Bulgasal: Immortal Souls

Bulgasal: Immortal Souls

Dec. 18, 2021
Your rating: 0
9.3 4 votes

Seasons and episodes

1Season 1 Dec. 18, 2021

Creator

Cast

Video trailer

Synopsis

BULGASAL: IMMORTAL SOULS( 불가살)

အခုတစ်ခါမှာတော့ စိတ်ကူးယဉ်ဆန်ဆန်သဘာဝလွန် ဖြစ်ရပ်ဆန်းကားကောင်းလေးတစ်ခုကို GCverseယောရောဘွန်းတိုအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်!

“ငါမင်းကို အရင်ဆုံးတွေ့အောင် လိုက်ရှာမှာ!
နှစ်ပေါင်းဘယ်လောက်ပဲ ကြာသွားပါစေ!
ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် မင်း..လူပြန်ဝင်စားပါစေ!”

ဇာတ်လမ်းအညွှန်း

နှစ်ပေါင်း၆၀၀လုံး တစ်ဘဝပြီးတစ်ဘဝလူပြန်ဝင်စားခဲ့ပြီး သူမရဲ့အတိတ်ဘဝကအရာအားလုံးကို မှတ်မိနေတဲ့ Min Sang Unအဖြစ် မင်းသမီး Kwon Na Ra !

Min Sang Unဟာ ဆိုရင် တစ်ချိန်တုန်းက ဘူဂါဆာလ်ဖြစ်ခဲ့ပေမယ့် လူသားအဖြစ် ပြန်လည်ဝင်စားခဲ့ပါတယ်။ အမည်မသိ လူသတ်သမား၏ လက်ချက်ဖြင့် မိခင်နှင့်အမွှာညီအစ်မတို ဆုံးရှုးခဲ့ရပြီးတဲ့နောက်မှာတော့ Min Sang Unဟာ ညီမဖြစ်သူMin Sa Ho နှင့်အတူ ထွက်ပြေးကာ ပုန်းကွယ်နေထိုင်ခဲ့ပါတယ်။ သူမ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ဖိုအတွက် တော်တော်ကြိုးစားခဲ့ပေမယ့် သူမရဲ့ဘူလ်ဂါဆာလ်ပုံစံကြောင့် သူမဘဝရဲ့လျှိဝှက်ချက်ကို ပြောင်းလဲစေခဲ့ပါတော့တယ်!

နှစ်ပေါင်း ၆၀၀လုံး လူ့သွေးသောက်သည့် ဘူဂါဆာလ်(ဒဏ္ဍာရီလာ သတ္တဝါ)အဖြစ် မသေနိုင်တဲ့ကျိန်စာသင့်ပြီး နေလာခဲ့ရတဲ့ Dan Hwalအဖြစ် မင်းသား Lee Jin Wook !

Dan Hwalဟာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း 600 က လူသားဖြစ်ခဲ့ဖူးပါတယ်။ ရှေးယခင်မင်းဆက်ရဲ့ အကြွင်းအကျန်များကို ဖျောက်ဖျက်ဖို တာဝန်ထမ်းဆောင်ရင်းနဲ့ ဂျိဆွန်မင်းဆက်အတွင်း
ဘူလ်ဂါဆာလ် ဖြစ်လာခဲ့ပါတော့တယ်!

လျှိဝှက်စွာနေထိုင်တဲ့ နောက်ထပ်ဘူဂါဆာလ် Ok Eul Taeအဖြစ် မင်းသား Lee Jon!
သူဟာဆိုရင် လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက ဒုစရိုက်မှုတွေလုပ်ခဲ့တဲ့သူဖြစ်ပြီ နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများနှင့် မီဒီယာကို ငွေနဲ့ထိန်းချုပ်ဖိုရာ စည်းစိမ်ဥစ္စာများကို စုဆောင်းထားခဲ့တဲ့သူဖြစ်ပါတယ်။အကျင့်စာရိတ္တပျက်ပြားမှုကို အင်းအာကြီးတဲ့ သြဇာရှိမှုနဲ့ ဖုံးထားတဲ့သူပေါ့၊ ကိုရီးယားမှာ သြဇာအရှိဆုံးပုဂ္ဂိုလ်ဖြစ်လာဖို သူကအရာအားလုံးလိုလို ပိုင်ဆိုင်ထားပါတယ်တဲ့!

Dan Sol (Gong Seung Yoon)ဆိုရင် အတိတ်ဘဝတုန်းက အဖေကြောင့် Dan Hwal နှင့် လက်ထပ်ဖူးခဲ့တဲ့ အင်အားကြီးမိသားစုရဲ့ သမီးဖြစ်သူပါ သူမမှာ သူများတွေ နားမလည်နိုင်တဲ့ ထူးထူးခြားခြား တစ်ခုခု ရှိနေပါတယ်တဲ့!

ဒီ Fantasy Dramaလေးဟာ အပိုင်း၁၆ပိုင်းပါဝင်မှာဖြစ်ပါတယ် အပတ်စဉ် စနေနင့်တနင်္ဂနွေတိုင်း
GCနှင့်အတူ လိုက်ပါကြည့်ရှူပေးဖို ဖိတ်ခေါ်လိုက်ပါတယ် GCverseတိုရေ!!

Translated by Chu Chu,Hnin Aye Nyein,Snowflake & Yin Cho

Bulgasal: Immortal Souls
Original title 불가살
First air date Dec. 18, 2021
Seasons 1
Episodes 16
Average Duration 60 minutes

Similar titles

Big Dragon
Doctor Lawyer
Sex Education
The Root
You Are Beautiful
Tracer
The Devil Judge
The Tuxedo
The English
Ragnarok (2020)
Love You Seven Times
That’s My Candy