Let Me Be Your Knight

Let Me Be Your Knight

Nov. 07, 2021
Your rating: 0
8 1 vote

Seasons and episodes

1Season 1 Nov. 07, 2021

Creator

Creator

Cast

Jung In-sun isIn Yoon-joo
In Yoon-joo
Lee Jun-young isYoon Tae-in
Yoon Tae-in
Jang Dong-ju isSeo Woo-yeon
Seo Woo-yeon
JR isLee Shin
Lee Shin
Yoon Ji-sung isKim Yoo-chan
Kim Yoo-chan

Synopsis

Let me be your Knight (너의 밤이 되어줄게)

~ဒီနေ့လည်း လွယ်လွယ်အိပ်မရတဲ့ ရှင့်ဆီသို့~

အလောင်တစ်လိုင်းတွေကြားမှာ Healing drama လေး မျှော်လင့်နေကြတဲ့ GCverse လေးတို့ရေ ~

idol အကြောင်းရိုက်ကူးထားတဲ့ Let me be your Knight ဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးပါရစေ။

ကိုယ်သဘောကျရတဲ့ idol နဲ့ တစ်အိမ်တည်းနေရဖို့ဆိုတာ fan တိုင်းရဲ့ အိပ်မက်တစ်ခုဖြစ်မှာအမှန်ပါပဲ။

ဒီဇာတ်လမ်းတွဲလေးဟာဆိုရင်တော့ မိမိအိပ်မက်ကို အကောင်အထည်ဖော်ဖို့ idol တွေရဲ့အိမ်ကို ရောက်ရှိလာတဲ့ ကောင်မလေးနဲ့ နာမည်ကျော်အိုင်ဒေါလ်ကောင်လေးတို့ကြားက အချစ်ဇာတ်လမ်းတွဲလေးပေါ့နော်။

ဒါပေမဲ့ ဒီကောင်မလေးရဲ့ အိပ်မက်ကတော့ idol နဲ့ အတူနေရဖို့မဟုတ်ဘဲ မိမိရဲ့ကိုယ်ပိုင်အိမ်ဝယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ပါတဲ့။ 👀

ဇာတ်လမ်းအညွှန်း

ယွန်းထယ်အင်ဟာ တစ်ကမ္ဘာလုံးက ချစ်ခင်အားပေးကြတဲ့ အိုင်ဒေါလ်အဖွဲ့ Luna ရဲ့ အဖွဲ့ခေါင်းဆောင်ပါ။
သူဟာ မိမိကိုယ်ကိုယ် စကြဝဠာကြီးရဲ့ဗဟိုလို့ ယုံကြည်နေသူ ဂီတဉာဏ်ကြီးရှင်တစ်ယောက်ပေါ့။

သူတို့အဖွဲ့ရဲ့မကြာသေးခင်က ထွက်ရှိထားတဲ့ album ဟာ အောင်မြင်မှုသိပ်မရခဲ့တဲ့နောက် ယွန်းထယ်အင်ဟာ somnambulism လို့ခေါ်တဲ့ အိပ်ပျော်နေတုန်းလမ်းလျှောက်တဲ့ ရောဂါလက္ခဏာတွေ စပြလာပါတော့တယ်။
စိတ်ဖိစီးမှုတို့ကလည်း ပိုပိုတိုးလာတဲ့အခါ ရောဂါဟာပိုဆိုးလာတော့တာပေါ့။
ဒါကြောင့် သူ့ရဲ့ဒီပြဿနာကို ထိန်းချုပ်ကုသဖို့လိုလာပါတော့တယ် …

တစ်ဖက်မှာတော့
အသက် ၂၉ နှစ်အရွယ် အင်ယွန်းဂျူဟာ ခရီးသွားလမ်းညွှန်အဖြစ် လုပ်ကိုင်နေသူတစ်ဦးပါ။
သူ့အိပ်မက်ကတော့ တစ်နေ့နေ့မှာ ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်နိုင်ဖို့ပေါ့။
သူ့ရဲ့လက်ရှိအလုပ်ဟာ ထိုအိပ်မက်နဲ့မနီးမစပ် ဖြစ်နေတဲ့အချိန် ကမ္ဘာကျော်နာမည်ကြီးအိုင်ဒေါလ် ယွန်းထယ်အင်နဲ့ တွေ့ဆုံပြီးနောက်မှာတော့ …
အမှတ်မထင် အိပ်မက်နဲ့နီးစပ်တဲ့အလုပ်တစ်ခု ပေါ်လာခဲ့တဲ့အခါ ~

ဒီအခွင့်အရေးကို အရယူပြီး ယွန်းဂျူဟာ Luna အဖွဲ့ရဲ့နေထိုင်ရာကို အရဝင်ဖို့ ဆရာဝန်မဟုတ်ပေမဲ့ ဟုတ်သယောင်ဟန်ဆောင်ပြီး ဆရာဝန်အတုအဖြစ် Luna အဖွဲ့ဝင်ငါးဦးနဲ့အတူ နေထိုင်ဖို့ဖြစ်လာခဲ့ပါတယ်။

သို့ပေမဲ့လည်း မိမိကိုယ်ကိုယ် စကြဝဠာကြီးရဲ့ဗဟိုလို့ သတ်မှတ်ထားသူ ယွန်းထယ်အင်အပါအဝင် ကမ္ဘာကျော်အိုင်ဒေါလ်တွေနဲ့ တစ်မိုးအောက်မှာအတူနေထိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ရပ်တော့ မဟုတ်ခဲ့ပါဘူး။

❓ယွန်းဂျူတစ်ယောက် ကမ္ဘာကျော်အိုင်ဒေါလ်တွေနဲ့ ဘယ်လိုမျိုးဆက်ပြီးနှစ်ပါးသွားမလဲ။
❓ယွန်းဂျူဟာ နောက်ဆုံးမှာ မိမိကိုယ်ကိုယ်ဗဟိုပြုနေတဲ့ အိုင်ဒေါလ်ယွန်းထယ်အင်ရဲ့ အတားအဆီးကို တကယ်ပဲဖယ်ရှားပေးနိုင်မှာလား။
❓မဟုတ်ရင် ယွန်းဂျူကိုယ်တိုင်ကပဲ ထယ်အင်အတွက် အကြီးမားဆုံး အတားအဆီးဖြစ်လာမှာလား။

ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်ဖွယ် romance comedy ဇာတ်လမ်းတွဲလေး Let me be your Knight ကိုတော့ ဒါရိုက်တာ Ahn Ji Sook မှ ရိုက်ကူးပြီး နိုဝင်ဘာ ၇ ရက်မှစတင်၍ အပတ်စဥ် တနင်္ဂနွေနေ့တိုင်း SBS TV မှာ ထုတ်လွှင့်ပြသမှာဖြစ်ကာ GC မှ အကောင်းဆုံးဘာသာပြန်တင်ဆက်ပေးမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး ပရိသတ်ကြီးရေ။

Casting အနေနဲ့ကတော့

★ဂီတဆိုတာ ဘာမှန်းသေချာမသိဘူးဆိုသူ၊ ယွန်းထယ်အင်ရဲ့ အနီးကပ်ဆရာဝန်မလေးအဖြစ် Waikiki မင်းသမီးလေး ➡️Jung In Sun⬅️

Luna အဖွဲ့ဝင်တွေအဖြစ်
★ဂီတဆိုတာ အသက်ရှူသလို သဘာဝဆန်လွန်းတဲ့အရာလို့ဆိုသူ၊ ဂီတဉာဏ်ကြီးရှင် Luna အဖွဲ့ခေါင်းဆောင် အဓိကအဆိုရှင် ယွန်းထယ်အင်အဖြစ် U-KISS အဖွဲ့ဝင် ➡️Jun (Lee Jun Young)⬅️
★ဂီတဆိုတာ လွတ်လပ်စွာပြုလုပ်ဖန်တီးနိုင်တဲ့အရာလို့ ခံယူထားသူ၊ ဘေ့စ်ဂီတာသမား sub vocalist အီရှင်းအဖြစ် NU’EST အဖွဲ့ဝင် ➡️JR (Kim Jong Hyun)⬅️
★ဂီတဆိုတာ အချစ်ဦးလိုပဲဖြူစင်လွန်းတဲ့အရာဟုဆိုသူ၊ Luna ရဲ့ ဂီတာသမား sub vocalist ဆောအူယွန်းအဖြစ် မင်းသား ➡Jang Dong Joo⬅️
★ဂီတဆိုတာကို နာမည်ကြီးကျော်ကြားဖို့ ဖန်တီးပါတယ်ဟုဆိုသူ၊ Luna ရဲ့ ဒရမ်သမား sub vocalist ဂင်ယူချန်းအဖြစ် ယခင် Wanna One အဖွဲ့ရဲ့ခေါင်းဆောင်၊ ယခု Soloist ➡️Yoon Ji Sung⬅️
★ဂီတကို မေ့ပျောက်နိုင်ဖို့ပြုလုပ်တယ်ဟုဆိုသူ၊ Luna ရဲ့ အငယ်ဆုံးလေး စန္ဒရားပညာရှင် sub vocalist အူဂါအွန်းအဖြစ် AB6IX အဖွဲ့ဝင် ➡️Kim Dong Hyun⬅️
တို့ပါဝင်မှာဖြစ်ပါတယ်

မင်းသား မင်းသမီးအချောလေးတွေနဲ့ healing ဖြစ်မယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်မို့ “Let me be your Knight” drama လေးဟာဆိုရင်လည်း ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲလေးတစ်ပုဒ်ဖြစ်ပါတယ်နော်။

Translated by Elsa,Anna,Dara and Chu Chu

Let Me Be Your Knight
Let Me Be Your Knight
Let Me Be Your Knight
Original title 너의 밤이 되어줄게
First air date Nov. 07, 2021
Seasons 1
Episodes 12
Average Duration 70 minutes

Similar titles

Apple of My Eye / 금이야, 옥이야 💗🍏 (2023)
Now, We Are Breaking Up
Do Do Sol Sol La La Sol
Good Job
Only for Love
All the Liquors
Inspector Koo
Yumi’s Cells
Uncle Samsik
Star In My Mind
Love To Hate You
Cheer Up