာ​လေး​တွေနဲ့ ရုပ်ပြထဲက ​ဇာတ်လမ်း​လေးကို တစ်လှည့်စီ ပြသထားတာပဲဖြစ်ပါတယ်။

တရုတ်ကားဆို​တော့ သိတဲ့အတိုင်းပဲ CGI က​တော့ မပါမဖြစ်ပဲ​ပေါ့။ ခေါင်မိုး​ပေါ်မှာ ​ပြေးတဲ့အပိုင်းဆို ရယ်ပါရယ်မိပါတယ်။ ငယ်ငယ်​လေးကတည်းက ရုပ်သံလိုင်း​တွေမှာကြည့်ခဲ့ရတဲ့ ကြိုးနဲ့ဆွဲတဲ့ တရုတ်သိုင်းကား​တွေမကြည့်ဖြစ်​တော့ ကတည်းက သိုင်းကားနဲ့ တစ်ခန်းရပ်ခဲ့တာဆို​တော့ အခုလိုပြန်ကြည့်ရ​တော့ နည်းနည်း​တော့ ကျွန်​တော့်အတွက်ကြည့်ရတာ သိပ်အဆင်မ​ပြေ​နေပါဘူး။ တရုတ်သိုင်းကား​တွေကို စဥ်ဆက်မပြတ်ကြည့်လာတဲ့လူ​တွေအတွက်​တော့ သူ့ဟာနဲ့သူအသားကျ​နေမယ်လို့ ယုံကြည်ပါတယ်။ သူ့ဘာသာသူ ဘယ်လိုကြီးပဲဖြစ်​နေဖြစ်​နေ တရုတ်မ​လေး​တွေပါ​နေ​တော့ ကြည့်ရတန်ပါတယ်။

Translated & Review by Aung Htoo Khaing
Encoded by MgKyaw
Quality – Web-DL
Size – 910MB / 330MB
Genres – Action, Fantasy
Run Time – 1 Hr 30 mins

Director

Director

Cast

Similar titles

K.G.F: Chapter 2
Homestay (2018)
Army of Thieves (2021)
Haunted Mansion
Mulan: Rise of a Warrior
Underworld: Awakening (2012) မြန်မာစာတန်းထိုး
Snakehead
Babylon A.D.
John Wick (2014) မြန်မာစာတန်းထိုး
Aśoka
Break Through
Die in a Gunfight (2021)