The Tasty Florida

The Tasty Florida

Sep. 24, 2021
Your rating: 0
7 1 vote

Seasons and episodes

1Season 1 Sep. 24, 2021

Synopsis

The Tasty Florida (2021)

The Tasty Florida လိုခေါ်တဲ့ အချိတွေအအီတွေကျွေးမယ့် ကိုရီးယား BLကားလေးတစ်ကားနဲ့ GCပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။

BLဆိုတာနဲ့ ပရိသတ်ကြီး စိတ်ဝင်စားနေကြမယ်ထင်ပါတယ်။ ဝင်စားစရာကောင်းလောက်အောင်ကိုလည်း ချောမောလွန်းတဲ့အဆင်တစ်သိုက်က Castတွေအနေနဲ့ ပါဝင်ထားပါတယ်။

ဆောဟယ်ဝန် ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ Guesthouseတစ်ခုကို အဆောင်ပြောင်းလာတဲ့ တက္ကသိုလ်ပထမနှစ်ကျောင်းသားလေးပါ။

ဘဲ့အွန်ဂယူ ကတော့ Guesthouse ရဲ့ခေါင်မိုးထက်က Florida Banjeom ဆိုတဲ့ နာမည်ကြီးတရုတ်စားသောက်ဆိုင်ရဲ့ပိုင်ရှင်လည်းဖြစ် စားဖိုမှူးလည်းဖြစ်တဲ့ ကိုယ်လူချောလေးပါ။

အွန်ဂယူ ရဲ့ချောမောလှပမှုကို လာငမ်းကြတဲ့သူတွေကြောင့်နဲ့ ဆိုင်လေးက နာမည်ကြီးစည်ကားပါတယ်။ အွန်ဂယူ အပြင် ဆိုင်ရဲ့ Waiter ကိုယ်လူချောလေးတွေကြောင့်လည်း နာမည်ကြီးစည်ကားလွန်းတဲ့ ဒီဆိုင်လေးမှာ ဟယ်ဝန် တစ်ယောက် အချိန်ပိုင်းအလုပ်ဝင်လုပ်ဖြစ်သွားပါတော့တယ်။ သိုပေမယ့် Boss အွန်ဂယူရဲ့ အမြင်မကြည်မှုကို ခံနေရတဲ့ ဟယ်ဝန်လေးတစ်ယောက် Bossက အမြင်ကြည်လာအောင် ဘယ်လို ကြိုးစားမှာလဲ။ အွန်ဂယူကိုတွေ့တိုင်း ရင်ခုန်တတ်တဲ့ကောင်လေးက သူ အွန်ဂယူကို ချစ်မိနေပြီမှန်းသိလိုက်ရတဲ့အခါ… အချိန်တိုင်းသူ့ပဲမကောင်းမြင်နေပြီး သွေးအေးတဲ့ Boss ရဲ့ နှလုံးသားလေးခုန်လာအောင် ဘယ်လိုကြိုးပမ်းမှာလဲဆိုတာကို စောင်ကိုက်ရင်း ကြည့်ရှူခံစားရမှာပါ။

ကဲ… ကဲ… အဆင်တစ်သိုက်ကို ငမ်းရင်း စောင်ကိုက်ကြမယ်။ မရှိတဲ့ကောင်လေးကို စိတ်ကူးယဉ်ရင်း သူများတွေရဲ့ Romanceကို ခံစားကြမယ်။ အပိုင်း၈ပိုင်းသာပါဝင်တဲ့ ဒီကားလေးကို အခုပဲ Gold Channelမှာ အတူတူကြည့်ရှုလိုက်ရအောင်ပါ။

Translated by Athena,Faith and Youn Kyi Phyu

The Tasty Florida
The Tasty Florida
The Tasty Florida
Original title 플로리다반점
First air date Sep. 24, 2021
Last air date Sep. 24, 2021
Seasons 1
Episodes 8
Average Duration 11 minutes

Similar titles