Legend of the Demon Seal (2019)
==============================
ဒီနေ့ခေတ်မှာ လူတိုင်းက ဖုန်းတွေ အင်တာနက်တွေရှိနေကြပါပြီ။ အဲ့ဒီအတွက်လဲ ငယ်ငယ်က ခံစားခဲ့ရတဲ့ စာအုပ်ငှားဆိုင်လေးတွေကနေ ငှားရတဲ့ကိစ္စဆိုတာကလဲ မရှိသလောက်ကို ဖြစ်သွားပါပြီ။ စာဖတ်တဲ့ လူတွေနည်းလာပေမဲ့လဲ လူအမျိုးမျိုးအဖုံဖုံကတော့ သူတို့ကြိုက်နှစ်သက်တဲ့ နည်းလမ်းလေးတွေနဲ့ စာကိုဖတ်နေကြတုန်းပါ။ အဲ့ဒီထဲမှာ ခေတ်နဲ့ အညီဖြစ်တာကတော့ အင်တာနက်ကနေ ရုပ်ပြစာအုပ်တွေကိုဖတ်တာပါပဲ။
ဇာတ်လမ်းလေးကတော့ ဖုန်းရွှယ်ဆိုတဲ့ ကောင်မလေးက အဲ့လိုမျိုးရုပ်ပြတွေကို ဝဘ်ဆိုက်ကနေ ဖတ်လို့ရအောင် ရုပ်ပြတွေကို ထုတ်နေတဲ့ ပန်းချီဆရာမတစ်ယောက်ပါ။ ရုပ်ပြစာအုပ်တွေကို အရမ်းသဘောကျပြီး ဒီရုပ်ပြစာအုပ်တွေကို ဖန်တီးနေရရင် ပျော်နေသူတစ်ယောက်ပါ။ ရုံးဆိုတော့ ထုံးစံအတိုင်း အပြိုင်အဆိုင်လေးတွေကလဲ ရှိပါသေးတယ်။ အဲ့ဒါကတော့ တစ်ပိုင်းပေါ့။ နောက်တစ်ပိုင်းကတော့ ဖုန်းရွှယ်ရေးနေတဲ့ ရုပ်ပြစာအုပ်အကြောင်းပါ။ ဒီရုပ်ပြစာအုပ်ထဲမှာတော့ ဖုန်းရွှယ်ဆိုတဲ့ ကောင်မလေးက အချုပ်အနှောင်ကနေ လွတ်လာမဲ့မိစ္ဆာကို ပြန်ပြီး ချုပ်နှောင်ဖို့တာဝန်ရှိတဲ့သူပါ။ ရုံးတွင်းပြသနာလေးတွေနဲ့ ရုပ်ပြထဲက ဇာတ်လမ်းလေးကို တစ်လှည့်စီ ပြသထားတာပဲဖြစ်ပါတယ်။
တရုတ်ကားဆိုတော့ သိတဲ့အတိုင်းပဲ CGI ကတော့ မပါမဖြစ်ပဲပေါ့။ ခေါင်မိုးပေါ်မှာ ပြေးတဲ့အပိုင်းဆို ရယ်ပါရယ်မိပါတယ်။ ငယ်ငယ်လေးကတည်းက ရုပ်သံလိုင်းတွေမှာကြည့်ခဲ့ရတဲ့ ကြိုးနဲ့ဆွဲတဲ့ တရုတ်သိုင်းကားတွေမကြည့်ဖြစ်တော့ ကတည်းက သိုင်းကားနဲ့ တစ်ခန်းရပ်ခဲ့တာဆိုတော့ အခုလိုပြန်ကြည့်ရတော့ နည်းနည်းတော့ ကျွန်တော့်အတွက်ကြည့်ရတာ သိပ်အဆင်မပြေနေပါဘူး။ တရုတ်သိုင်းကားတွေကို စဥ်ဆက်မပြတ်ကြည့်လာတဲ့လူတွေအတွက်တော့ သူ့ဟာနဲ့သူအသားကျနေမယ်လို့ ယုံကြည်ပါတယ်။ သူ့ဘာသာသူ ဘယ်လိုကြီးပဲဖြစ်နေဖြစ်နေ တရုတ်မလေးတွေပါနေတော့ ကြည့်ရတန်ပါတယ်။
Translated & Review by Aung Htoo Khaing
Encoded by MgKyaw
Quality – Web-DL
Size – 910MB / 330MB
Genres – Action, Fantasy
Run Time – 1 Hr 30 mins