Our Blues

Our Blues

Apr. 09, 2022
Your rating: 0
6.5 2 votes

Seasons and episodes

1Season 1 Apr. 09, 2022

Creator

Cast

Lee Byung-hun isLee Dong-seok
Lee Dong-seok
Shin Min-a isMin Sun-ah
Min Sun-ah
Cha Seung-won isChoi Han-soo
Choi Han-soo
Lee Jung-eun isJung Eun-hee
Jung Eun-hee
Uhm Jung-hwa isGo Mi-ran
Go Mi-ran
Kim Woo-bin isPark Jung-joon
Park Jung-joon
Han Ji-min isLee Young-ok
Lee Young-ok
Bae Hyun-sung isJung Hyun
Jung Hyun

Video trailer

Synopsis

Our Blues (우리들의 블루스)

ဂျယ်ဂျူကျွန်းပေါ်က လူတစ်စုရဲ့ သောကဗရပွေနေတဲ့ဘဝအထွေထွေကို သူတို့တွေနဲ့အတူတူ လိုက်ပါခံစားရမယ့် Healing Drama လို့ညွှန်းကြပါတဲ့ Our Blues….။ ပင်လယ်ပြင်နဲ့ ဂျယ်ဂျူအလှကိုခံစားရမယ့် ဒီကားလေးမှာပါတဲ့ ကာရိုက်တာတွေကို အက်မင်တို့နဲ့အတူတူ အနည်းအကျဥ်းလောက် ကြိုခံစားလိုက်ရအောင်။

Lee Dong-Seok (Lee Byung-Hun) ဟာ ဂျယ်ဂျူကျွန်းက ရွာသေးသေးလေးမှာ မွေးဖွားခဲ့ပြီး ကားပေါ်မှာပစ္စည်းတွေတင်ကာ ကျွန်းအနှံ့လှည့်လည်ရောင်းချသူပါ။ ခေတ်မှီမှီနေတတ်တဲ့သူမဟုတ်ဘဲ တကယ့်ကျွန်းသားကြီးဖြစ်ပြီး တစ်နေ့မှာတော့ ဂျယ်ဂျူကိုပြောင်းရွေ့လာတဲ့ Min Sun-A (Shin Min-A) နဲ့ ပတ်သက်မိပါတယ်။

Sun-A ကတော့ ဘယ်သူမှမသိတဲ့လျှို့ဝှက်ချက်တွေကို ထုပ်ပိုးပြီး ဂျယ်ဂျူကျွန်းကိုရောက်လာတဲ့ အမျိုးသမီးပေါ့။

Choi Han-Soo (Cha Seung-Won) ကတော့ ဂျယ်ဂျူသားဖြစ်ပေမဲ့ မြို့ကိုပြောင်းသွားပြီး လုံးဝကို မြို့ကြီးသားအသွင်အပြည့်နဲ့သူပါ။ ဂျယ်ဂျူကို ပြန်ပြောင်းရွေ့လာရာကနေ ကျွန်းပေါ်မှာ ငါးဆိုင်ဖွင့်ထားတဲ့ Jung Eun-Hee (Lee Jung-Eun) နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ Eun-Hee ရဲ့ သူငယ်ချင်းကတော့ မြို့ပြဘဝကိုစိတ်ကုန်လို့ဇာတိကိုပြန်လာတဲ့ Go Mi-Ran (Uhm Jung-Hwa) ဖြစ်ပါတယ်။

အမျိုးသမီးယာဥ်မောင်းတစ်ဦးဖြစ်တဲ့ Lee Young-Ok (Han Ji-Min) ကတော့ တက်ကြွတဲ့သူတစ်ဦးဖြစ်ပေမယ့် သူသွားလေရာမှာ ကောလာဟလတွေကျန်ခဲ့တဲ့သူပါ။ သူနဲ့ဆုံတွေ့လာသူကတော့ သင်္ဘောပဲ့ကိုင်ဖြစ်တဲ့ Park Jung-Joon (Kim Woo-Bin) ဖြစ်ပါတယ်။ Jung-Joon ကတော့ နွေးထွေးတဲ့လူသားလေးဖြစ်ပြီး ဂျယ်ဂျူကနေမထွက်သွားမယ့် အမျိုးသမီးကိုရှာနေတဲ့သူပါ။ Our Blues ဆိုတာ တိုက်ရိုက်ပြန်လိုက်ရင် ကျွန်ုပ်တို့ရဲ့ စိတ်မရွှင်ပျမှု၊ စိတ်ညှိုးငယ်မှုလို့ အဓိပ္ပါယ်ရတဲ့အပြင် tvN ရဲ့ပညာပြမှုတွေ​ကြောင့် တရားရနေတဲ့ FA တို့ Healing Drama ဆိုပေမယ့် ငိုဖို့လည်း ပြင်သင့်ရင် ပြင်ထားရပါမယ်နော်။ သို့သော်ငြားလည်း စာရေးဆရာမကတော့ Blue အမျိုးအစားသီချင်းလိုမျိုး လူတွေရဲ့ဘဝကိုသီချင်းတစ်ပုဒ်လို နားဆင်စေချင်တာလို့ပြောထားလို့ Slice of life ရသကိုအပြည့်အဝခံစားရမယ့်ကားကောင်းပါပဲ။ Story line ကတော့ မိမိုက်မှာအသေအချာဖြစ်တဲ့အပြင် သရုပ်ဆောင်တွေကလည်း တအားမိုက်သောမို့ GC ကနေ အကောင်းဆုံးကြိုးစားတင်ဆက်သွားမှာဖြစ်တာကြောင့် အပတ်စဥ် စနေ တနင်္ဂနွေတိုင်း စောင့်မျှော်အားပေးကြပါဦး။

Translated by Hnin Aye Nyein, Yin Cho, Faith & Athena

Our Blues
Our Blues
Original title 우리들의 블루스
First air date Apr. 09, 2022
Seasons 1
Episodes 20
Average Duration 70 minutes

Similar titles

Peaky Blinders (2013-2022)
Jupiters Legacy (2021)
Dark (2017 – 2020)
You
Lovestruck in the City
The Law Cafe
Cold Blooded Intern
Semantic Error
The Twin Flower Legend
The Furthest Distance
LTNS
Miraculous Brothers