What's happening?

Video Sources 5707 Views Report Error

  • HD Direct StreamingUnknown resource
  • SD Direct StreamingUnknown resource
Roberrt (2021)

Roberrt (2021)

Mar. 11, 2021India124 Min.Not Rated
Your rating: 0
6 1 vote

Synopsis

Roberrt (2021)

အိန္ဒိယကားခပ်ကြမ်းကြမ်းလေးမှ ကြိုက်တဲ့သူတွေအတွက် အကြမ်းစားအက်ရှင်ဇာတ်လမ်းသစ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။
Roberrt ဟာ မွေးစားဖခင်အတွက်အလုပ်လုပ်ပေးရင်း Raghava နဲ့အတူ ဒုစရိုက်လောကထဲ ကျင်လည်နေခဲ့ပါတယ်။ သူတို့ဒုစရိုက်လောကမှာတော့ Roberrt ဆိုရင် ဖိန့်ဖိန့်တုန်အောင်ကြောက်ကြပါတယ်။ တကယ်တမ်းတော့ သူဟာနှလုံးလှလူမိုက်တစ်ယောက်ပါ။ တစ်နေ့မှာတော့ကံကြမ္မာအလှည့်အပြောင်းကြောင့် Roberrt တစ်ယောက် သားလေးနဲ့အတူ ဇာတ်မြှုပ်နေထိုင်ရဖို့ ဖြစ်လာပါတယ်။ အတိတ်ကိုမေ့ထားပြီး သားအတွက်စံပြဖြစ်အောင် အေးအေးချမ်းချမ်းနေထိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ကံတရားက Roberrt ကို ငြိမ်းချမ်းခွင့် ခပ်ကြာကြာမပေးခဲ့ပါဘူး။ မတရားအနိုင်ကျင့်မှုတွေကြား ခေါင်းငုံ့ခံခဲ့ပေမဲ့ သားကိုထိတဲ့အခါ ငုံ့ခံမနေနိုင်တော့ပါဘူး။ ဒီလိုနဲ့ သူ့ရန်သူတော်ဟောင်းတွေနဲ့ ပြန်တွေ့ခဲ့ရပါတယ်။ ‌Roberrt တစ်ယောက် ရန်သူတွေကို အရင်လိုအနိုင်ယူနိုင်ပါ့မလား၊ သူ့သားကိုရော ကာကွယ်ပေးနိုင်ပါ့မလား၊ သူ့ဘ၀ အရင်လိုအေးအေးချမ်းချမ်း ပြန်နေနိုင်ပါ့မလား… ဆိုတာကို စောင့်ကြည့်ကြရမှာပါ။ တိမ်မြှုပ်နေတဲ့ သူ့အတိတ်ဇာတ်လမ်းကလည်း စိတ်၀င်စားစရာပါပဲ။

အတိုက်အခိုက်တွေကြမ်းတဲ့ အက်ရှင်ကားဖြစ်ပေမဲ့ အိန္ဒိယကားတွေထုံးစံအတိုင်း အချစ်၊ အလွမ်း၊ သားအဖမေတ္တာ၊ ညီအစ်ကိုကြားကအချစ်နဲ့ လူ့သဘာ၀‌ကို ရသစုံအောင် ထင်ဟပ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မပျင်းမရိကြည့်လို့ကောင်းတဲ့ ရသစုံအက်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်မို့ ကြည့်ရှူသူတိုင်း အကြိုက်တွေ့ကြမှာသေချာပါတယ်။

Review by Cherry Mon
Translated by Cherry Mon & Sunny

* Application မှာလည်း ကြည့်လို့ရပါပြီ *

Google Play Store Link – https://play.google.com/store/apps/details?id=com.yeyint.goldchannelrework

Apk Pure Link – https://apkpure.com/gold-channel-movies/com.yeyint.goldchannelrework

=======================

Roberrt (2021)
Roberrt (2021)
Roberrt (2021)
Roberrt (2021)
Roberrt (2021)
Roberrt (2021)
Roberrt (2021)
Original title ರಾಬರ್ಟ್
IMDb Rating 6.6 2,902 votes

Similar titles

Polar
Mission Majnu
The Last Paradiso (2021)
Charlie’s Angels: Full Throttle
Emancipation
Last Man Down (2021)
Christmas Reservations
Hitman’s Wife’s Bodyguard (2021)
Extraction
Chemical Hearts
Dawn of the Planet of the Apes (2014)
My Fake Boyfriend (2022)