What's happening?

Video Sources 10276 Views Report Error

  • HDUnknown resource
  • SDUnknown resource
Chathur Mukham (2021)

Chathur Mukham (2021)

Apr. 08, 2021India138 Min.Not Rated
Your rating: 0
5.5 2 votes

Synopsis

Chathur Mukham (2021)
======================
ဖုန်းနဲ့ရိုက်ကူးလိုက်တဲ့ selfie ပုံထဲမှာ မိမိအသက်ရှင်ရမယ့် ရက်အ‌ရေအတွက်ပေါ်လာပြီး အဲဒီ‌ရက်တွေကလည်း တဖြည်းဖြည်းနဲ့ နောက်ပြန်ရေတွက်ရင်း ကုန်ဆုံးလာခဲ့ရင် ဘယ်လောက်ထိသွေးပျက်စရာကောင်းလိုက်မလဲ…?

Tejaswin ဆိုတဲ့ မိန်းကလေးဟာ ဆိုရှယ်မီဒီယာအရမ်းသုံးပြီး ဖုန်းကိုလက်ကမချတမ်းသုံးတတ်သူပါ။ တစ်နေ့တော့ သူ့ဆီဖုန်းအသစ်တစ်လုံး ရောက်လာခဲ့ပါတယ်။ အဲဒီဖုန်း သူ့ဆီ စရောက်လာကတည်းက ပြဿနာတွေတက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပိုဆိုးလာပြီး သူ့ဘ၀မှာ ထိတ်လန့်တုန်လှုပ်စရာနေ့တွေကို ဖြတ်သန်းခဲ့ရပါတယ်။

သူ့ရဲ့ပြဿနာကို ဝိုင်းဖြေရှင်းပေးမယ့်သူတွေကတော့ သူငယ်ချင်းဖြစ်သူ Anthony နဲ့ သိပ္ပံပညာလိုက်စားတဲ့ ဆရာကြီးတစ်ဦးပါပဲ။ သူတို့ ၃ ဦးဟာ ပြဿနာတွေနောက်ကိုလိုက်ရင်း၊ အဖြေရှာခဲ့ကြပါတယ်။ အဲဒီဖုန်းနဲ့ပတ်သက်မိသူတိုင်းဟာ အဆုံးသတ်မကောင်းတာကို ရှာတွေ့ခဲ့ပြီးနောက်မှာတော့ သူတို့အတွက် အချိန်‌ဆိုတာအရမ်းကို အကန့်အသတ်ရှိလာပါတော့တယ်။

သူတို့သုံးဦး ဖုန်းရဲ့နောက်ကွယ်က လျှို့ဝှက်နက်နဲမှုတွေကို ရှာတွေ့ပါမလား၊ ပြဿနာကိုရော အချိန်မီဖြေရှင်းနိုင်ပါ့မလား၊ Tejaswin ကို ဘေးကင်းအောင် ကူညီပေးနိုင်ပါ့မလား….။သဘာ၀လွန်ဖြစ်ရပ်‌မျိုးကို သိပ္ပံပညာနဲ့ ဘယ်လိုပေါင်းစပ်အဖြေရှာမလဲဆိုတာကလည်း စိတ်၀င်စားစရာကောင်းသလို အတွေးအမြင်သစ်တွေလည်း ရ‌စေပါတယ်။

ခြောက်ခြားစရာသည်းထိတ်ရင်ဖိုဇာတ်လမ်းမျိုးဖြစ်‌ပေမဲ့ အိန္ဒိယကားတွေထုံးစံအတိုင်း ဒရမ်မာနဲ့မိသားစုဘ၀ကိုလည်း ထည့်သွင်းပုံဖော်ထားပါတယ်။ အချိန်ပေးကြည့်ဖို့ တန်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်မို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Translated and Review by Cherry Mon

* Application မှာလည်း ကြည့်လို့ရပါပြီ *
Google Play Store Link – https://play.google.com/store/apps/details?id=com.yeyint.goldchannelrework

Apk Pure Link – https://apkpure.com/gold-channel/com.gc.movies11

=======================

Chathur Mukham (2021)
Original title ചതുർ മുഖം
IMDb Rating 8 409 votes
TMDb Rating 6.8 2 votes

Director

Cast

Manju Warrier isThejaswini
Thejaswini
Srikant Murali isPhilip Tharian
Philip Tharian
Shyamaprasad isRamachandran
Ramachandran
Rony David Raj isNaveen Joseph
Naveen Joseph
Babu Annur isThejaswini's father
Thejaswini's father
Shaju K.S. isDr. Manoj Thomas
Dr. Manoj Thomas
Balaji Sarma isZackaria
Zackaria

Similar titles

Dreamland (2019)
Vivarium
The Third Saturday in October: Part V
The Haunting of Sharon Tate (2019) မြန်မာစာတမ်းထိုး
The Final Destination
Agramon’s Gate
Subspecies V: Blood Rise
Les Misérables (2019)
Air Force One Down
Hounds of Love
xXx
In the Shadow of the Moon (2019)