What's happening?

Video Sources 5582 Views Report Error

  • Watch traileryoutube.com
  • HDUnknown resource
  • SDUnknown resource
In the Heights (2021)

In the Heights (2021)

The time has come.Jun. 10, 2021USA143 Min.PG-13
Your rating: 0
8 1 vote

Synopsis

In the Heights (2021)
========================
ဒီနေ့မှာတော့ အားလုံးကို In the Heights ဆိုတဲ့ IMDb 7.5/10 ရထားတဲ့ Musical/Drama တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Musical ဆိုတဲ့အတိုင်း တစ်ခြားဇာတ်ကားတွေနဲ့မတူဘဲ ဆန်းတယ်ပေါ့။ Character တစ်ယောက်ချင်းစီရဲ့အကြောင်းကိုပါ သီချင်းလေးနဲ့မိတ်ဆက်ပေးသွားတာမို့ သီချင်းကြိုက်နှစ်သက်တဲ့သူတွေတော့ သဘောကျမိမှာအမှန်ပါပဲ။

ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရရင် ဇာတ်လမ်းအစမှာ Usnavi ဆိုတဲ့သူက ကမ်းခြေမှာ ကလေးတစ်သိုက်ကို သူအရင်နေခဲ့ဖူးတဲ့ Washington Heights ဆိုတဲ့ရပ်ကွက်လေးရဲ့ကြောင်းကို ပြန်ပြောပြနေတာပါ။ Usnavi ရဲ့ဇာတိက Dominican Republic ဖြစ်ပြီး သူ့အသက်ရှစ်နှစ်အရွယ်မှာပဲ Washington Heights ကိုရောက်လာတယ်ပေါ့။

ဒီလိုနဲ့ နောက်ပိုင်းမှာမိဘတွေလည်းဆုံးပါးသွားပြီး ရပ်ကွက်ထဲမှာပဲ သူ့ညီဝမ်းကွဲ Sonny နဲ့အတူစတိုးဆိုင်လေးတစ်ဆိုင်ဖွင့်ထားတယ်။ သူ့ဆိုင်ရဲ့မျက်နှာချင်းဆိုင်မှာတော့ Kevin Rosario လို့ခေါ်တဲ့လူကြီးရဲ့ တက္ကစီကုမ္ပဏီရှိတယ်။ Kevin မှာ Nina လို့ခေါ်တဲ့သမီးတစ်ယောက်ရှိပြီး Nina ကငယ်ငယ်တည်းကစာအရမ်းတော်တာမို့ Standford မှာတောင်ကျောင်းသွားတက်နေတဲ့ သူတို့ရပ်ကွက်ရဲ့ ကြယ်ပွင့်လေး‌ပေါ့။ နောက်ပြီး Usnavi တစ်ယောက် တစ်ဖက်သတ်ကျိတ်သဘောကျနေတဲ့ မိန်းမလှလေး Vanessa လည်းရှိသေးရဲ့။ Vanessa ကသူတို့ရပ်ကွက်ထဲက နာမည်ကြီး Beauty Salon တစ်ခုမှာအလုပ်လုပ်နေတဲ့ကောင်မလေးပါ။ (Character ကတော့ ရှယ်များပဲ ဒါတောင်ကျန်နေသေး:3)

ဒီလိုမျိုး ကိုယ်စီတည်ငြိမ်တဲ့ဘဝတွေရှိလျက်နဲ့ သူတို့ဆီမှာ အလှည့်အပြောင်းလေးတွေဖြစ်လာဦးမှာပါ။ ဆိုင်လေးဖွင့်လိုက် သီချင်းလေးဆိုလိုက်လုပ်နေတဲ့ Usnavi ဟာလည်း ဒီ Heightsရပ်ကွက်ထက် သူ့ဇာတိကိုပဲပိုတမ်းတပြီး ပြန်ချင်နေပါတယ်။ နောက် ရပ်ကွက်ရဲ့ကြယ်ပွင့်လေးကလည်း ကျောင်းဆက်မတက်တော့ဘူးဆိုပြီး အိမ်ကိုပြန်ရောက်ချလာပါရော ..။ အဲဒါအပြင် အလှလေး Vanessa ကလည်း သူ့ရဲ့ဖုံးကွယ်ထားတဲ့အိပ်မက်လေးကသက်သက်ရှိနေပြန်သေး ..။ ဒီကားလေးက plot twist တွေ mystery ဆန်တာမျိုးတွေမပါဘဲ သီချင်းလေးနားထောင် အကလေးကြည့်ရင်းပဲ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းလေးပါ။

(တစ်ကားလုံးက သီချင်းတွေများတာမို့ translators တွေအမှားပါခဲ့ရင်လည်း စိတ်မရှိပါနဲ့လို့ ..။)

Review by Lai Laii
Translated by Lai Laii, Aye Phyo Mon & Winter

* Application မှာလည်း ကြည့်လို့ရပါပြီ *
Google Play Store Link – https://play.google.com/store/apps/details?id=com.yeyint.goldchannelrework

Apk Pure Link – https://apkpure.com/gold-channel/com.gc.movies11

=======================

In the Heights (2021)
In the Heights (2021)
In the Heights (2021)
In the Heights (2021)
In the Heights (2021)
In the Heights (2021)
Original title In the Heights
IMDb Rating 7.5 24,146 votes
TMDb Rating 7.5 178 votes

Director

Cast

Similar titles

Outlaws (2021)
We Die Young (2019) မြန်မာစာတမ်းထိုး
Kill Me If You Dare
Merry & Bright (2019)
Raazi
Welcome to Marwen
Donnybrook (2018) မြန်မာစာတမ်းထိုး
The Best of Enemies
A Christmas Story Christmas
Tayuan
The Great War of Archimedes
1921 (2021)