Almost Lover

Almost Lover

Oct. 26, 2022
Your rating: 0
10 1 vote

Seasons and episodes

1Season 1 Oct. 26, 2022

Synopsis

လရောင်ဖြာတဲ့ ချစ်ဦးပုံပြင် (Almost Lover 2022)

ကျောင်းတုန်းက crush ကိုအခုထိ သတိရနေတုန်းလား လွမ်းဆွတ်အောက်မေ့ဖွယ် အတိတ်နေ့ရက်လေးတွေကို အမှတ်ရနေဆဲလား ဒါဆိုရင်တော့ GC verse တို့ Almost Lover ဆိုတဲ့ဒီဇာတ်ကားလေးကို ကြည့်ဖြစ်အောင်ကြည့်ကြတော့နော်

ဒီဇာတ်လမ်းလေးကတော့ သစ်ရွက်လှုပ်တိုင်း ရင်ခုန်တတ်တဲ့ဆယ်ကျော်သက်အရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်ချစ်ခြင်းနှင့် ဆယ်ကျော်သက်အရွယ်ကိုကျော်လွန်ပြီး လက်တွေ့ကျကျ ဘဝကိုရင်ဆိုင်ရတဲ့အချိန်မှာ နားလည်သဘောပေါက်ခဲ့ရတဲ့ ချစ်ခြင်းကို ကြည်နူးလွမ်းဆွတ်ဖွယ် ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားလေးကို Ice Fantasy, Love Yourself, Find Yourself ဇာတ်ကားတို့မှ မင်းသမီးချောလေး F(x) အဖွဲ့ဝင်ဟောင်းဖြစ်သူ Victoria Song (Song Qian) နှင့် Addicted Heroin, Midsummer is Full of Love, City of Streamer ဇာတ်ကားများထဲမှ မင်းသားချော Timmy Xu (Xu Weizhou) တို့အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ တခြားနာမည်ရအနုပညာရှင်များမှလည်း ပါဝင်ကူညီအားဖြည့်ပေးထားပါတယ်

ဇာတ်လမ်းအကျဉ်း

ဟယ်ရှောက်ရန်(Song Qian), ရှောင်းရှန့်ချီ(Xu WeiZhou)နဲ့ ချန်ဖေးအာတို့ သုံးယောက်က အမြဲတမ်းအတူတူ ရှိနေတတ်ကြပြီး ခွဲမရတဲ့ အကောင်းဆုံး သူငယ်ချင်းတွေဖြစ်ကြပါတယ်။ သို့ပေမယ့်လည်း ဟယ်ရှောက်ရန်ဟာ သူငယ်ချင်းဖြစ်သူ ရှောင်းရှန့်ချီကို ရှစ်နှစ်ကြာ‌ တိတ်တခိုး သဘောကျလာခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ သူငယ်ချင်း ရှောင်းရှန့်ချီရဲ့ ချန်ဖေးအာအပေါ်ထားတဲ့ ချစ်ခြင်းတွေကို မြင်တွေ့ပြီးတဲ့ အချိန်မှာတော့ သူငယ်ချင်း သံယောဇဉ်နှောင်ကြိုးငယ်လေး မပြတ်တောက်ရေးအတွက် သူ့ရဲ့အချစ်တွေကို တစ်ဖက်သတ်ချစ်ခြင်းအနေနဲ့ သိုဝှက်ခဲ့ရပြီး သူငယ်ချင်းအနေနဲ့ပဲ အေးမြတဲ့လရောင်ဖြာကျခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူဟာ ချန်ဖေးအာရဲ့ ရှောင်းရှန့်ချီအပေါ် ထပ်ခါတလဲလဲ လျစ်လျူရှုမှုတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ကျောင်းပြီးခါနီးမှာ ကြုံတွေ့ခဲ့ရတဲ့ မတော်တဆမှုတစ်ခုက သူတို့သုံးယောက်ရဲ့ သူငယ်ချင်းဆက်ဆံရေးကို ပြိုကွဲစေခဲ့ပါတယ်။ ဟယ်ရှောက်ရန်နဲ့ ရှောင်းရှန့်ချီတို့ဟာလည်း အဆက်အသွယ်ပြတ်တောက်သွားကာ သူတို့တွေရဲ့ ဘဝတွေဟာလည်း များစွာသော ပြောင်းလဲခြင်းတွေနဲ့ တွေ့ကြုံရပါတော့တယ်။ ချစ်ခြင်းတရားနဲ့ သူငယ်ချင်းသံယောဇဉ် နှစ်ခုရဲ့ သစ္စာဖောက်မှုကို ယှဉ်တွဲခံစားလိုက်ရတဲ့”နေရောင်ခြည်လေး” ဟယ်ရှောက်ရန်တစ်ယောက် ရှန့်ဟိုင်မြို့ကနေ ထွက်ခွာလာပြီး မြို့ငယ်လေးတစ်ခုမှာ ညပိုင်း ရေဒီယိုအစီအစဉ် အသံလွှင့် တင်ဆက်သူအနေနဲ့ လုပ်ကိုင်နေပါတယ်။

 သုံးနှစ်ကျော်ကြာတဲ့အချိန်မှာ ဟယ်ရှောက်ရန်နေထိုင်ရာ မြို့လေးဆီကို ဟိုတယ်တစ်ခုကို ဦးစီးရန်အတွက် ရှောင်းရှန့်ချီတစ်ယောက် ရောက်ရှိလာပါတယ် ဆယ်ကျော်သက်အရွယ်က ကွဲကွာခဲ့တဲ့ သူတို့နှစ်ယောက်ဟာ မြို့လေးမှာ အမှတ်မထင် ပြန်လည် ဆုံတွေ့ရာမှ အဟောင်းတွေက အသစ်ဖြစ်ကာ မဖြေရှင်းခဲ့ရတဲ့ နားလည်မှုအလွဲများစွာအပြင် မရေမရာသော စိတ်ခံစားချက်ကိုယ်စီနဲ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်အပေါ်အပေါ် နာကျင်ခံစားစေမိရင်း တပြိုင်နက်တည်းမှာလည်း မသိစိတ်က ဂရုစိုက်နေမိခဲ့ကြပါတယ်

ဒီလိုနဲ့ပဲ သူတို့နှစ်ယောက် ဘယ်လိုမျိုး တစ်ယောက်နဲ့ တစ်ယောက် ချစ်မိသွားကြမလဲ၊ တစ်ဖတ်သတ်ချစ်ခြင်းတွေကို ရင်မှာသိုဝှက်ထားရတဲ့ ဟယ်ရှောက်ရန်တစ်ယောက် သူ့ရဲ့အချစ်ဦးနဲ့ ပြန်လည်ဆုံတွေ့ပြီးတော့ သူတို့ကြားက အထင်လွဲမှုတွေကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာအပြင် ငယ်သူငယ်ချင်း သံယောဇဉ်‌သီကြိုးမှ ရစ်တွယ်နှောင်ရစ်လာခဲ့တဲ့ ချစ်ခြင်းပုံပြင်လေးတစ်ပုဒ်ကို ကြည့်ရှုခံစားချင်တယ်ဆိုရင်ဖြင့် “လရောင်ဖြာတဲ့ ချစ်ဦးပုံပြင်” (Almost Lover) လို့အမည်ရတဲ့ ဇာတ်လမ်းလေးကို အောက်တိုဘာလ 26ရက်နေ့ညက စတင်ပြီး အပတ်စဉ် ဗုဒ္ဓဟူး ကြာသပတေးနဲ့ သောကြာနေ့ ညတိုင်း GC drama telegram channelနဲ့ websiteတို့တွင် စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါပြီရှင်

Reviewed by April Chyu & Freyemme

Translated by GC Chinese Team

Encoded by WP

Almost Lover
Original title 谁都知道我爱你
First air date Oct. 26, 2022
Seasons 1
Episodes 36
Average Duration 45 minutes

Similar titles

Foundation (2021)
The Outsider (2020)
Bossam: Steal the Fate
Reborn Rich
Lighter and Princess
I Haven’t Done My Best Yet!
Take Us Home
The Smile Has Left Your Eyes
Between Him and Her
Law School
Eve
Lesson in Love