Spy Kids (2001)
ငယ်ငယ်တုန်းက ကြည့်ခဲ့ကြတဲ့ Spy Kids ကို ပြန်ကြည့်နေချင်တဲ့သူတွေအတွက်တော့ ဝမ်းသာစရာပါပဲ ။
ဒီတစ်ခေါက် ဇာတ်ကားလေးကတော့ စွန့်စားရတဲ့ ကားလေးပါ။ ။
ဇာတ်လမ်းလေးကတော့ ကာမန် နဲ့ ဂျူနီ ရဲ့ မိဘတွေက စပိုင်တွေပါ။
တစ်နေ့ကျ တာဝန်တစ်ခုနဲ့ သူတို့မိဘတွေ သွားရချိန် မိဘတွေ အဖမ်းခံရပြီး သူတို့ကိုပါ လာဖမ်းပါတော့တယ်။
ဖလု ဆိုတာ ကလေး တီဗီအစီအစဥ်ရဲ့ တင်ဆက်သူပါ။ ပစ္စည်း တွေကိုလည်း ထွင်နိုင်တဲ့သူပေါ့။
သူက ကလေးစက်ရုပ်တပ်ကို ဖွဲ့ဖို့ကြံစည်ထားပါတော့တယ် ။ ဒါကိုသိသွားတဲ့ ကာမန်နဲ့ ဂျူနီ က ဘယ်လိုရပ်တန့်မလဲ။
သူတို့မိဘတွေကို ဘယ်လိုကယ်တင်မလဲ။ ဇာတ်လမ်းဇာတ်ကွက် ဘယ်လိုပြောင်းလဲ သွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။
Spy Kids က 1 2 3 အထိရှိပြီး နောက် version အနေနဲ့ Spy Kids:All time in the world ဆိုပြီး ရှိပါတယ်။ Rating 5.4 ရရှိထားတဲ့အတွက် တကယ်ကိုကြည့်လို့ကောင်းမယ့်ကားလေးပါ။
Translated and Review By Haruki
Encoded By A Nyo
Quality-Blueray
Genre-Action, Adventure, Comedy
Size-350/900 mb
Imdb-5.4