We Were Soldiers (2002)
============================
စစ်သားတစ်ယောက်ရဲ့ဘဝဟာဘယ်လိုမျိုးလဲ၊ စစ်သားတွေကိုဦးဆောင်ရတဲ့ တာဝန်ဟာဘယ်လိုမျိုးလဲ၊ စစ်သားတစ်ယောက်တိုက်ပွဲဝင်နေတုန်း ကျန်ရစ်သူမိသားစုရဲ့ခံစားချက်ကကောဘယ်လိုမျိုးလဲ ၊ စစ်ပွဲအပြီး ကိုယ့်ရဲဘော်တွေကိုယ့်ဘေးနားမှာ ကျဆုံးခဲ့ရတာကိုမြင်ယောင်နေရမယ့် အိမ်အပြန်လမ်းကကော ဝမ်းသားစရာလား ရင်ဆို့စရာလား…..
ဒီကားက စစ်ကားဖြစ်ပေမဲ့အနိဠာရုံဘက်ကို ဦးစားမပေးဘဲ ကြည့်ရှုသူတွေရဲ့ ရင်တွင်းခံစားချက်တွေကို ရသမျိုးစုံနဲ့ ဖွင့်ထုတ်ပေးမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့….
1954 ခုနစ် ပြင်သစ်စစ်သားတွေ ဗီယက်နမ်နိုင်ငံမှာ ကင်းလှည့်နေတုန်း ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရပါတယ် ဗီယက်နမ်ခေါင်းဆောင်ဟာ ဖမ်းဆီးရသမျှစစ်သားတွေကို အကုန်သတ်ဖြတ်ခဲ့ပါတယ်၊ ဒါမှနောက်တစ်ခါ ထပ်မလာနိုင်မှာတဲ့လေ……
နောက် ၁၁နှစ်အကြာမှာတော့ အမေရိကန်-ဗီယက်နမ် စစ်ပွဲဖြစ်တော့ ဗီယက်နမ်ကို သွားတိုက်ဖို့ ဦးဆောင်ရသူက လက်အောက်ငယ်သားတွေကိုအမြဲကြည့်ရှုတတ်တဲ့ ကာနယ်ဟယ်လ်မိုးပေါ့၊ ကာနယ်ဟယ်လ်မိုးတစ်ယောက် ပြင်သစ်တွေတုန်းကလို အဖြစ်မခံရအောင် သေချာလေ့လာသင်ခန်းစာယူပြီး ဗီယက်နမ်သွားမဲ့လေတပ်ကို ဦးဆောင်ခဲ့တယ်။
ဗီယက်နမ်အရောက်နယ်မြေတစ်ခုမှာ ကင်းလှည့်နေတုန်း သူတို့ဆီကသတင်းလာယူတဲ့ ဗီယက်နမ်သူလျှိုတစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး သူတို့ရောက်နေတဲ့နယ်မြေက ဗီယက်နမ်နိုင်ငံစစ်တပ်ကြီးတစ်ခုလုံးရဲ့စစ်အခြေစိုက်စခန်းဖြစ်နေမှန်း သိလိုက်ရတဲ့အခါမှာတော့ … အမေရိကန်တွေကောပြင်သစ်တွေလိုပဲ အသတ်ခံရမှာလား ဟယ်လ်မိုးတစ်ယောက် ဘယ်လိုတွေလုပ်မလဲဆိုတာကတော့_______ ဇာတ်ကားထဲမှာပဲ ခံစားမှုအပြည့်နဲ့ ရှုစားလိုက်ပါဦး………
Translated & Review by Thu Nay Nay
Encoded by MgKyaw
Quality – Bluray
Size – 1.2GB / 500MB
IMDB – 7.2
Genres – Action, Drama, History
Run Time – 2 Hr 18 mins
Download လုပ်ရတာအဆင်မပြေတဲ့လူတွေ အနေနဲ့ ကျွန်တော်တို့ Application လေးကို Gold Channel Drama Page ရဲ့ Messenger မှာ Application Download Link , Username နဲ့ Password တို့ကို လာတောင်းလို့ရပါတယ်နော်