The Business of Drugs (2020)

The Business of Drugs (2020)

Jul. 14, 2020
Your rating: 0
8.6 14 votes

Seasons and episodes

1Season 1 Jul. 14, 2020

Creator

Creator

Cast

Video trailer

Synopsis

The Business of Drugs (2020)
============================

ဒီတစ်ခါတော့ ပုံမှန် Serie တွေလိုမဟုတ်ပဲ မူးယစ်ဆေးဝါးတွေထုတ်လုပ်ပုံကအစ ရောင်းဝယ်ဖောက်ကားတဲ့နေရာအထိ အသေးစိပ်တင်ပြထားတဲ့ Documentary Show လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ မူးယစ်​ဆေးဝါး​တွေအ​ကြောင်းကို မူးယစ်​ဆေးဝါး​တွေနဲ့ လက်လှမ်းမှီကြတဲ့လူ​တွေ​လောက်ပဲသိကြတာများပါတယ်။ ဘယ်သူမှလဲ ပျင်းလို့ဆိုပြီး အဲ့ဒီအ​ကြောင်း​တွေ ရှာမဖတ်ကြ​လောက်ဘူးထင်ပါတယ်။

Netflix က ထုတ်တဲ့ The Business of Drugs က​တော့ မူးယစ်​ဆေးဝါး​တွေ အ​ကြောင်းကိုပဲ ရိုက်ပြထားတဲ့ Mini-Series ​​လေးဖြစ်ပါတယ်။ အပိုင်းအ​နေနဲ့က​တော့ ၆ ပိုင်းရှိပြီး​တော့ တစ်ပိုင်းကို မူးယစ်​ဆေးဝါးတစ်ခုအ​ကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ ပုံမှန်ကြည့်​နေကျ မူးယစ်​ဆေးဝါးအတိုအစ​လေး​တွေပါတဲ့ ကားမျိုးမဟုတ်ပဲ တကယ့်​နေရာမှာ တကယ်​ရောင်းဝယ်​ဖောက်ကားတဲ့ လုပ်ငန်း​တွေထဲအထိကို ​ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။ Documentary ဖြစ်တဲ့အတွက်​ကြောင့်​တော့ ဇာတ်လမ်းမရှိပဲ​နဲ့ Host တစ်​ယောက်က အဲ့ဒီ​နေရာ​တွေကိုသွားပြီး လူ​တွေကို ​မေးမြန်း ​ဆွေး​နွေးတဲ့ ပုံစံမျိုး​လေးပါပဲ။

Host အ​နေနဲ့က​တော့ Amaryllis Fox ဖြစ်ပါတယ်။ Amaryllis ဟာဆိုရင် အ​မေရိကန် စာ​​ရေးဆရာ အစီအစဥ်တင်ဆက်သူ ဖြစ်ပါတယ်။ ​နောက်ပြီး CIA မှာလဲ တာဝန်ထမ်း​ဆောင်ဖူးသူတစ်​ယောက်ပါ။ သူမရဲ့ အမျိုးသားကလဲ အ​မေရိကန်နိုင်ငံရဲ့ ၃၅ ​ယောက်​​မြောက် သမ္မတဖြစ်တဲ့ John F. Kennedy ရဲ့ မျိုးရိုးထဲကပဲဖြစ်ပါတယ်။

တစ်ပိုင်းနဲ့တစ်ပိုင်းအ​ကြောင်းအရာမတူတဲ့အတွက် ကြိုက်တဲ့အပိုင်းက​နေစကြည့်လို့ရပါတယ်။ ​​နောက်ပြီး ဒီမူးယစ်​ဆေးဝါး​တွေရဲ့ အစပြုရာ​နေရာက​နေ လူ​ငယ်တွေလက်ထဲကို ဘယ်လို​ရောက်လာတယ် ဆိုတာရယ်။ လူငယ်​တွေလက်ထဲ​ရောက်ဖို့ကို ဘယ်လိုလူ​တွေက ဘယ်လိုအခက်အခဲ​တွေ​ကြောင့် လုပ်ကိုင်​နေရတယ်။ မူးယစ်​ဆေးဝါးကို ဘယ်လို​ရောင်းဝယ်​ဖောက်ကားတယ်ဆိုတာ​တွေကို မျက်ဝါးထင်ထင်​တွေ့မြင်ရမဲ့အပြင်။ နိုင်ငံ​တွေရဲ့ ဒီပြသနာကိုမ​ဖြေရှင်းနိုင်ပဲ တစ်နှစ်တစ်နှစ်လူ​တွေ ​သေ​ဆုံး​နေရတဲ့အ​ကြောင်း​တွေကိုပါ မီး​မောင်းထိုးပြထားပါ​သေးတယ်။

Rating အ​နေနဲ့က​တော့ IMDb မှာ ၇.၃ အထိရှိတာ​​ကြောင့် မူးယစ်​ဆေးဝါးအ​ကြောင်းကို သိချင်လို့ပဲဖြစ်ဖြစ် ​က​လေးရှိတဲ့ မိဘ​တွေဆိုရင်လဲ က​လေး​တွေကို မူးယစ်​ဆေးမ​ကောင်းဘူးဆိုတာ​တွေကို​ပြောပြချင်လို့ပဲဖြစ်ဖြစ် ကြည့်ဖို့ညွှန်း​ပေးလိုက်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ Show လေးတစ်ခုဖြစ်လို့ ဗဟုသုတ ရချင်သူတွေအနေနဲ့လည်း ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။

Translated & Review by Aung Htoo Khaing
Encoded by MgKyaw
Quality – Web-DL
Size – 800MB / 160MB
IMDB – 7.3
Genres – Documentary, Crime

GC drama Page – https://www.facebook.com/goldchannel123/
GC Movies Page – https://www.facebook.com/GC-Movies-107512007739781/
GC App Page – https://www.facebook.com/Gold-Channel-Entertainment-100228778467456 Download ရတာအဆင်မပြေလို့ Application သုံးချင်ရင် ဒီ Page messenger မှာ လာပြောပေးပါ ကျေးဇူးတင်ပါတယ်

The Business of Drugs (2020)
Original title The Business of Drugs
TMDb Rating 6.9 73 votes
First air date Jul. 14, 2020
Last air date Jul. 14, 2020
Seasons 1
Episodes 6
Average Duration 45 minutes

Similar titles

Tokyo Vice
The Serpent (2021)
Shadow Detective
The Second Husband
Somebody
The Good Detective (2020)
Evilive
Web of Make Believe: Death, Lies and the Internet
The Veil
Rugal
Undercover
Flex X Cop