What's happening?

Under Your Bed

Under Your Bed

Hard-boiled bad romanceDec. 13, 2023South Korea99 Min.Not Rated
Your rating: 0
5 1 vote

Synopsis

Your Bed ကိုပဲ ကိုရီးယားဗားရှင်းနဲ့ ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။ လင်ခန်းမယားခန်းပါတာမလို ၁၈ နှစ်အောက် အရွယ်တွေ မကြည့်သင့်တဲ့ ကားဖြစ်ပါတယ်။

ဂျပန်ဒါရိုက်တာ Sabu ရဲ့ လက်ရာတစ်ခုဖြစ်ပြီး မူရင်း ဂျပန်ကားအတိုင်း ဇာတ်‌ညွှန်း‌ေကာ ဇာတ်ကားနာမည်ပါ မကွာခြားပဲ ကိုရီးယားဗားရှင်းအဖြစ် ကြည့်ရမှာပါ။

ဇာတ်လမ်းကတော့ ဂျပန်ကားထုံးစံအတိုင်း အေးအေးလေးနဲ့ အပိုမရှိ ဒရာမာမရှိပဲ ဆွဲခေါ်သွားမှာပါ။ ဇာတ်လမ်းအကျဉ်းပြောပြရရင် လောကကြီးမှာ ကိုယ့်ရဲ့ဖြစ်တည်မှုကို လူတွေက မသိကြပဲ တစ်ယောက်တည်း အထီးကျန်နေတဲ့ ကောင်လေး တစ်ယောက်က သူ့နာမည်ကို ရင်းရင်းနှီးနှီးနဲ့ ခေါ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်အပေါ် အစွဲလန်းကြီးမှုကို ရိုက်ပြထားတာ ဖြစ်ပါတယ်။

သူတိုနှစ်ယောက် ပထမဆုံးတွေ့ဆုံခဲ့တဲ့ အချိန်က တက္ကသိုလ်မှာပါ။ တွေ့ဆုံချိန်က ခဏဖြစ်ပေမယ့် တက္ကသိုလ်ကျောင်းသားအရွယ်ဆိုတော့ ပျိုရွယ်လတ်ဆတ်ပြီး အညွန့်တလူလူတက်မယ့် အရွယ်‌ေတွပေါ့။ ဒီလိုနဲ့ သူတိုနှစ်ယောက် မဆုံဖြစ်ကြတော့ဘူး။

ကောင်လေးကတော့ ထိုမိန်းကလေးကို စွဲလန်းနေခဲ့ပြီ။ ၉-၁၀ နှစ်အကြာ သူမ ရနံ့ကို တစ်နေရာက ရရင်းမှ ပြန်တွေ့တော့ သူ သဘောကျစွဲလန်းခဲ့တဲ့ မိန်းကလေးက တစ်ခြားလူတစ်ယောက်လို ဖြစ်နေခဲ့ပြီ။ အရင်လို လန်းဆန်းတက်ကြွခြင်းမရှိ ငိုင်တွေနေတဲ့ အိမ်‌ထောင်သည် မိန်းကလေးဖြစ်နေခဲ့ပြီ။

သူဟာ ကောင်မလေးအကြောင်းစုံစမ်းရင်း ကောင်မလေး နေတဲ့ အိမ်ကို သိသွားတဲ့အခါ အမြဲတစေ စောင့်ကြည့်နေခဲ့တာပါ။ ကောင်မလေး အငွေ့အသက်အရှိဆုံး‌ဖြစ်တဲ့ အိပ်ရာအောက်မှာ ဝင်နေရင်းနဲ့ ‌စိတ်ကူးနဲ့ကို စွဲလန်းလွန်းနေပါတယ်။ ကောင်မလေးကတော့ သူရှိမှန်း မသိနေခဲ့ဘူး။

နောက်ဆုံး ကောင်မလေးသိသွားမှာလား။ စွဲလန်းခြင်းက ဘာတွေဖြစ်စေမလဲဆိုတာကို Gold Channel မှာ ဆက်လက်အားပေး ကြည့်ရှုနိုင်ပါပြီရှင်။

Review by Claudia
Translated by Sharon and Claudia
Encoded by Cham

Under Your Bed
Under Your Bed
Original title 언더 유어 베드
TMDb Rating 5 1 votes

Director

SABU
Director

Cast

Similar titles

Woman at War (2018)
Kane (2023)
Jane’s Summer
Last Man Standing
Captain Phillips
In the Line of Fire
Along with the Gods: The Last 49 Days
Fargo (1996)
My Name Is Vendetta
Survive the Game (2021)
Rustom
Side Effects (2013)