The Silence of the Monster

The Silence of the Monster

Dec. 23, 2022
Your rating: 0
5 1 vote

Seasons and episodes

1Season 1 Dec. 23, 2022

Creator

Creator

Cast

Bi Wenjun isHe Chufeng
He Chufeng
Sun Yihan isSui Yi
Sui Yi
Dong Zhiyi isChen Xiaoyuan
Chen Xiaoyuan
Peng Bo isLi Jun
Li Jun
Xu Jiale isXiao Juanmao
Xiao Juanmao

Synopsis

ဒီတစ်ခါ GC dramaကနေ အေးမြတဲ့ဆောင်းရာသီနဲ့လိုက်ဖက်အောင် ရွေးချယ်တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ မကြည့်ရတာ ကြာမြင့်နေပြီဖြစ်တဲ့ ဆိတ်ငြိမ်တဲ့အငွေ့အသက်လေးတွေလွှမ်းခြုံထားပြီး ထူးခြားတဲ့အမှုတွေကို လိုက်လံစုံစမ်းဖော်ထုတ်ကြမယ့်  mystery, romance ဇာတ်လမ်းလေး The Silence of The Monster (ဆိတ်ငြိမ်ရပ်ရဲ့ နေခြည်ဝါ)အမည်ရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်

ဒီဇာတ်ကားလေးကို In a Class of Her Own, Sweet Teeth, Ni Chang ဇာတ်ကားများအပြင် မကြာခင်ကမှ ပြီးဆုံးသွားတဲ့ Double loveဇာတ်လမ်းထဲမှ မင်းသားချောလေးဖြစ်သော NEXTအဖွဲ့ဝင် Bevan (Bi Wenjun)နှင့် Meteor Garden, Song of Youth, Couple of Mirrors, The Bondနှင့် Hello My Loveဇာတ်ကားများမှ ချစ်စဖွယ်မင်းသမီးလေး Annie Sun(Sun YiHan)၊ Floating Youth, Shining Just for Youဇာတ်ကားမှ မင်းသားချောလေးNext အဖွဲ့ဝင် Theo(Zhu Zheng Ting)နှင့်The Sleuth of Ming dynasty,Under the Skin, She and Her Perfect husband စသည့်ဇာတ်လမ်းများမှ မင်းသမီးလေးZhang Bo Jiaတို့က အဓိကဇာတ်ဆောင်များအဖြစ်ပါဝင်ထားပြီး Rocket Girls 101 memberဟောင်းတစ်ဦးဖြစ်သူ Duan Aojuanနှင့် အခြားသော နာမည်ကြီးအနုပညာရှင်များစွာကလည်း ပါဝင်ကူညီအားဖြည့်ထားပါတယ်

“‌အမှောင်ညတွင်းမှာ အမှန်တရားကိုလိုက်လံရှာဖွေပြီး မိတ်ဆွေတွေကို အလင်းရောင်ရှိတဲ့နေရာမှာ ရှာဖွေပါ။ အထီးကျန်ခြင်းနဲ့ အမှောင်ညကို ဖြတ်ကျော်ရင်း တို့တတွေဆုံတွေ့ကြမယ်”

ဒီဇာတ်လမ်းလေးကတော့ မြင်နေကျ ဇာတ်လမ်းများနဲ့ တမူထူးခြားခွဲထွက်ပြီး  Romance ,Healing Drama typeဖြစ်ပြီး လှပတဲ့ရှုခင်းတွေနဲ့ ကြည့်လိုက်တာနဲ့ Retro vibeလေးအပြင်အေးချမ်းမှုလေးကို ခံစားရနိုင်မယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်

ဇာတ်လမ်းအညွှန်း

အတိတ်ကနာကျင်မှုတွေကို ဖုံးကွယ်ထားပြီး အေးဆေးတည်ငြိမ်တဲ့သွင်ပြင်ရှိတဲ့အပြင်လေးတွေနဲ့ နူးညံ့ကြင်နာတတ်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတဲ့သော့ဝိဇ္ဇာ ဟယ်ချူးဖုန်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး အပြင်ပန်းကတော့ ပျော်ရွှင်နေတဲ့ပုံပေါ်ပေမယ့် အတွင်းစိတ်လေးက အထီးကျန်နေတတ်သူ ကျောက်မျက်အကဲဖြတ်ပညာရှင်လေး လော့ပင်းတို့ဟာ ရှေးဟောင်းပစ္စည်းဆိုင်ကို ဦးစီးရင်း တစ်အိမ်‌တည်းနေထိုင်ကြတဲ့သူတွေဖြစ်ပါတယ်။ ဒီလိုအထီးကျန်နေတဲ့ သူတို့ဘဝထဲကို ရိုးသားဖြောင့်မတ်ပြီး တောက်ပတဲ့အပြုံးပိုင်ရှင် အလုပ်သင်ရှေ့နေလေး စွေယိနဲ့ ဒဏ်ရာကုသဖိူ့အတွက် ရောက်ရှိလာတဲ့ ဖန်းချီတို့ ရောက်ရှိလာတဲ့အချိန်မှာတော့ 

-ဟယ်ချူးဖုန်နဲ့ လော့ပင်းတို့ရဲ့ အထီးကျန်ရပ်ဝန်းလေးက ဘယ်လိုပြောင်းလဲမှုတွေဖြစ်လာမလဲ

-အေးစက်စက် ဟယ်ချူးဖုန်တစ်ယောက် စွေယိအပေါ် နှောင်ကြိုးတွေရစ်တွယ်ပြီး ဘယ်လိုချစ်သွားကြမလဲ

-လော့ပင်းရဲ့ မြင်မြင်ချင်းအချစ်ဖြစ်တဲ့ ဖန်းချီကရော လော့ပင်းရဲ့အချစ်ကို လက်ခံပါ့မလား 

ဆိုတာတွေကို ဇာတ်ဆောင်များနဲ့အတူတူ တစ်သားတည်း ခံစားချင်တယ်ဆိုရင်ဖြင့် The Silence of The Monster(ဆိတ်ငြိမ်ရပ်ရဲ့ နေခြည်ဝါ) အမည်ရတဲ့ တရုတ်ရုပ်သံဇာတ်လမ်း‌တွဲလေးကို ဒီဇင်ဘာ ၂၃ရက်နေ့ကနေစတင်ပြီး GC Drama telegram channel နဲ့ website တို့မှာ နေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်လို့ လက်မလွတ်တမ်းစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်

Reviewed by Feyremme

Translated by GC Chinese Team

Encoded by WP

The Silence of the Monster
The Silence of the Monster
Original title 孤独的野兽
First air date Dec. 23, 2022
Seasons 1
Episodes 36

Similar titles

Mayor of Kingstown (2021)
The Blood of Youth
The Vineyard Man
True to Love
The Umbrella Academy (2019 –
Queen of Tears
Twinkling Watermelon
Hymn of Death
War Of Y The Series
Hello, Me!
Breathe (2018)
Pom Pang Ban