Raised by Wolves (2020-2022)

Raised by Wolves (2020-2022)

Sep. 03, 2020
Your rating: 0
9.4 18 votes

Seasons and episodes

1Season 1 Sep. 03, 2020
2Season 2 Feb. 03, 2022

Creator

Cast

Video trailer

Synopsis

aised by Wolves Season 2

Season1တစ်လျှောက် Effectsတွေမိုက်မိုက် ဇာတ်အိမ်ခိုက်ခိုက်နဲ့ ရုပ်ရှင်ပရိတ်သတ်တော်တော်များများ အကြိုက်တွေ့ခဲ့ကြတဲ့ Raised by Wolvesကိုမှတ်မိကြဦးမယ်ထင်ပါတယ်
ဟုတ်ပါတယ် HBO Maxရဲ့လက်ရာကောင်းတွေထဲကတစ်ခုဆိုလည်းမမှားတဲ့ Raised by Wolvesပါ

Season 1ကို အကျဉ်းချုပ်ပြန်ရှင်းပြရရင်‌ဖြင့် လူသားတွေနေထိုင်တဲ့ကမ္ဘာကြီးဟာ စစ်ပွဲကြောင့်ပျက်စီးသွားခဲ့ပါတယ် လူသားအများအပြားလည်း သေကြေပျက်စီးကြပြီး တစ်ချို့တစ်ဝက်သောလူတွေနဲ့ကလေးတွေသာ အသက်ရှင်ကျန်ခဲ့ပါတယ်

အဲ့အသက်ရှင်ကျန်ခဲ့တဲ့ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့အတွက် စက်ရုပ် Androidနှစ်ကောင်ဖြစ်တဲ့ Fatherနဲ့Motherကိုတာဝန်ပေးခဲ့ပါတယ် အသက်ရှင်နေထိုင်ဖို့အတွက်ကိုလည်း အသစ်စက်စက်ဂြိုလ်တစ်ခုကို လူသားတွေရှာတွေ့သွားကြပြီးတဲ့အခါမှာ လူသားတို့ထုံးစံအတိုင်း အယူအဆကွဲပြားမှုတွေ နယ်မြေကျူးကျော်မှုတွေဖြစ်လာပါတော့တယ် အဲ့လို အယူအဆကွဲပြားမှုတွေ နယ်ချဲ့မှုတွေကြားမှာ ကလေးတွေကိုစောင့်ရှောက်ရင်း Androidနှစ်ကောင်ရဲ့ အခက်အခဲတွေအမျိုးမျိုးကို Visual Effectsအလန်းစားတွေနဲ့ရိုက်ကူးပြသထားတဲ့စီးရီးကောင်းတစ်ခုပဲဖြစ်ပါတယ်

Rotten Tomatoesကလည်း 91%ထိရရှိထားပြီး IMDbမှာလည်း 7.5/10ထိရထားတာမလို့ ကောင်းမကောင်းတော့ ကြူးပြနေစရာလိုမယ်မထင်ပါဘူး

ဇာတ်ဆောင်တွေအနေနဲ့လည်း Vikingsမင်းသား Travis Fimmelက အဓိကကျတဲ့နေရာကနေပါဝင်သရုပ်ဆောင်ထားတာမို့ Actingတစ်ပေါက်ကလည်းဟာကွက်မရှိဘူးလို့ဆိုရမှာပါ

ကဲ Androidနှစ်ယောက်နဲ့ကလေးတစ်သိုက် Season 2မှာ ဘယ်လိုခရီးဆက်ကြမလဲဆိုတာကိုတော့ GC Channelလေးမှာပဲဆက်လက်စောင့်ကြည့်ပေးကြပါဦး

Episode 2ခု ကနဦးထွက်ရှိထားပြီး နောက်တစ်ပတ်ကနေစ တစ်ပတ်တစ်ပိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်

Translated by Zac, Bruce & LynnKha

Reviewedby Zac

Raised by Wolves (2020-2022)
Raised by Wolves (2020-2022)
Original title Raised by Wolves
TMDb Rating 7.2 11 votes
First air date Sep. 03, 2020
Last air date Sep. 03, 2020
Seasons 1
Episodes 4
Average Duration 60 minutes

Similar titles

Payback
Tehran (2020)
Invasion (2021)
Our Blooming Youth
Are You Human?
Revenant
The Secret House
19th Floor
Monstrous
Color Rush
HIDE
Bring It On, Ghost