What's happening?

Video Sources 3807 Views Report Error

  • Watch traileryoutube.com
Intrusion (2021)

Intrusion (2021)

The quietest towns hide the darkest secrets.Sep. 22, 2021USA93 Min.Not Rated
Your rating: 0
7 1 vote

Synopsis

Intrusion (2021)
 
အလုံခြုံဆုံးလို့ထင်တဲ့နေရာက ခြောက်ခြားဖွယ်နေရာတစ်ခုဖြစ်လာတဲ့အခါ၊ အယုံကြည်ရဆုံးသူက အန္တရာယ်အရှိဆုံးသူ ဖြစ်နေတဲ့အခါ….။
 
အိမ်ထောင်သက် ၁၂ ကြာပြီဖြစ်တဲ့ Meera နဲ့ Henry တို့ဇနီးမောင်နှံဟာ Corrales ဆိုတဲ့ မြို့ငယ်လေးကိုပြောင်းရွှေ့လာကြပါတယ်။ ကိုယ်တိုင်ဒီဇိုင်းဆွဲတည်ဆောက်ထားတဲ့ အိမ်လေးမှာ နှစ်ကိုယ်တူအေးအေးချမ်းချမ်းနေဖို့ပါပဲ။ ဒါပေမဲ့ လက်တွေ့မှာတော့ အဲဒီလိုဖြစ်မလာခဲ့ပါဘူး။ အိမ်ပြောင်းပြီးသိပ်မကြာခင်မှာပဲ အိမ်ထဲမှာခြေရာလက်ရာပျက်နေတာတွေ၊ ပစ္စည်းတွေဖျက်ဆီးထားတာတွေနဲ့ ဖောက်ထွင်း၀င်ရောက်တဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။ ရဲတိုင်ပြီးစုံစမ်းခဲ့ပေမဲ့ သံသ‌ယတွေကတော့ သို့လောသို့လောပါပဲ…။ မကြာခင်ကမှ ကင်ဆာရောဂါကုသပျောက်ကင်းထားတဲ့ Meera ဟာ ဖောက်ထွင်းခံရမှုနဲ့ပတ်သက်လို့ စိတ်ခြောက်ခြားကာ သံသယတွေများလာပါတယ်။ တစ်နေ့မှာတော့ Meera တစ်ယောက် ဘယ်လိုမှ မထင်မှတ်ထားတဲ့အမှန်တရားတစ်ခုကို á€›á€¾á€¬á€á€½á€±á€·á€žá€½á€¬á€¸á€á€²á€·á€•á€«á€á€šá€ºá‹ သူ့အတွက်တော့ ခါသီးလွန်းတဲ့အမှန်တရားပါ။
 
အိမ်ဖောက်ထွင်းမှုရဲ့ နောက်ကွယ်က ကြောက်စရာအဖြစ်တွေဟာ ဘယ်သူကကျူးလွန်ပြီး၊ ဘာကြောင့်ဖြစ်လာခဲ့တာလဲ…။ Meera ရဲ့သံသယတွေက မှန်ကန်ပါ့မလား၊ စိတ်ခြောက်ခြားမှုသက်သက်လား၊ ဖြစ်လာသမျှအရာတွေကို ရှေ့ဆက်ဘယ်လိုရင်ဆိုင်မလဲဆိုတာ... ရင်တတိတ်ထိတ် ကြည့်ရှုကြရမှာဖြစ်ပါတယ်။ Thriller ကို Drama လေးနှောထားပြီး တကယ်ကို စိတ်၀င်စားစရာကောင်းတာမို့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကြည့်ပရိသတ်တွေအတွက် ရှယ်ညွှန်းပေးလိုက်ပါတယ်နော်။ 
 
Review by Cherry Mon

* Application မှာလည်း ကြည့်လို့ရပါပြီ *

Google Play Store Link – https://play.google.com/store/apps/details?id=com.yeyint.goldchannelrework

Apk Pure Link – https://apkpure.com/gold-channel-movies/com.yeyint.goldchannelrework

=======================

Intrusion (2021)
Original title Intrusion

Similar titles

Taya
Gold
American Wisper
Pursuit
Squealer
Evaru (2019)
The Black Spider
Burn Out
The White Storm (2013)
Maestro (2021)
The Night House (2021)
Manodrome