
Hollywood Stargirl ဒီတစ်ခါတော့ အနုပညာဆို အနုပညာစစ်စစ်သာပေးမယ့်ကားလေး တင်ဆက်ပေးပါ့မယ်။ ဇာတ်ကားမှာပါတဲ့ သီချင်းပေါင်းစုံကို တစ်ဝကြီးခံစားရမယ့်အပြင် Retro vibeကိုပါ ခံစားတွေ့မြင်ရမှာပါ။ Rotten Tomato rating 100%ရထားတာလည်း အကြောင်းအရင်းရှိတာကိုး။ မိခင်ရဲ့အလုပ်ကြောင့် တစ်မြို့ပြီးတစ်မြို့ပြောင်းနေရတော့ သူငယ်ချင်းမရှိတဲ့ဘဝမှာ အလှမွေးထားတဲ့ ကြွက်ပေါက်လေးကသာလျင် တစ်ဦးတည်းသော သူငယ်ချင်း၊ အမေကလည်း အလုပ်တွေနဲ့ မအားတာကြောင့် အထီးကျန်မှုတွေကို Ukuleleတစ်လက်နဲ့ သီချင်းတွေ ဆိုညည်းရင်း ဘဝဆိုတာ ဘာလဲ ကိုယ်ဘာဖြစ်ချင်တာလဲ အဖြေရှာနေခဲ့တယ်။ သူတို့သားအမိငှားနေတဲ့အိမ်က အိမ်ရှင်ရဲ့သားကလည်း ရုပ်ရှင်ရိုက်ဖို့ ကြိုးစားနေရင်း သူ့သီချင်းသံကို ကြားသွားတော့ သူ့ရဲ့ရုပ်ရှင်ထဲမှာဝင်ပြီး သရုပ်ဆောင်လုပ်ပေးဖို့ ကမ်းလှမ်းပါတော့တယ်။ ဘဝဆိုတာ ဘယ်လိုအရာလဲ ရှာဖွေနေတဲ့သူ့အဖို့ လမ်းစလေး ပေါ်လာပါတော့တယ်။ အနုပညာကိုခုံမင်တဲ့ကလေးတွေအတွက် ကြိုးစားမှုတွေဟာ အရာထင်ပါ့မလား…. ငယ်သူတွေပီပီ အချစ်၊ ရူးသွပ်မှု၊ ဂီတ၊ passionတွေအပြင် retro vibeကို ကြိုက်နှစ်စက်သူဆိုရင် ကြည့်ဖြစ်အောင်ကြည့်ဖို့ အကြံပေးပါရစေ။ Tomato meterက 100ပေးထားတာကြည့်ရုံနဲ့တင် ကြည့်ရှုသူတွေ နောင်တမရမှာ အာမခံပါတယ်။
Reviewed By Keith
Translator By Keith, Sarah & MayMiKyaw
Encoded By Cukar