What's happening?

Video Sources 401 Views Report Error

  • Watch traileryoutube.com
Our Season

Our Season

Mom from heaven, daughter from piningDec. 06, 2023South Korea105 Min.Not Rated
Your rating: 0
7 1 vote

Synopsis

Our Season ရုပ်ရှင်ကားဟာ မင်းသမီးကြီး Kim Hae-Sook နဲ့ ပါးချိုင့်မင်းသမီးလေး Shin Min-A တို အဓိက ပါဝင် သရုပ်ဆောင်ထားပြီး သားအမိနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာရယ် ဖြစ်လေ့ရှိတဲ့ ပဋိပက္ခတွေကို ခံစားပုံဖော်ထားတဲ့ Fantasy movie တစ်ပုဒ် ဖြစ်ပါတယ်။

ကျွန်ုပ်တို လူသားတွေက မွေးဖွားပြီးရင် သေဆုံးကြရတာ လောကဓမ္မတာပဲ ဖြစ်ပါတယ်။ မသေခင်ကာလ စပ်ကြားမှာ ကိုယ်နဲ့ အရင်းနှီးဆုံးဖြစ်တဲ့ မိသားစု သူငယ်ချင်း ဆွေမျိုး မိတ်ဆွေ ချစ်ရတဲ့သူ စတာတွေကို တစ်ခါတစ်လေ အကြောင်းပြချက်များစွာနဲ့ လျစ်လျူရှုမိတတ်ကြတယ်။

နောက်မှ တွေ့မယ်။ နောက်မှ ဖုန်းဆက်မယ်။ နောက်မှ သွားလည်မယ်။ နောက်မှ အတူစားမယ်။ နောက်မှ နောက်မှနဲ့ နောက်ကျသွားတတ်ကြတယ်။ ဘာလိုဆို လူဆိုတာ သက်တမ်းရှိတာမလိုပါ။

ဒီဇာတ်ကားလေးဟာ ကွယ်လွန်သွားတဲ့ မိခင်ဖြစ်သူက လူ့လောကကို ၃ ရက်တာ အလည်အပတ်ခရီး ထွက်ခွင့်ရရှိတာက အစပြုထားပါတယ်။ ထို ၃ ရက်အတွင်း သမီးဖြစ်သူက လူ့လောကမှာ ဘယ်လို နေထိုင်စားသောက်နေလဲ။ ကျန်ရစ်သူမှာလည်း ဘယ်လို ခံစားချက်တွေနဲ့ ရှင်သန် နေရလဲဆိုတာကို မြင်ရတဲ့အခါ…

ဘဝချင်းက ခြားသွားပြီမို အထင်လွဲနေတာတွေကို မဖြေရှင်းနိုင် ပြောချင်တာတွေ မပြောနိုင် လုပ်ချင်တာတွေ မလုပ်‌ေပးနိုင်တော့တဲ့ သားအမိနှစ်ယောက်။

နောက်ဆုံး ဘယ်လို ဖြေရှင်းသွားပြီး ဘယ်လို ရှင်သန်နေထိုင်မလဲဆိုတာကို ရိုးရိုးရှင်းရှင်းနဲ့ ရင်ထဲထိအောင် ရိုက်ကူးဖော်ပြထားတဲ့ Our Season ရုပ်ရှင်ကားကို Gold Channel ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ရှင်။

ဇာတ်ကားဖြစ်လိုသာ ပြန်လည်တွေ့ဆုံဖြစ်ကြပေမယ့် လက်တွေ့ဘဝမှာ သေဆုံးသွားရင် ကိုယ်လည်း ဘယ်ဘဝ ရောက်မှန်းမသိနိုင်တာမလို အသက်ရှင်နေစဉ်ကာလအတွင်း ကိုယ်ချစ်ရတဲ့သူ အထင်လွဲနေရင် နားလည်အောင်ဖွင့်ပြောတာတို လုပ်ပေးချင်တာတွေ ‌လုပ်ပေးဖြစ်‌အောင် တိုက်တွန်းလိုက်ချင်ပါတယ်။

Review by Claudia
Translated by Sharon and Claudia
Encoded by Cham

Our Season
Original title 3일의 휴가
IMDb Rating 6.7 38 votes
TMDb Rating 7 2 votes

Director

Cast

Similar titles

Integrity (2019) မြန်မာစာတမ်းထိုး
Invader ZIM: Enter the Florpus (2019)
Mr. Majnu
Royal Hotel (2020) မြန်မာစာတမ်းထိုး
Run with the Hunted
Carol (2015)
Bullet Head (2017)
App War
Tigers Are Not Afraid
Parallel (2018)
Once Upon a Crime
Pain Hustlers