Lighter and Princess

Lighter and Princess

Nov. 03, 2022
Your rating: 0
10 2 votes

Seasons and episodes

1Season 1 Nov. 03, 2022

Video trailer

Synopsis

Hello! Campus Love ဇာတ်လမ်းမျိုးလေးတွေ လွမ်းနေကြတဲ့ GC Verse တို့အတွက် အနွေးဓာတ်လွှမ်းတဲ့ ရပ်ဝန်းငယ် (Lighter and Princess) ဆိုတဲ့ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ

ဒီဇာတ်လမ်းလေးကတော့ ဉာဏ်ကြီးရှင် ပရိုဂရမ်တွေ ရေးဆွဲတဲ့ ကောင်လေးနဲ့ ရဲရင့်ပြီး သတ္တိရှိတဲ့ တက္ကသိုလ် ကျောင်းသူလေး တို့နှစ်ယောက်ကြားက ပွင့်ဖူးလာတဲ့ ချစ်ခြင်းပုံပြင်လေးကို လှပစွာ ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်

ဒီဇာတ်ကားလေးဟာ နာမည်တူဝတ္ထုတစ်ပုဒ်အား နာမည်ကျော်ထိုင်ဝမ်ဒါရိုက်တာတစ်ဦးဖြစ်သူ Bull Fighting, Boss & Me, My Sunshine ဇာတ်ကားတို့၏ပဲ့ကိုင်ရှင် Liu Junjie မှစီစဉ်ရိုက်ကူးထားကာ Ever Night, Legend of Awakening ဇာတ်ကားများမှ မင်းသားချောလေး Authur Chen (Chen Feiyu) နှင့် Fall in Love, Great Miss D ဇာတ်ကားများ၏ မင်းသမီးအလှလေး Zhang Jingyi တို့မှ အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်တင်ဆက်ထားပါတယ် ဒါ့အပြင်တခြားနာမည်ရှိ အနုပညာရှင်ပေါင်းများစွာမှလည်း ပါဝင်ကူညီအားဖြည့်ပေးထားပါတယ်

ဇာတ်လမ်းအညွှန်း

ကျူးယွင့်ဆိုတဲ့ မိန်းကလေးရဲ့ တက္ကသိုလ် ကျောင်းသူဘဝ အစပြုနေစဉ်မှာပဲ သူတို့အတန်းထဲကို လီရွှင်လို့ အမည်ရတဲ့ ကောင်ဆိုးလေး ရောက်လာချိန်မှာတော့ သူ့ရဲ့ တက္ကသိုလ် ကျောင်းသူဘဝလေးဟာ ကမောက်ကမမျိုးစုံ စတင်ကြုံတွေ့လာပါတော့တယ်။ လီရွှင်ဟာ ဆံပင်အဝါရောင်လေးရှိပြီး သူ့ရဲ့ နောက်ကြောင်းကို ဖုံးကွယ်ထားတဲ့ ဉာဏ်ကြီးရှင် ပရိုဂရမ်တွေ ရေးဆွဲသူ တစ်ဦးဖြစ်ပါတယ်။

တက္ကသိုလ်တက်နေစဉ် စီနီယာဖြစ်သူ ဖန်းကျစ်ကျင်းဟာ ကျူးယွင့်ကို မကြာခဏ အနိုင်ကျင့်တာကို မကြည့်ရက်တဲ့ လီရွှင်ဟာ ကျူးယွင့်ဘက်ကနေ ကာကွယ်ပေးရာမှ တဆင့် နှစ်ယောက်သား ရင်းနှီးစ ပြုလာကြပါတယ်။ တက္ကသိုလ် ကိုယ်စားပြု ပရိုဂရမ်ရေးဆွဲတဲ့ ပြိုင်ပွဲ တစ်ခုမှာ ဝင်ပြိုင်ဖို့အတွက် လီရွှင်က ကျူးယွင့်ကို သူ့အဖွဲ့ထဲသို့ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြိုင်ပွဲအတွက် ပြင်ဆင်ရင်း သူတိူ့နှစ်ဦးကြားမှာ မေတ္တာနှောင်ကြိုး ရစ်နှောင်လာခဲ့ပါတယ်။

ထိုအချိန်မှာပဲ မထင်မှတ်ထားတဲ့ မတော်တဆမှု တစ်ခုက သူတို့ နှစ်ယောက်ကြားက ဆက်ဆံရေးကို တစ်ဆစ်ချိုး ပြောင်းလဲ‌စေခဲ့ရာမှ သူတို့‌နှစ်ယောက် ဘာတွေ ဆက်ဖြစ်ကြမလဲ၊ သူတို့ရဲ့ ဆက်ဆံရေးကို ပြောင်းလဲနိုင်လောက်တဲ့ အပြောင်းအလဲကရော ဘာများဖြစ်နိုင်မလဲ  သူတို့နှစ်ဦးကရော အမြဲတမ်း ပျော်ရွှင်နိုင်ကြပါ့မလား ဆိုတာတွေကို ‌Lighter and Princess (အနွေးဓာတ်လွှမ်းတဲ့ ရပ်ဝန်းငယ်)အမည်ရတဲ့ တရုတ်ဇာတ်လမ်းတွဲလေးမှာ နိုဝင်ဘာလ 3ရက်နေ့ညကနေ စတင်ပြီး GC drama telegram channelနဲ့ websiteတို့တွင် စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ရပါတယ်

Reviewed by April Chyu & Feyremme

Translated by GC Chinese Team

Encoded by WP

Lighter and Princess
Lighter and Princess
Original title 点燃我,温暖你
First air date Nov. 03, 2022
Last air date Nov. 03, 2022
Seasons 1
Episodes 22

Similar titles

Beauty and Mr. Romantic
What Zabb Man
Top Management
Dark (2017 – 2020)
The Witcher Season 2 (2021)
Now, We Are Breaking Up
South Wind Knows
Moving
The Betrayal
Angels Fall Sometimes
The Glory
Here We Meet Again