What's happening?

Video Sources 7029 Views Report Error

  • FHD Direct Streaming Unknown resource
  • HD Direct Streaming Unknown resource
  • SD Direct StreamingUnknown resource
Chaitanyam (2021)

Chaitanyam (2021)

Sep. 17, 2021
Your rating: 0
7 1 vote

Synopsis

Chaitanyam (2021)
ဒီတစ်ခါမှာတော့ ခံစားချက်ရသမျိုးစုံပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီး အနှစ်ငါးဆယ်အကြာ, ပြောင်းလဲတိုးတက်မှုတွေကိုစတင်လုပ်ဆောင်နေကြတဲ့အချိန် ဝေးလံတဲ့မြစ်ကမ်းနားကLankaလို့‌ခေါ်တဲ့ရွာမှာတော့ ကမ္ဘာကြီးနဲ့အဆက်ပြတ်ပြီးပြည်သူတွေကမျက်စိပိတ်နားပိတ်နဲ့နေနေကြရပါတယ်၊ မဲပေးပြီးကိုယ်ကြိုက်တဲ့ပါတီကိုရွေးချယ်ရတဲ့ခေတ်မှာတော့ ဘာမှမသိနားမလည်တဲ့သူတို့က နိုင်ငံရေးသမားတွေရဲ့ပစ်မှတ်ဖြစ်လာရပါတော့တယ်၊
သူတို့သာ အခြေခံလူတန်းစားဘ၀မှာပဲရှိနေရင် အစိုးရရဲ့ထောက်ပံ့ကြေးတွေ စီမံကိန်းတွေကိုရနိုင်တယ်လို့သိထားကြတဲ့ ရွာသူရွာသားတွေက တစ်နေ့တစ်နေ့သူတို့ဘ၀တိုးတက်ရေးကိုလုပ်ရမှာထက် ကြီးပွားတိုးတက်လာမှာကိုကြောက်နေကြတော့တာပါ။ အဲဒီရွာမှာပဲ နေထိုင်တဲ့Prakashကတော့ တခြားသူတွေနဲ့မတူပါဘူး၊ သူကခုလိုအစိုးရရဲ့ထောက်ပံ့ကြေးကိုမျှော်ကိုးပြီးနေရတာထက် သူ့ဘ၀ကို‌ရော သူ့ရွာကိုပါ တိုးတက်ချင်တဲ့သူပါ၊ သူ့ဘ၀တိုးတက်ချင်ပေမယ့် အရင်းအနှီးမရှိတဲ့အပြင်ပညာပါမတတ်တဲ့သူက ဖခင်ဖြစ်သူရဲ့ကျောက်ကပ်ကိုပါထုတ်ရောင်းပြီး ဒူဘိုင်းကိုသွားပြီးအလုပ်လုပ်ခဲ့ပေမယ့် အလိမ်ခံလိုက်ရပါတယ်။
ဒါပေမဲ့သူက သူ့ဖခင်အပေါ်မှာလုပ်ခဲ့တဲ့အပြုအမူအတွက်ပြန်ပြင်ဆင်ရင်း လက်‌မလျှော့ဘဲ သူ့ဘ၀အတွေ့အကြုံတွေနဲ့ သူ့ရွာ‌လေးကိုတိုးတက်အောင်ဆောင်ရွက်ခဲ့ပါတော့တယ်။
Prakashတစ်‌ယောက် သူ့ရဲ့ရွာကိုဘယ်လိုပုံစံနဲ့ဘယ်လောက်ထိ ပြောင်းလဲပေးနိုင်မှာလဲ! ကျေးလက်နေလူတန်းစားတွေရဲ့ဘ၀,သားသမီးနဲ့မိဘကြားက သံယောဇဉ်စတဲ့ စတဲ့သုတရသတွေအများကြီးကိုမြင်တွေ့ရမယ့်အပြင် ကိုယ့်ဘ၀ကိုတိုးတက်ချင်ပြီးကြိုးစားချင်တဲ့Prakashကိုကြည့်ရင်း ဘယ်လိုစိတ်ဓာတ်ခွန်အားတွေရနိုင်မလဲဆိုတာကိုပါကြည့်ရူရမှာဖြစ်လို့ အချိန်ပေးရကျိုးနပ်စေမယ့်ကားကောင်းတစ်ကောင်းဖြစ်မှာသေချာပါတယ်။

* Application မှာလည်း ကြည့်လို့ရပါပြီ *

Apk Pure Link – https://apkpure.com/gold-channel-movies/com.yeyint.goldchannelrework

Original title Chaitanyam

Director

Director

Cast

Similar titles