What's happening?

Video Sources 7548 Views Report Error

  • Watch traileryoutube.com
Piercing (2019)

Piercing (2019)

Practice doesn't always make perfect.Jan. 03, 2019USA81 Min.R
Your rating: 0
10 1 vote

Synopsis

Zawgyi
Piercing (သို႔မဟုတ္) စူး

သင္ဟာ႐ုပ္ရွင္ၾကမ္းပိုး တစ္ေယာက္ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္ ။ ႐ုပ္ရွင္ေတြထဲမွာမွ သင္သေဘာက်တဲ့႐ုပ္ရွင္ေတြ ၊
သင္သ‌ေဘာမက်တဲ့႐ုပ္ရွင္ေတြရွိမွာပါ ။ သင္သေဘာက်တဲ့႐ုပ္ရွင္ေတြက သာမန္အတိုင္း နိဒါန္းကေနနိဂုံးအထိ
သမား႐ိုးက်သြားတဲ့႐ုပ္ရွင္ေတြလား ။ ဒါဆိုရင္ဒီ႐ုပ္ရွင္က သင့္အတြက္မဟုတ္ပါဘူး ။ သင္နားလည္ႏိုင္မယ့္
႐ုပ္ရွင္တစ္ခုကိုသာသြားၾကည့္လိုက္ပါ ။

ဒီဇာတ္လမ္းက ဂ်ပန္စာေရးဆရာ Ryu Murakami ရဲ႕ နာမည္ႀကီးဝတၳဳ Piercing ကိုျပန္လည္ အသက္သြင္းထားတာပါ ။
ဒီဝတၳဳကို ဆရာသင့္လူက စူး ဆိုၿပီးေတာ့ ဘာသာျပန္ဆိုထားပါေသးတယ္ ။ ဒီဇာတ္လမ္းကို အသက္သြင္းထားသူကေတာ့
အသက္ ၃၀ ေတာင္မျပည့္ခ်င္ေသးတဲ့လူငယ္ Director Nicolas Pesce ပါ ။ တက္သစ္စ Director ဆိုေပမယ့္
သူ႔ရဲ႕အႏုပညာဖန္တီးမႈ အစြမ္းက အံ့မခန္းပါပဲ ။ သူက ဒီ စူး ကိုျပန္လည္အသက္သြင္းရာမွာ မူရင္းနဲ႔မတူတဲ့ရႈေထာင့္ကေန
တင္ဆက္ထားပါတယ္ ။

ဒါေၾကာင့္ ဒီဇာတ္လမ္းဟာ သာမန္႐ုပ္ရွင္ေတြနဲ႔ အမ်ားႀကီးကြဲထြက္ေနမွာပါ ။ ဒါဟာ Psychopath
တစ္ေယာက္အေၾကာင္းကို႐ိုက္ျပထားတဲ့ Thriller ကားပါ ။ ဒါေပမယ့္ ဒါဟာ သင္ၾကည့္ဖူးေနက်ေတြနဲ႔ေတာ့ မတူပါဘူး ။
Nicolas ရဲ႕ တစ္မ်ိဳးတစ္ဘာသာ ထူးျခားတဲ့ပုံေဖာ္မႈေတြဟာ ကြၽန္ေတာ္တို႔သာမန္ၾကည့္႐ုံနဲ႔ နားမလည္ႏိုင္ပါဘူး ။
တကယ္လို႔ သင္က မတူညီတဲ့ရႈေထာင့္ကေနခံစားရတာ ႀကိဳက္တဲ့သူ ၊ ဇာတ္လမ္းကိုတစိမ့္စိမ့္ေတြးၿပီး ခံစားရတာႀကိဳက္တဲ့သူဆိုရင္ေတာ့
ဒီဇာတ္ကားကသင့္အတြက္ပါပဲ။

Unicode
Piercing (သို့မဟုတ်) စူး

သင်ဟာရုပ်ရှင်ကြမ်းပိုး တစ်ယောက်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။ ရုပ်ရှင်တွေထဲမှာမှ သင်သဘောကျတဲ့ရုပ်ရှင်တွေ ၊
သင်သ‌ဘောမကျတဲ့ရုပ်ရှင်တွေရှိမှာပါ ။ သင်သဘောကျတဲ့ရုပ်ရှင်တွေက သာမန်အတိုင်း နိဒါန်းကနေနိဂုံးအထိ သမားရိုးကျသွားတဲ့ရုပ်ရှင်တွေလား ။
ဒါဆိုရင်ဒီရုပ်ရှင်က သင့်အတွက်မဟုတ်ပါဘူး ။ သင်နားလည်နိုင်မယ့် ရုပ်ရှင်တစ်ခုကိုသာသွားကြည့်လိုက်ပါ ။

ဒီဇာတ်လမ်းက ဂျပန်စာရေးဆရာ Ryu Murakami ရဲ့ နာမည်ကြီးဝတ္ထု Piercing ကိုပြန်လည် အသက်သွင်းထားတာပါ ။ ဒီဝတ္ထုကို
ဆရာသင့်လူက စူး ဆိုပြီးတော့ ဘာသာပြန်ဆိုထားပါသေးတယ် ။ ဒီဇာတ်လမ်းကို အသက်သွင်းထားသူကတော့ အသက် ၃၀ တောင်
မပြည့်ချင်သေးတဲ့လူငယ် Director Nicolas Pesce ပါ ။ တက်သစ်စ Director ဆိုပေမယ့် သူ့ရဲ့အနုပညာဖန်တီးမှု အစွမ်းက အံ့မခန်းပါပဲ ။
သူက ဒီ စူး ကိုပြန်လည်အသက်သွင်းရာမှာ မူရင်းနဲ့မတူတဲ့ရှုထောင့်ကနေ တင်ဆက်ထားပါတယ် ။

ဒါကြောင့် ဒီဇာတ်လမ်းဟာ သာမန်ရုပ်ရှင်တွေနဲ့ အများကြီးကွဲထွက်နေမှာပါ ။ ဒါဟာ Psychopath တစ်ယောက်အကြောင်းကိုရိုက်ပြထားတဲ့
Thriller ကားပါ ။ ဒါပေမယ့် ဒါဟာ သင်ကြည့်ဖူးနေကျတွေနဲ့တော့ မတူပါဘူး ။ Nicolas ရဲ့ တစ်မျိုးတစ်ဘာသာ ထူးခြားတဲ့ပုံဖော်မှုတွေဟာ
ကျွန်တော်တို့သာမန်ကြည့်ရုံနဲ့ နားမလည်နိုင်ပါဘူး ။ တကယ်လို့ သင်က မတူညီတဲ့ရှုထောင့်ကနေခံစားရတာ ကြိုက်တဲ့သူ ၊ ဇာတ်လမ်းကိုတစိမ့်စိမ့်တွေးပြီး
ခံစားရတာကြိုက်တဲ့သူဆိုရင်တော့ ဒီဇာတ်ကားကသင့်အတွက်ပါပဲ။

Translated & Review by Beyond
Encoded by mk
Quality – Web-DL
Size – 900MB / 200MB
IMDB – 5.6
Genres – Horror, Mystery, Thriller
Run Time – 1 Hr 21 mins

Piercing (2019)
Piercing (2019)
Piercing (2019)
Piercing (2019)
Original title Piercing
IMDb Rating 5.6 5,441 votes
TMDb Rating 5.8 56 votes

Director

Cast

Similar titles

Star Light
Haru Malam
The Guilty (2021)
Herd
The Wall (2017)
Come to Daddy
Bedspacer
Possession
Something in the Dirt
Nobody Sleeps in the Woods Tonight (2020)
Firestarter
The Professor and the Madman