What's happening?

Video Sources 3732 Views Report Error

  • FHD Direct StreamingUnknown resource
Night Drive

Night Drive

THE HUNTED BECOME THE HUNTERSMar. 11, 2022India118 Min.Not Rated
Your rating: 0
10 1 vote

Synopsis

Night Drive (2022)

===================

သင်္ကြန်ရက်မှာ အိမ်တွင်းပုန်းနေမယ့် GCVerses တို့အတွက် အပျင်းလည်းပြေ စိတ်အပန်းလည်းပြေစေဖို့ မကြာသေးမီကမှ လောလောလတ်လတ်ထွက်ရှိထားတဲ့ Tamil တစ်ကားကို တင်ဆက်ပေးချင်ပါတယ်နော်

ဇာတ်လမ်းအကျဉ်းကို ပြောရရင်~~~~
ဂျော်ဂျီ နဲ့ ရီယာဆိုတဲ့ ငယ်‌ပေါင်းကြီးဖော် ချစ်သူနှစ်ဦးရှိကြပါတယ် ၊ ဂျော်ဂျီက Uber Taxi Driver လုပ်နေပြီး ရီယာကတော့ နာမည်ကြီးရုပ်သံလိုင်းတစ်ခုရဲ့ သတင်းတင်ဆက်သူပဲ ဖြစ်ပါတယ် ၊ ရီယာရဲ့ မွေးနေ့က ခရစ္စမတ်နေ့ပဲ ဖြစ်ပါတယ် ၊ ဆိုတော့ ၂၄ရက်နေ့ည ခရစ္စမတ်အကြိုညလည်းဖြစ် ရီယာရဲ့ မွေးနေ့အကြိုညမှာ သူတို့နှစ်ဦး အပျော်ကားမောင်းထွက်လာခဲ့ကြပါတယ် ၊ အသွားတုန်းကတော့ သာသာယာယာပါပဲ ၊ ပြဿနာက အပြန်လမ်းမှာ စတာပါ ၊ အပြန်မှာ ရီယာက မောင်းလာပြီး စစ်ဆေးရေးဂိတ်တစ်ခုကို ရောက်တော့ လူရှုပ်တဲ့ညဆိုတော့လည်း ဟိုစစ်ဒီစစ် စစ်ဆေးခံရတာပေါ့ ၊ ရီယာက ဆတ်ဆတ်ထိမခံ သူမှန်နေရင် ဘယ်သူကြောတာမှ မခံတတ်တဲ့စရိုက်မျိုးပါ ၊ အဲဒီလိုနဲ့ သူတို့ကို စစ်တဲ့ CI နဲ့ စကားအချေအတင်တွေဖြစ်ပြီး ရီယာပြောတာတွေက မှန်နေတာမို့ ပြဿနာဆက်မရှာတော့ဘဲ သူတို့ကားကို CI က မကျေမနပ်နဲ့ လွှတ်ပေးလိုက်ပါတယ်

ဒီလိုနဲ့ ဆက်မောင်းသွားရင်း ရီယာနဲ့ ဂျော်ဂျီ ကားပေါ်မှာ စကားများလာကြပြီး လူတစ်ယောက်ကို တိုက်မိသလို ဖြစ်သွားပါတယ် ၊ အဲဒီလိုနဲ့ လူနာကို ဆေးရုံတင်ပြီး လုပ်ထုံးလုပ်နည်းအတိုင်း ဆေးရုံကနေ ရဲကို အကြောင်းကြားလိုက်ပါတယ် ၊ အဲဒီမှာ ရောက်လာတဲ့ ရဲက ရီယာနဲ့ ပြဿနာဖြစ်ခဲ့တဲ့ CI ရဲဖြစ်နေလေတော့ စောစောက မကျေနပ်ချက်တွေကို ပြန်ချေဖို့ CI အလှည့်ကျလာတော့တာပေါ့ ၊ ရဲတွေက သူတို့မောင်းတဲ့ကားကို စစ်ရင်း ကားပေါ်မှာ ရွှေချောင်းတွေထည့်ထားတဲ့ အိတ်တစ်အိတ်ကို တွေ့သွားပါတော့တယ် ၊ အမှန်တော့ ဒီအိတ်က ကားတိုက်ခံရသူနဲ့ ပါလာတာဖြစ်ပါတယ် ၊ ဒါပေမယ့်လည်း ရဲက ရီယာကို သောက်မြင်ကတ်ပုဒ်မတပ်ထားလေတော့ ရီယာတို့အိတ်လို့ပဲ သံသယ၀င်ပြီး ဒီရွှေထုပ်နဲ့ ရီယာတို့ ဘယ်လိုစခန်းဆက်သွားကြမလဲ ၊ ရွှေထုပ်ရဲ့ နောက်ကြောင်းရာဇ၀င်ကရော ဘာဖြစ်မလဲဆိုတာ ဆက်လက်အဖြေရှာလိုက်ရအောင်ပါ

Review by Sunny
Translated by Sunny, Sarah, Karine & Aeliana Lyre

Application ဖြင့်လည်း ကြည့်ရှုနိုင်ပါပြီ
App Download Link > https://play.google.com/store/apps/details?id=com.goldchannel.app

Night Drive
Night Drive
Night Drive
Night Drive
Original title നൈറ്റ് ഡ്രൈവ്
IMDb Rating 7.8 110 votes
TMDb Rating 8 1 votes

Director

Vysakh
Director

Cast

Similar titles

Inside Out (2015)
Prey (2021)
IO
On Wings of Eagles
Black Butterfly (2017)
Ready or Not (2019) မြန်မာစာတန်းထိုး
The Twilight Saga: Eclipse
The Beekeeper
King of Thieves
I Missed You (2021)
Rebecca
Side Effects (2013)