
Chip ‘n Dale: Rescue Rangers (2022)
Disney ,Disney လိုဆိုရင် လူတိုင်းရဲ့ childhood dreams တွေမှာ အမှတ်တရတစ်ခုအနေနဲ့ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တွေကို ဖန်တီးခဲ့ကြတာကြီးပါပဲ။
ဒီဘက်ခေတ်မှာတော့ ပိုပြီးခေတ်ဆန်တဲ့ ဇာတ်ကွက် ဇာတ်ကောင်တွေ ဖန်တီးကြပေမယ့် ရှေးတစ်ခေတ်က ဇာတ်ကောင်တွေကတော့ ငယ်ချစ်ဦးထက်ကိုပိုပြီး စွဲလန်းစေပါတယ်။
ဒီတော့ နှောင်းပိုင်း ဒီဘက်ရာစုခေတ်မှာ အရင့်အရင် ရာစုနှစ်တွေက အောင်မြင်ကျော်ကြား အသည်းစွဲခဲ့ကြတဲ့ Disney ဇာတ်ကောင်တွေကို live action နဲ့ရောပြီး modern ခေတ် reboot တွေဖန်တီးလာကြပါတယ်။အချိုလဲ အောင်မြင်ခဲ့ကြသလို အချိုကလဲ မူလအနှစ်သာရကို ဖျက်ဆီးမိသလိုမလို မကြိုက်ကြသူတွေလဲ အများကြီးပါပဲ။
ဒီတစ်ခေါက်မှာတော့ rotten 🍅 80%
Audience score 82% နဲ့
ပြန်လည်လွမ်းဆွတ်ကျေနပ်ဖွယ်ရာ reboot ဇာတ်လမ်းလေးကတော့ ခုနှစ်တုန်းက 3 seasons အထိ ထွက်ရှိခဲ့တဲ့ Chip ‘n Dale Rescue Rangers ကို Disney+မှ reboot ပြန်ရိုက်ထားတာပဲဖြစ်ပါတယ်။
တကယ့်ကို အရင်က comedy series လိုမျိုး အနှစ်အရသာကို ပြန်လည်ခံစားရတဲ့အပြင် cameo အနေနဲ့ ငယ်ဘဝလွမ်းစရာဇာတ်ကောင်တွေလဲ အများကြီး ထည့်သွင်းထားပါသေးတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ Chip နဲ့ Dale ဟာဆိုရင် ယနေ့ခေတ် Los Angeles မှာ လူတွေ toons တွေနဲ့အတူနေထိုင်ကြတဲ့ ဇာတ်ကောင်လေးတွေပေါ့။ သူတိုရဲ့ rescue rangers တီဗီရှိး ဖျက်သိမ်းခံရအပြီးမှာ တစ်ကွဲတစ်ပြားစီဖြစ် မတွေ့ဖြစ်တာ ကြာတဲ့ မိတ်ဆွေဟောင်းကြီးတွေပါ။ တစ်နေ့ သူတိုနှစ်ဦးလုံးရဲ့ အရင်က သူငယ်ချင်း Monti ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာ ရဲတွေလဲ မကူညီနိုင်တော့ နှစ်ယောက်သား Rescue Rangers တွေလို လိုက်ပြီးစုံစမ်းရင် ကွဲကွာနေခဲ့ရတဲ့ ဆက်ဆံရးကို ပြန်လည်ပြုပြင်ကြတဲ့ဇာတ်လမ်းလေးပါ။
ဇာတ်လမ်းအကျဉ်းလေးက ရိုးရှင်းပေမယ့် တင်ဆက်ပုံကောင်းလွန်းတာကြောင့် ၁နာရီ၃၆မိနစ်ဇာတ်ကားက အနိမ့်အမြင့်အတက်အကျနဲ့ မရိုးအီသွားဘဲ ကြည့်သွားနိုင်ပါတယ်။
Old comedy lines တွေနဲ့ Disney ရဲ့ ပေးနေကျ သင်ခန်းစာ၊ သူငယ်ချင်း၊မိတ်ဆွေ၊ မိသားစု၊ ဒီအရသာတွေ မပျောက်ပျက်ဘဲ ခံစားနိုင်တာကိုကတင် တန်နေပြီလိုဆိုနိုင်ပါတယ်။
ဒါ့အပြင် modern ဆန်ဆန် Daleက rebootရိုက်ချင်လွန်းလို သူ့ကိုယ်သူ CGI surgery နဲ့ 3D ဖြစ်အောင်လုပ်ထားတာရော။ Monti တိုလို ရှေးနာမည်ကြီး ဇာတ်ကောင်တွေကို ပြန်ပေးဆွဲ copy right မထိအောင် ဇာတ်ကောင်တွေကို ပြန်ပြင်ဆွဲပြီး တရားမဝင်တဲ့ အညံ့စားရုပ်ရှင်တွေကို ပြန်ရိုက်တဲ့ ကျွန်မတိုအသည်းစွဲဇာတ်ကောင်ကြီး။ ငယ်ဘဝအမှတ်တရတွေကို ဖန်တီးပေးခဲ့တဲ့ ဒီအသည်းစွဲလေးတွေ အခုခေတ်ဖယ်ကြဉ်ခံရတဲ့အခါ ဘယ်လိုတွေ ရုန်းကန်နေရလဲ အစရှိတဲ့ cartoons, animation လောကကြီးအကြောင်းလဲ တစ်စွန်းတစ်စ ဖွင့်ထုတ်ပြတဲ့ပုံတွေပါ ခံစားပြီး ကြည့်ရှုရဦးမှာမလို GC ကနေ တင်ဆက်ပေးလိုက်ရပါတယ်။
သေချာတာတော့ PG rated, Adventure, Comedy,kids and family ကားလေးဖြစ်တဲ့ ဒီ Chip ‘n Dale လုံးဝလုံးဝ ကြည့်ရှူရမှာတန်စေဖို အာမခံလိုက်ပါတယ်။
🎶 Ch-Ch-Ch-Ch- Chip ‘n Dale 🎶
Reviewed by Phyo
Translated by Sarah and Phyo
demon slayer series season 4 ထွက်ရင် တင်ပေးပါဦးနော် ရှာမရလို့ပါ😗