Thank You, Doctor

Thank You, Doctor

Nov. 04, 2022
Your rating: 0
9 1 vote

Seasons and episodes

1Season 1 Nov. 04, 2022

Synopsis

ဒီတစ်ခေါက်မှာတော့ ဆေးပညာလောကထဲမှ အချစ်ပန်းပွင့်လေးအကြောင်းကို တင်ဆက်ပြသပေးသွားမဲ့ လှပသော နှလုံးသားပိုင်ရှင်များ (Thank you Doctor) ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်

ဒီဇာတ်လမ်းလေးကတော့ ဆေးရုံတစ်ခုရဲ့ အသက်လို့ခေါ်ဆိုနိုင်မယ့် အရေးပေါ်အထူးကြပ်မတ်ကုသမှုဌာနမှာ ဆရာဝန် သူနာပြုများနဲ့ ပညာရှင်တို့စုပေါင်းပြီး လူ့အသက်ကို တတ်နိုင်သမျှ ကယ်ဆယ်ကြရင်း လူနာရှင်မိသားစုများအပေါ်ကိုလည်း နွေးထွေးစွာ နှစ်သိမ့်အားပေးကြပုံတွေကို အားတက်ဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ ဆေးပညာအသားပေး ‌ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားလေးမှာ အားလုံးလည်းသိကြတဲ့ တရုတ်ပြည်ရဲ့နာမည်ကျော် ထိပ်တန်းမင်းသမီးဖြစ်သူ Ten Miles of Peach Blossoms, Legends of Fuyao, Novoland: Pearl Eclipse ဇာတ်ကားတို့၏ဇာတ်ဆောင်မင်းသမီး Yang Mi နှင့် Guardian, Memory Lost, The Long Night ဇာတ်ကးများ၏ ဇာတ်ဆောင်မင်းသားဖြစ်သူ Bai Yu တို့မှအဓိက သရုပ်ဆောင်များအဖြစ် ပါဝင်တင်ဆက်ထားကာ နာမည်ကျော်ဇာတ်ရံများဖြစ်သော Cristy Guo (Guo Xiaoting), Li Donghong တို့အပြင် တခြားအနုပညာရှင်ပေါင်းများစွာမှလည်း အားဖြည့်ကူညီတင်ဆက်ထားပါတယ်

ဇာတ်လမ်းအညွှန်း

နိုင်ငံခြားပြန် ဆရာဝန်မလေး ရှောင်းယန့်ဟာ  သူ့ရဲ့ ခင်ပွန်းလောင်းဖြစ်သူ ရုတ်တရက်သေဆုံးသွားမှုကြောင့် ခံစားရတဲ့ဝေဒနာတွေကို ထွေး‌ပိုက်ပြီး ထုံရှန်းဆေးရုံ အရေးပေါ်ဌာနမှာ တာဝန်ထမ်းဆောင်ရန်အတွက် ရောက်ရှိလာခဲ့ပါတယ်။ သူဟာ ဆရာဝန် ပိုင်ကျူနဲ့အတူ အသစ်ဖွဲ့စည်းထားသော အရေးပေါ် အထူးကြပ်မတ်ကုသမှုဌာနတွင် သူတို့ ကျွမ်းကျင်စွာ တတ်မြောက်ထားသော ဆေးပညာဆိုင်ရာ အရည်အချင်းများဖြင့် အရေးပေါ်ဌာနသို့ရောက်ရှိလာသော လူနာတွေကို ကယ်တင်ရန် ကြိုးစားကြပါတော့တယ်။

အပြင်ပန်းအသွင်ကတော့ ခက်ထန်မာကျောဟန်ရှိပေမယ့်လည်း ရှောင်းယန့်ဟာ ခွဲစိတ်ကုတင်ပေါ်မှာတော့ တိကျ‌သေချာ‌ပြတ်သားတဲ့ ဆရာဝန်အသွင် ပြောင်းသွားတတ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ခေါင်းမာပြီး မာနကြီးတဲ့ ဆရာဝန် ပိုင်ကျူကတော့ သေလုမျောပါးဖြစ်နေတဲ့ လူနာကို မွေးစားမိရာမှ လူတွေဟာ အခက်ခဲဆုံးအချိန်မှာတောင် မျှော်လင့်ချက် ကောက်ရိုးလေး တစ်မျှင်ကို ဖမ်းဆုပ်နိုင်ကြောင်းကို ယုံကြည်လာခဲ့ပါတယ်။

 တစ်နေ့ဓူဝ သေခြင်းနှင့် ရှင်ခြင်းကြားမှာ အလုပ်များရင်း သူတို့နှစ်ယောက်ကြားက အတ္တမာန မလိုမုန်းထားမှုတွေကို စွန့်လွှတ်ကြရင်း တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နားလည်မှုတွေ ဘယ်လို ရရှိလာကြမလဲ၊ သေခြင်းရှင်ခြင်း အဆုံးနှစ်ဖက်ကြားက ဆရာဝန်တစ်ယောက်ရဲ့ အခက်အခဲတွေက ဘာတွေဖြစ်မလဲ ၊ ဆေးဘက်ဆိုင်ရာ ပညာရှင်များစုပေါင်းပြီး လူ့အသက်ကို ဘယ်လို ကယ်တင်ကြမလဲ စတဲ့ သဘာဝကျတဲ့ ဆေးလောကဆိုင်ရာ အခက်အခဲများစွာကို ရိုက်ကူး ပုံဖော်ပေးထားသော Thank You Doctorအမည်ရတဲ့ တရုတ်ဇာတ်လမ်းတွဲလေးကို ‌‌နိုဝင်ဘာလ ၄ရက်နေ့ကနေစတင်ပြီး နေ့စဉ် Gc drama telegram channelနဲ့ websiteတို့တွင် စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါပြီ

Reviewed by April Chyu & Feyremme

Translated by GC Chinese Team 2

Encoded by WP

Thank You, Doctor
Original title 谢谢你医生
First air date Nov. 04, 2022
Seasons 1
Episodes 5
Average Duration 45 minutes

Similar titles

Happiness
Marvel’s Agents of S.H.I.E.L.D. (2013-2020)
Until We Meet Again
Unchained Love
Intern in my heart
My Forever Sunshine
True Detective
Eve
Flying Butterflies
Why R U?
Dance of the Phoenix (2020) မြန်မာစာတမ်းထိုး
Missing You