Khoobsurat (2014)
———————————-
ဒီဇာတ်ကားလေးကတော့ Disney ကရိုက်ထားတဲ့ ဇာတ်ကားလေးကချစ်စရာကောင်းနေတာပါ။
Disney ရိုက်ထားတယ်ဆိုတဲ့အတိုင်း ဇာတ်ကားလေးကို
ဘုရင့်မင်းသားလေးနဲ့ နမောနမဲ့နိုင်တဲ့ကောင်မလေးအကြောင်းကို
ပေါ့ပေါ့ပါးပါးလေးပြထားတာပါ။
အဲ့တာကြောင့်လဲ rotten tomato 80တောင်ရတာဖြစ်လောက်တယ်။
ဇာတ်ကားလေးမှာ သူ့ရဲ့အကျင့်စရိုက်တွေကြောင့်ရည်းစားတွေနဲ့တစ်ယောက်ပြီးတစ်ယောက်ပျက်နေတဲ့ ကောင်မလေး
အဲ့ကောင်မလေးက အရိုးအကြောအထူးကုဖြစ်ပြီး ဘုရင့်အိမ်က ဘုရင်အားသွားပြီးကုသပေးတော့…
သူ့ရဲ့နမောနမဲ့တွေ သူ့ရဲပွင့်ပွင့်လင်းလင်းပြောတတ်တာတွေက
တော်ဝင်မိသားစုမှဝင်မဆန့်ဘူးပေါ့…
အဲ့လိုနဲ့ အဲ့အိမ်မှာ စေ့စပ်သူရှိတဲ့ တော်ဝင်မင်းသားလေးနဲ့တွေ့မိတဲ့အခါ…
ဇာတ်ကားလေးကိုရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့တင်ဆက်ထားတာပါ။Disney ကရိုက်ကူးထားတာဆိုတော့ အရမ်းစိတ်မဖိစီးပဲကြည့်နိုင်ပါတယ်။မင်းသမီးကတော့ Padman ဇာတ်ကားထဲက မင်းသားPad ကိုပထမဆုံးအားပေးတဲ့ ဒုတိယမင်းသမီးလေး Sonam Kapoor ပဲဖြစ်ပါတယ်။
Translated by KidKiss
Encoded by Ada
Imdb – 6.4
Run Time – 2hr 10mins
Genre – Comedy, Romance