What's happening?

Video Sources 8982 Views Report Error

  • Watch traileryoutube.com
The Superdeep (2021)

The Superdeep (2021)

No light. No salvation.Nov. 04, 2020Russia113 Min.Not Rated
Your rating: 0
10 1 vote

Synopsis

Superdeep (2020)
===========================

Horror ဇာတ်လမ်းမျိုးတွေကိုမှကြိုက်တတ်သူတွေအတွက် ခပ်ဆန်းဆန်း Horror ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၄ ခုနှစ်က ရုရှားနိုင်ငံက လျှို့ဝှက်မြေအောက်သုတေသနစခန်းတစ်ခုမှာ ဆန်းပြားတဲ့ကူးစက်ရောဂါတစ်ခုဖြစ်ပွားမှုကို စုံစမ်းကြတဲ့ သုတေသနပညာရှင်တွေနဲ့ စစ်သားအဖွဲ့အကြောင်းကို အခြေတည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ရုရှားကူးစက်ရောဂါဗေဒပညာရှင် ဒေါက်တာအန်နာဟာ အရင်ကအလုပ်တွဲလုပ်ခဲ့ဖူးတဲ့ ဗိုလ်မှူးကြီး Morozov ရဲ့ ဖုန်းဆက်ခေါ်ယူမှုကြောင့် လျှို့ဝှက်မြေအောက်သုတေသနစခန်းတစ်ခုကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီစခန်းမှာ ဆန်းပြားတဲ့ကူးစက်ရောဂါတစ်ခု ပျံ့နှံ့ဖြစ်ပွားပြီး လူ ၂၀ လောက်ပျောက်ဆုံးနေတာကြောင့် စခန်းကို ပိတ်သိမ်းပစ်တော့မှာပါ။ ဒါပေမဲ့ စခန်းမပိတ်ခင် ကူးစက်ရောဂါဖြစ်ပွားနေသူတွေဆီကနေ ရောဂါနမူနာရယူပြီး သုတေသနပြုဖို့ဖြစ်ပါတယ်။ အန်နာရဲ့တာ၀န်က မြေအောက်စခန်းထဲအထိ ရောဂါနမူနာသွားယူရုံပါပဲ။

အန်နာနဲ့ ဗိုလ်မှူးကြီး Morozov တို့အဖွဲ့ မြေအောက်သု‌တေသနစခန်းဆီ ခက်ခက်ခဲခဲရောက်ရှိသွားကြပေမဲ့ မမျှော်လင့်တဲ့အတားအဆီးတွေကြောင့် မြေအောက်စခန်းထဲကနေ ပြန်ထွက်မရဘဲ ပိတ်မိနေကြပါတယ်။ အဲဒီမှာ ရောဂါအကြောင်းစုံစမ်းရင်း သာမန်‌
ကြောက်စရာကူးစက်ရောဂါတစ်ခုဆိုတာထက် ပိုတယ်ဆိုတာထက်ပိုပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ကမ္ဘာကြီးကိုလွှမ်းမိုးဖျက်ဆီးနိုင်တဲ့အထိ စွမ်းအားကြီးမားတာကို သိလိုက်ရပါတယ်။

မြေအောက်မှာပိတ်မိတဲ့ အန်နာတို့အဖွဲ့၀င်တွေဟာ ဘယ်လိုကြောက်စရာအခက်အခဲတွေနဲ့ ရင်ဆိုင်ကြရမလဲ၊ ဘယ်သူတွေစတေးခံကြရမလဲ၊ မကောင်းဆိုးဝါးရောဂါဆိုးကြီးရန်ကနေ လွတ်မြောက်နိုင်ပါ့မလား..။ ကြောက်ရွံတုန်လှုပ်စရာ၊ စိတ်၀င်စားစရာဇာတ်လမ်းဇာတ်ကွက်တွေတင်မက တကယ်တမ်းအသက်ဘေးကြုံလာတဲ့အခါ လူတချို့ရဲ့အတ္တ၊ လောဘနဲ့ လူတချို့ရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ သတ္တိကောင်းမှု၊ အဖွဲ့အစည်းစိတ်ဓာတ်တို့ကိုလည်း တွေ့မြင်ကြရမှာပါ။ အန်နာတို့အဖွဲ့ မြေပြင်ပေါ်ပြန်ရောက်နိုင်မလား၊ ဘယ်သူတွေအသက်ရှင်ကျန်ရစ်မလဲဆိုတာကိုတော့ ကိုယ်တိုင် အသည်းတအေးအေးနဲ့ ကြည့်ရှူခံစားကြည့်လိုက်ပါနော်။

Translated and Review by Cherry Mon

* Application မှာလည်း ကြည့်လို့ရပါပြီ *
Google Play Store Link – https://play.google.com/store/apps/details?id=com.yeyint.goldchannelrework

Apk Pure Link – https://apkpure.com/gold-channel/com.gc.movies11

=======================

The Superdeep (2021)
The Superdeep (2021)
The Superdeep (2021)
The Superdeep (2021)
The Superdeep (2021)
Original title Кольская сверхглубокая
TMDb Rating 7.1 65 votes

Similar titles

Drushyam 2(2021)
Crawl
The Sniper
Look Away
Philophobia: or the Fear of Falling in Love (2019)
Chameleon (2019)
Nowhere
Bound
Rise of the Planet of the Apes (2011)
Morbius
Ready or Not (2019) မြန်မာစာတန်းထိုး
Bheemla Nayak