New Life Begins

New Life Begins

Nov. 10, 2022
Your rating: 0
5 1 vote

Seasons and episodes

1Season 1 Nov. 10, 2022

Creator

Creator

Cast

Bai Jingting isYin Zheng
Yin Zheng
Liu Lingzi isYuan Ying
Yuan Ying

Synopsis

ဒီတစ်ကြိမ်မှာတော့ GC Verse တို့အတွက် ပေါ့ပေါ့ပါးပါးတော်ဝင်‌ဇာတ်ကားလေး တစ်ပုဒ်ဖြစ်တဲ့ “မေတ္တာလွှမ်းခြုံချစ်ရိပ်မြုံ” New Life Begins ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်

ဒီဇာတ်လမ်းလေးကတော့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေရှိကြတဲ့ မိသားစုကြားက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စလေးတွေကို ဟာသနှောကာ နွေးထွေးဖွယ် ရိုက်ကူးပုံဖော်ထားတဲ့ လက်မလွှတ်သင့်သော ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်

ဒီဇာတ်ကားလေးမှာ Rush to the Dead Summer, You Are My Hero, Reset ဇာတ်ကားများထဲမှ ဇာတ်ဆောင်မင်းသားချောလေး Bai Jingting နှင့် Lovely Us, My Fated Boy, Mr.Cupid in Love ဇာတ်ကားများထဲမှ ချစ်စဖွယ်မင်းသမီးလေး Tian Xiwei တို့မှ အဓိကသရုပ်ဆောင်များအဖြစ် ပါဝင်တင်ဆက်ထားသလို နာမည်ရဇာတ်ရံများမှလည်း အားဖြည့်ကူညီသရုပ်ဆောင်ထားပါတယ်

ဇာတ်လမ်းအညွှန်း

သတို့သမီးရွေးချယ်ပွဲတစ်ခုကြောင့် အနယ်နယ်အရပ်ရပ်မှ မိန်းမပျိုလေးများဟာ ရှင်းချွမ်းဒေသမှာ စုဝေးလာခဲ့ကြပါတယ် ။ ရှင်းချွမ်းဒေသရဲ့ ဆဋ္ဌမ မြို့အရှင်လေး ယင်ကျိမ်းဟာ အေးအေးဆေးဆေးနေထိုင်တတ်သူဖြစ်ပြီး လီဝေးဆိုတဲ့ မိန်းမပျိုလေးဟာလည်း သတို့သမီးရွေးချယ်ပွဲမှာ မပါဝင်ချင်ဘဲ သူ့မွေးရပ်မြေမှာပဲ အေးအေးဆေးဆေး နေထိုင်ချင်သူတစ်ယောက်ဖြစ်ပါတယ်။

ဒါပေမဲ့ ကံကြမ္မာရဲ့ ကျီစယ်မှုကြောင့် ယင်ကျိမ်းနဲ့ လီဝေးတို့ နှစ်ယောက်သား အခြေအနေအရပ်ရပ်ကြောင့် လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်။ မထင်မှတ်ဘဲ သူတို့နှစ်ယောက်ကြားမှာ တူညီတဲ့ စိတ်သဘောထားတွေ ရှိနေကြတဲ့အပြင် နှစ်သက်တဲ့ အရာတွေလည်း တူညီမှန်း တဖြည်းဖြည်း သိရှိလာခဲ့ရပါတယ်။ သူတို့နှစ်ယောက်ဟာ နေ့စဉ် အစားအတူစားကာ လေးလရာသီစက်ဝန်းလုံး နှစ်ယောက်အတူ အချိန်ကုန်ဆုံးလေ့ရှိကြပါတယ်။

မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးများနှင့် မတူညီသော ကံကြမ္မာကို ပိုင်ဆိုင်ထားကြတဲ့ ညီအစ်ကိုတွေဟာ နွေးထွေးပျူငှာတဲ့ ရှင်းချွမ်းအိမ်တော်မှာ ဘယ်လိုအရွယ်ရောက် ကြီးပြင်းလာကြမလဲ ၊ မိသားစုဝင်တွေကြားမှာ နွေးထွေးတဲ့သံယောဇဉ်နှောင်ကြိုးလေးတွေ ဘယ်လို ရစ်တွယ်နှောင်ရစ်မလဲ၊ တစ်နေ့ဓူဝ ကြုံတွေ့ရတဲ့ မိသားစုဝင်တွေကြားက ပြဿနာလေးတွေကို ဟာသနှောပြီး ရိုက်ကူးပုံဖော်ထားတဲ့ “မေတ္တာလွှမ်းခြုံချစ်ရိပ်မြုံ” New Life Begins အမည်ရတဲ့ တရုတ်ရုပ်သံဇာတ်လမ်းတွဲလေးကို နိုဝင်ဘာလ ၁၀ရက်နေ့ညမှ စတင်ပြီး GC drama telegram channelနဲ့ websiteတို့တွင် စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးလို့ ဖိတ်ခေါ်ပါရစေနော်

Reviewed by April Chyu & Feyremme

Translated by GC Chinese Team

Encoded by WP

New Life Begins
New Life Begins
Original title 卿卿日常
First air date Nov. 10, 2022
Last air date Nov. 10, 2022
Seasons 1
Episodes 40

Similar titles

The Secret Life of My Secretary
I Haven’t Done My Best Yet!
You Are Beautiful
When I Fly Towards You
My Man Is Cupid
My Boss
A Korean Odyssey
It’s Okay to Not Be Okay
Viva Femina
Duang Tah Tee Sarm (2021)
Ghost Doctor
Cutie Pie