The Second Husband

The Second Husband

Aug. 09, 2021
Your rating: 10
9.4 24 votes

Seasons and episodes

1Season 1 Aug. 09, 2021

Creator

Creator

Cast

Uhm Hyun-kyung isBong Sun-hwa
Bong Sun-hwa
Cha Seo-won isYoon Jae-min
Yoon Jae-min
Oh Seung-a isYoon Jae-kyung
Yoon Jae-kyung
Han Ki-woong isMoon Sang-hyeok
Moon Sang-hyeok

Synopsis

Second Husband (두 번째 남편)

Ongoing ဇာတ်လမ်းတွဲလည်း ကြည့်ချင်တယ်

တစ်ပတ်တစ်ပိုင်းနဲ့လည်း ကြည့်လို့မဝဘူးဆိုတဲ့ GC ပရိသတ်ကြီးအတွက်

MBC ရုပ်သံလိုင်းကနေ တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပတ်ငါးရက်တိုင်ထုတ်လွှင့်ပြသမယ့် Second Husband ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။

အချစ်…။

အချစ်ဆိုတာဘာလဲလို့မေးရင် ဖြေတဲ့လူအပေါ်မူတည်ပြီး အဖြေကအမျိုးမျိုးကွဲပြားပါလိမ့်မယ်

တစ်ချိန်တုန်းက ဘုံဆွန်းဟွာအတွက်တော့ အချစ်ဆိုတာ ထာဝရတည်မြဲနေမယ်လို့ ထင်ခဲ့မိတဲ့အရာပါတဲ့။
သို့ပေမဲ့ ဖြစ်ပြီးပျက်တတ်တဲ့လောကကြီးမှာ မပြောင်းမလဲ ထာဝရတည်မြဲတဲ့အရာဆိုတာ ဘယ်မှာများ များများစားစားရှိလို့လဲ။

ခက်ခဲကြမ်းတမ်းတဲ့ ငယ်ရွယ်စဉ်ဘဝကိုကြုံတွေ့ခဲ့ရသူ ဘုံဆွန်းဟွာဟာ ဘဝကို အရှူံးမပေးဘဲ အကောင်းမြင်စိတ်နဲ့ ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေတဲ့ အမျိုးသမီးတစ်ဦးပါ။ အချိန်အကြာကြီးလက်တွဲလာခဲ့တဲ့ချစ်သူ မွန်းဆန်းဟော့နဲ့လက်ထပ်ပြီး သူတို့နှစ်ယောက်ရဲ့ရင်သွေးလေးနဲ့အတူ အေးအေးချမ်းချမ်းနေထိုင်သွားချင်တာက သူ့ရဲ့တစ်ခုတည်းသော ဆန္ဒပေါ့။

ပိုင်ဆိုင်မှုရယ်လို့ ရေရေရာရာမရှိတဲ့ဘဝမှာ အချစ်ကို ဘဝကြီးလို့ ထင်မှတ်ထားခဲ့သူ ဘုံဆွန်းဟွာ..

တစ်နေ့မှာတော့ ချစ်လှစွာသော ချစ်သူက အခြားမိန်းကလေးတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို မျက်မြင်တွေ့လိုက်ရတဲ့အခါ…။

ရည်မှန်းချက်ကြီးမားတဲ့ ချစ်သူက ချမ်းသာကြွယ်ဝတဲ့မိသားစုက သမီးနဲ့လက်တွဲဖို့ သူနဲ့ သူ့ရင်သွေးလေးကို စွန့်လွှတ်လိုက်တယ်တဲ့။

ချစ်ရသူရဲ့ စွန့်ပစ်မှုကိုခံလိုက်ရလို့ မခံမရပ်နိုင် ကမ္ဘာပျက်နေတဲ့ ဘုံဆွန်းဟွာဟာ ထိုထက်မကဆိုးဝါးသော အဖြစ်ဆိုးများနဲ့ ကြုံကြိုက်ရပြန်ပါတယ်

သူ့ရဲ့ကလေးကို ဆုံးရှုံးလိုက်ရခြင်းပါ။

အချစ်ကိုဆုံးရှုံးခဲ့ရတဲ့ မိန်းကလေးတစ်ယောက်

ရင်သွေးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်

ဘုံဆွန်းဟွာအနေနဲ့ ထိုကဲ့သို့ အရူးမီးဝိုင်းဖြစ်နေချိန် ပြစ်မှုတရားခံလူသတ်သမားအဖြစ်ပါ စွပ်စွဲခံလိုက်ရတဲ့အခါမှာတော့….။

ခံပြင်းမှု ၊ အာဃာတ ၊ အမုန်းတရား။

လောကမှာ ကြောက်စရာအကောင်းဆုံးသူက ဘာပိုင်ဆိုင်မှုမှ မရှိတဲ့သူတဲ့။

အရာအားလုံးကို ဆုံးရှုံးလိုက်ရတဲ့ ဘုံဆွန်းဟွာကတော့ အေးစက်တဲ့ထောင်ကြမ်းပြင်မှာထိုင်နေရင်း နာကျင်စွာရေရွတ်လိုက်တယ်။

” ဒီခံပြင်းမှုအတွက် ကျိန်းသေပေါက် ပြန်ပေးဆပ်ရအောင်လုပ်မှာ “

ဘုံဆွန်းဟွာအနေနဲ့ အမှန်တရားကို ဘယ်လိုရှာဖွေမလဲ
သစ္စာဖောက်သွားတဲ့ချစ်သူကို ဘယ်လိုလက်တုံ့ပြန်မလဲ
ပျက်စီးသွားပြီဖြစ်တဲ့ သူ့ဘဝကို ဘယ်လိုပြန်တည်ဆောက်မှာလဲ
အချစ်သစ်ကိုရော ရှာဖွေနိုင်ဦးမှာလား …

Cast အနေနဲ့ကတော့

• ဘုံဆွန်းဟွာအဖြစ် Uhm Hyun Kyung

• မွန်းဆန်းဟော့အဖြစ် Han Ki Woong

• ယွန်းဂျယ်မင်းအဖြစ် Cha Seon Won

• ယွန်းဂျယ်ဂယောင်းအဖြစ် Oh Seung Ah တို့ပါဝင်ထားတဲ့ Romance, Revenge Dramaဇာတ်လမ်း ” Second Husband” ကို August လမှစတင်ကာ GCနဲ့အတူ တစ်ဝကြီးစောင့်ကြည့်အားပေးလိုက်ရအောင်လား K drama ပရိသတ်ကြီးရေ

Translated by Chu,Elsa and Anna

The Second Husband
Original title 두 번째 남편
TMDb Rating 10 1 votes
First air date Aug. 09, 2021
Last air date Aug. 13, 2021
Seasons 1
Episodes 10
Average Duration 40 minutes

Similar titles

Killing Eve
Special Ops 1.5: The Himmat Story (2021)
The Perfect Deal
Suspicious Partner
A Killer Paradox
Under the Skin
Desire Catcher
Bargain
Shantaram
Bloodhounds
Undercover
Romantic Blue (2020)