Zawgyi
Unicode
ဒီတစ်ခေါက်တော့ ပရိသတ်ကြီးကို စုတ်တသပ်သပ်နဲ့ရင်မောအောင်လုပ်မယ့် ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဝေဖန်ရေးဆရာတစ်ယောက်ကတော့
“အကယ်လို့ မင်းက အရမ်းခံစားလွယ်ရင်တော့ ဒီကားက မင်းအတွက်မဟုတ်ပါဘူး” တဲ့။ Rating တွေလည်း ကောင်းကောင်းရထားတဲ့ကားလေးပါ။
အတိတ်ကအဖြစ်အပျက်တွေကို မေ့နိုင်ကြပါသလား။ အမြဲတမ်းဦးနှောက်ထဲမှာရှိနေတဲ့အဖြစ်အပျက်တစ်ခုက David ဆိုတဲ့ အသက် ၅၀ အရွယ်
လူကြီးတစ်ယောက်ကို စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ ဇာတ်လမ်းလေးကတော့ သူကလေးအရွယ်လောက်ကစတာပေါ့။
Meg ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့တွေ့ရချိန်မှာ အပြစ်ဆိုတာဘာလဲ နာကျင်မှုကဘာလည်းဆိုတာ သူနားလည်သွားခဲ့ပါတယ်။ အဲ့ကောင်မလေးက
မိန်းမတွေရဲ့ဖြစ်တည်မှုကို စိတ်နာနေတဲ့ အဒေါ်တစ်ယောက်နဲ့အတူတူနေရပြီး သတင်းတွေလည်းမကောင်းပါဘူး။ မိန်းမဖြစ်ရတာမကောင်းဘူးလို့
ထင်နေတဲ့ မိန်းမတစ်ယောက်ရဲ့ အိမ်မှာ ကလေးတွေကတပြုံကြီးပေါ့။ ဆိုက်ကိုဆန်ဆန် မိန်းကလေးတွေကိုမှ အနိုင်ကျင့်တတ်တဲ့ မိန်းမကြီးပေါ့။
သူ့အိမ်က သားယောက်ျားလေးတွေနဲ့ Meg တို့တွေ့ကြတဲ့အခါ အဲ့မိန်းမကြီးက ဘယ်လိုနှိပ်စက်ခဲ့လဲ David ကရောဘာကြောင့်အပြစ်လို့ခံစားရတာလဲ
ပရိသတ်ကြီး ခံစားကြည့်ပါဦးနော်။
ဘာသာပြန်သူတောင် သက်ပြင်းအခါခါ ချပြီး ပြန်ရတဲ့ကားလေးမို့ ကောင်းတယ်လို့အတင်းမငြင်းချင်တာတောင်
ညံ့တဲ့ကားထဲတော့ မပါဘူးလို့ ရဲရဲကြီးပြောပါရစေ။ ။
Translated & Review by JoJoVa
Encoded by bg
Quality – Bluray
Size – 920MB / 240MB
IMDB – 6.6
Genres – Crime, Drama, Horror
Run Time – 1 Hr 31 mins