What's happening?

Video Sources 20220 Views Report Error

  • Watch traileryoutube.com
Slate (2021)

Slate (2021)

Nov. 04, 2020South Korea99 Min.Not Rated
Your rating: 0
10 1 vote

Synopsis

Slate (2021)
=================

ကိုရီးယား စိတ်ကူးယဉ်-သိပ္ပံ-အက်ရှင်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သမားရိုးကျသိပ်မဟုတ်တဲ့ ခပ်ဆန်းဆန်းဇာတ်လမ်းမျိုး ဖြစ်တာကြောင့် စိတ်၀င်စားကြမယ်လို့ မျှော်လင့်ပါတယ်။

အရက်စွဲနေတဲ့ဖခင်ကြောင့် မိဘမဲ့‌ဂေဟာမှာကြီးပြင်းလာရတဲ့ ယွန်ဟီးဟာ ငယ်စဉ်ကတည်းက အမျိုးသမီးသူရဲကောင်းဇာတ်ကောင် ဖြစ်ချင်ခဲ့သူပါ။ ဖခင်ရဲ့အဖြစ်ကိုကြည့်ပြီး သူရဲကောင်းဇာတ်ကောင်ဖြစ်မှ အသုံး၀င်တဲ့သူအဖြစ် ရပ်တည်နိုင်မယ်ဆိုတဲ့ အစွဲအလမ်းကြောင့်လည်း ဖြစ်ပါတယ်။အရွယ်ရောက်လာချိန်မှာ အတိုက်အခိုက်ပညာတွေသင်ယူပြီး အမျိုးသူရဲကောင်းဇာတ်ကောင်နေရာက သရုပ်ဆောင်ရမယ့် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို စတန့်သရုပ်ဆောင်အဖြစ်သာ ငှားရမ်းကြတာကြောင့် သူ့ရဲ့အိပ်မက်ဟာ အလှမ်းဝေးနေခဲ့ပါတယ်။

တစ်နေ့တော့ YouTuber တစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ ရိုက်ကွင်းနေရာကို သူမ ရောက်ရှိသွားခဲ့ရာကစလို့၊ သူမဘ၀ဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ပါတယ်။ အိပ်မက်လိုလို တခြားအပြိုင်ကမ္ဘာတစ်ခုလိုလို.. သူဘာမှန်းမသိတဲ့နေရာမှာ သူဖြစ်ချင်တဲ့ အမျိုးသမီးသူရဲကောင်းဖြစ်ဖို့ အခွင့်အရေးရလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါဟာ သူထင်ထားသလို ရုပ်ရှင်ရိုက်ကွင်းမဟုတ်ဘူးဆိုတာကို သိသွားတဲ့အခါ…၊ တကယ့်လူဆိုးတွေကို အသက်နဲ့ရင်းပြီး ရင်ဆိုင်တ်ိုက်ခိုက်ရတဲ့အခါ…..

ယွန်ဟီးတစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲ၊ သူကိုယ်တိုင်နဲ့ သူကာကွယ်ပေးရမယ့်သူတွေရော ရန်သူ့လက်ကနေ လွမြောက်နိုင်ပါ့မလား၊ သူနေထိုင်ရာလောကဆီကိုရော ပြန်သွားနိုင်ပါမလား၊ ဘယ်လိုထူးခြားဆန်းကြယ်မှုတွေ တွေ့ရဦးမလဲဆိုတာ…. စိတ်လှုပ်ရှားစရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အတိုက်အခိုက်ဇာတ်၀င်ခန်းတွေနဲ့အတူ ဟာသနှောထားတာလေးတွေလည်း ပါ၀င်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ စိတ်၀င်စားစွာ ကြည့်ရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်မို့ ကြည့်ရှူကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Translated and Review by Cherry Mon

* Application မှာလည်း ကြည့်လို့ရပါပြီ *
Google Play Store Link – https://play.google.com/store/apps/details?id=com.yeyint.goldchannelrework

Apk Pure Link – https://apkpure.com/gold-channel/com.gc.movies11

=======================

Slate (2021)
Original title 불어라 검풍아
TMDb Rating 6.3 4 votes

Similar titles

Fist of Fury: Soul
Harpoon (2019)
Ready to Mingle (2019)
Men in Black (1997)
xXx: State of the Union
The Man From Toronto (2022)
Nightfire
Home
James (2022)
The Creator
Divergent (2014)
Below Zero (2021)