What's happening?

Video Sources 3294 Views Report Error

  • Watch traileryoutube.com
  • FHDUnknown resource
  • HDUnknown resource
  • SDUnknown resource
Ted K

Ted K

In the woods no one can hear you think.Feb. 18, 2022USA120 Min.R
Your rating: 0
5 1 vote

Synopsis

TED K (2022)

လူတစ်ယောက်ရဲ့ ပျမ်းမျှ IQ ကို လေ့လာစမ်းသပ်ချက်တွေအရ ၈၅ ကနေ ၁၁၅ ထိ အကြမ်းဖျင်းသတ်မှတ်ထားကြပါတယ်။ ဒီလို သာမန်တွေထက် ထူးခြားပြီး ဥာဏ်ရည်သာလွန်တဲ့ လူတွေလည်းရှိနေကြတာ ကျွန်တော်တို အသိပဲပေါ့။ Albert Einstein လို သိပ္ပံပညာရှင်ရဲ့ ဥာဏ်ရည်ဟာ ၁၆၀ ရှိပါတယ်။ ရှာမှရှားတဲ့ 0.02 ရာခိုင်နှုန်းထဲက လူမျိုးပေါ့ဗျာ။ ဒါပေမယ့် TED K ရဲ့ IQ ကတော့ ၁၆၇ ထိကိုရှိသတဲ့ဗျ။

မနေ့ကမှာ ပူပူနွေးနွေးထွက်ရှိထားတဲ့ TED K ဆိုတဲ့ အမေရိကန်မှုခင်းရုပ်ရှင်က Unabomber လို သိကြတဲ့ Ted Kaczynski ဆိုတဲ့ အကြမ်းဖက်ဖောက်ခွဲရေးသမားရဲ့ ကိုယ်ရေးအတ္ထုပ္ပတိကို သရုပ်ဖော်ပြထားတာပါ။
လူတွေဟာ ပုံမှန်ထက် သာလွန်တဲ့ ဥာဏ်ရည်တစ်ခုရှိသွားရင် ကျွန်တော်တိုတွေနဲ့ တွေးခေါ်ပုံကအစကွာသွားတော့တာပဲလေ။

နည်းပညာဟာ ခေတ်သစ်ကမ္ဘာကို ပျက်စီးစေတဲ့အရာလို တထစ်ချယုံကြည်ထားတဲ့ Ted ဟာ လင်ကွန်းမြိုရဲ့ မွန်တာနာတောင်ပေါ်မှာ သစ်သားအိမ်လေးနဲ့ လျှပ်စစ်လုံးဝ မသုံးပဲ ၂၅ နှစ်ကြာနေခဲ့ပါတယ်။ အသက် ၁၆ နှစ်မှာ ဟားဗဒ်တက္ကသိုလ်ကို တက်ခွင့်ရခဲ့ပြီး သင်္ချာမှာ PHD ဘွဲရထားတဲ့ ဥာဏ်ကြီးရှင်။ တစ်နှစ်အကြာ ပရော်ဖက်ဆာလုပ်ပြီးနောက်မှာတော့ သူ့အစ်ကို David နဲ့ ( 10×12) ပေ ပတ်လည်ရှိ တဲလေးမှာ နေခဲ့တယ်တဲ့ဗျာ။

ဒီဥာဏ်ကြီးရှင်ရဲ့ ဦးနှောက်ထဲ ဘာတွေရှိသလဲဆိုတာ ဘယ်သူကများ ခန့်မှန်းနိုင်မလဲ။ ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေတဲ့ TED K က ဘယ်လိုလူမျိုးလဲ။ Unabomber လို ခေါ်ဝေါ်ကြရတဲ့ထိ သူ ဘယ်လိုကြောက်စရာကောင်းတဲ့ ပြစ်မှုတွေကို ကျုးလွန်ခဲ့သလဲ။ ဒီမေးခွန်းတွေရဲ့အဖြေကို ဗဟုသုတလည်းယူ ရသလည်းခံစားရင်း Gold Channel မှာ ခုပဲ ကြည့်ရှူလိုရနေပါပြီဗျာ။

Translated & Review by HM

Ted K
Ted K
Ted K
Ted K
Original title Ted K
IMDb Rating 6.4 123 votes
TMDb Rating 6.4 7 votes

Director

Tony Stone
Director

Cast

Similar titles

Drishyam 2
Pada
Antidote (2021)
Elvis
Benedetta(2021)
I’m Charlie Walker
Fast X
Blood Money (2017) ????????????????
Bloodline (2019)
Hot Fuzz 2007 (ျမန္မာစာတန္းထိုး)
Sinister Switch(2021)
Changeland 2019( ???????????????? )