What's happening?

Video Sources 7164 Views Report Error

  • Watch traileryoutube.com
  • FHD Direct StreamingUnknown resource
The Father (2020)

The Father (2020)

Dec. 23, 2020UK97 Min.PG-13
Your rating: 0
7.8 4 votes

Synopsis

The Father (2020)
==============

တစ်ချိန်က Hannibal Lecter ဇာတ်ကောင်နဲ့ Silence of the Lambs ဆိုတဲ့ ဇာတ်ကားမှာ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကို ဆွတ်ခူးခဲ့တဲ့ မင်းသားကြီး Anthony Hopkins က အခုဆိုရင် Oscar ဆုကို နှစ်ဆုတောင် ရရှိခဲ့ပြီဖြစ်ပါတယ်။ တစ်ဆုကတော့ Hannibal Lecter ဇာတ်ကောင်နဲ့ 1991 ခုနှစ်မှာ ရရှိခဲ့တာဖြစ်ပြီးတော့ ဒုတိယတစ်ဆုကိုတော့ Anthony ဇာတ်ကောင်နဲ့ 2020ခုနှစ်မှာ ရရှိခဲ့တာဖြစ်ပါတယ်။ မင်းသားကြီး Anthony ဟာဆိုရင် Oscar nominations အဖြစ် ၆ ကြိမ်တိုင်တိုင် ဝင်ခဲ့ပြီးတော့ လက်ရှိအချိန်မှာတော့ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်မှာ Oscar ဆုကို ပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဇာတ်ဆောင်မင်းသားကြီးအကြောင်းပြောပြီးပြီဆိုတော့ ဇာတ်လမ်းဘက်ကို ပြန်လှည့်ကြရအောင်။ ဇာတ်လမ်းအကြောင်းကတော့ ထွေထွေထူးထူးပြောစရာမရှိပေမယ့် သာမန်ဇာတ်လမ်းတွေနဲ့ မတူတာကတော့ အများစုကမှတ်ဥာဏ်ချို့ယွင်းနေတဲ့လူတစ်ယောက်နဲ့ ဆက်ဆံရတဲ့လူတွေရဲ့ဘက်အခြမ်းကနေပဲ ရိုက်ကြတာဖြစ်ပြီး The Father မှာကတော့ မှတ်ဥာဏ်ချို့ယွင်းနေတဲ့ Anthony ရဲ့ ဝေဒနာကို ဘယ်လိုခံစားနေရတယ်ဆိုတဲ့အကြောင်း ထူးထူးဆန်းဆန်းလေးရိုက်ပြမှာပဲဖြစ်ပါတယ်။

ဇာတ်ကားလေးဟာဆိုရင်စတာနဲ့ ထိုင်ရာကမထနိုင်အောင် ဆွဲဆောင်နိုင်လှပါတယ်။ မင်းသားကြီး Anthony Hopkins ရဲ့ ဇာတ်ကောင်ဟာဆိုရင်လည်း Anthony နဲ့ တော်တော်လေးကိုလိုက်ဖက်လှပါတယ်။ နောက်တစ်ယောက်ချီးကျူးဖို့ရှိတာက Anthony ရဲ့ သမီးအဖြစ်သရုပ်ဆောင်တဲ့ Olivia Coldman ပဲဖြစ်ပါတယ်။ ဘာလို့သူ့ကိုထည့်ပြောရလဲဆိုရင်တော့ အဖေဖြစ်သူခံစားနေရတဲ့ဝေဒနာနဲ့ ပတ်သက်ပြီး အရမ်းကိုခံစားနေရတယ်ဆိုတာကို Olivia က စကားလုံးတွေအများကြီးနဲ့ မဖော်ပြသွားဘဲ ဝမ်းနည်းနေတဲ့ မျက်လုံးတွေနဲ့သာ သက်သေထူပေးသွားခဲ့ပါတယ်။ ကျန်းမာရေးမကောင်းတဲ့အဖေတစ်ယောက်ရဲ့ ဖြစ်လာတဲ့အမျိုးစုံစိတ်တွေကို လိုက်လျောညီထွေဖြစ်အောင်နေပေးပြီး အဖေ့ကိုရောဂါပျောက်စေချင်တဲ့ စိတ်တစ်ခုနဲ့ တစ်ချို့အခန်းတွေမှာ ဝမ်းနည်းစွာကြည့်နေတာကို ပရိသတ်တို့ကောင်းကောင်းကြီးခံစားရနိုင်ပါတယ်။

မညာတမ်းဝန်ခံရရင်တော့ တော်ရုံမျက်ရည်မကျတတ်တဲ့ ကျွန်တော်တောင် ဇာတ်လမ်းရဲ့အဆုံးသတ်ကို မခံစားနိုင်လို့ မျက်ရည်ကျမိတဲ့အထိပါပဲ။ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ မီးအလင်းအမှောင်တွေက ပြောစရာမလိုအောင် ပြည့်စုံတဲ့အပြင် မင်းသားကြီး Anthony ရဲ့ ကောင်းမွန်လှတဲ့ Acting ပိုင်းတွေပါပါဝင်တဲ့အတွက် Oscar ဆုနဲ့ ထိုက်တန်တယ်လို့ပဲ ပြောကြားရင်း ပရိသတ်တို့ ပြန်ခံစားနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်။

Translated and Review by Lai Laii
Encoded by Noah
Quality – Webrip
Size – 1GB / 370MB
IMDB – 8.3
Genres – Drama
Run Time – 1 Hr 37 mins

* Application မှာလည်း ကြည့်လို့ရပါပြီ *
App Download Playstore Link – https://play.google.com/store/apps/details?id=com.gc.movies11
Apk Pure Link – https://apkpure.com/gold-channel/com.gc.movies11
Android Box Link – https://www.mediafire.com/file/t3ahzqq20es5akc/tv_app_v_1.0.0.apk/file
=======================

The Father (2020)
The Father (2020)
The Father (2020)
The Father (2020)
The Father (2020)
The Father (2020)
The Father (2020)
The Father (2020)
Original title The Father
IMDb Rating 8.2 3,227 votes
TMDb Rating 8 88 votes

Similar titles

Hugot
Little Woods (2019)
Who You Think I Am (2019)
Oshin
Marrowbone
A Ghost Story
Saand Ki Aankh (2019)
Aloners
The Procurator
A Taste of Hunger
Leave the World Behind
Earthquake Bird (2019) မြန်မာစာတမ်းထိုး