What's happening?

Amazing Stories (2020): 1x2

The Heat

Amazing Stories ( 2020 )
=================
Episode 2

၁၉၈၅ ခုနှစ်တုန်းကထွက်ရှိပြီး အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲလေးကို ပြန်လည်အသက်သွင်းရိုက်ကူးခဲ့တာပါ။ ၁၉၈၅ ခုနှစ်ကာလအချိန်တုန်းက ပထမပိုင်းမှာတင် ဆုများရရှိခဲ့ပြီး ယခု ၂၀၂၀ မှာပြန်လည်အသက်သွင်းလိုက်တာ ဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့နာမည်အရ အံ့ဩမှုတွေ ရယ်မောဖွယ်ရာတွေ ထူးဆန်းမှုတွေနဲ့ တစ်ခါတရံမှာကြောက်မက်ဖွယ်ရာ ဝမ်းနည်းစရာများကို အကြောင်းအရာများစွာနဲ့ပုံဖော်ထားတဲ့ဇာတ်လမ်းတွဲလေးတစ်ခုပါ။၁၉၈၅ ခုနစ်တုန်းကတော့ Season 2 နဲ့အဆုံးသတ်လိုက်ပြီးတော့ ယခု ဒီဇာတ်လမ်းတွဲကို အပိုင်းနည်းနည်းတည်းနဲ့ တင်ပြသွားမှာပါ။

မင်းသားမင်းသမီးမြောက်များစွာနဲ့တင်ဆက်ထားပြီးတော့

ဒုတိယပိုင်းမှာတော့ (The Heat)…..
ကျောင်းကိုယ်စားပြု အပြေးပြိုင်တဲ့ သူငယ်ချင်းနှစ်ယောက်ဟာ နိုင်ငံကိုယ်စားပြုအထိတတ်ရောက်နိုင်ရန်ကြိုးစားနေပါတယ်။ ပြေးတဲ့နေရာမှာအရမ်းတော်တဲ့တစ်ယောက်က တူကာလို့ ခေါ်ပြီး စတာလင်ဆိုတဲ့ တစ်ယောက် ဟာ တူကာကို လိုက်မှီရန် ကြိုးစားနေတဲ့သူပါ။ တစ်နေ့မှာ တူကာ တစ်ယောက်ဟာ ကားမတော်တဆ မှုကြောင့်သေဆုံးသွားခဲ့ပါတယ်။ အဲဒီလိုသေဆုံးသွားပြီး တူကာ တစ်ယောက်က ဝိဉာဉ်အဖြစ်ဖြစ်သွားပြီး သူဟာလည်းသူ့ကိုယ်သူ ဘာကြောင့် မကျွတ်မလွတ်ဖြစ်နေတာလဲဆိုတာကို သိချင်နေပါတယ်…

အဲဒီလို မကျွတ်မလွတ်ဖြစ်နေရတာက ဘာကြောင့်များလဲ…. သူအဲဒီလိုမကျွတ်မလွတ်ဖြစ်နေတာ ကားမတော်တဆကြောင့်လား ….. အပြေးပြိုင်ပွဲကြောင့်လား … အခြားဘာအကြောင်းအရာတွေထပ်ပြီးပေါ်လာမလဲ

Translated & Review by Thar Nyo Lwin
Encoded by mk
Quality – Web
Size – 600MB / 150MB
IMDB – 3.7
Genres – Adventure

Amazing Stories: 1×2
Amazing Stories: 1×2
Amazing Stories: 1×2
Mar. 13, 2020