What's happening?

Video Sources 12039 Views Report Error

  • Watch traileryoutube.com
High & Low: The Worst (2019)

High & Low: The Worst (2019)

Oct. 04, 2019125 Min.PG
Your rating: 0
10 4 votes

Synopsis

High & Low: The Worst (2019)
=================================
GC ပရိသတ်ကြီးအတွက် မတင်ဆက်​ပေးတာကြာပြီဖြစ်တဲ့ ဂျပန်ရုပ်ရှင်​လေး​တွေဖက်ကို တစ်ချက်သွားရ​အောင်။ ဒီတစ်ခါမှာ​တော့ ပရိသတ်တစ်​ယောက် ​တောင်းဆိုထားတဲ့ ဂျပန်ကား​လေးတစ်ကားပါ။ ဇာတ်ကားနာမည်က​တော့ High&Low The Worst ပါ။

ဒီကား​လေးက​တော့ ထူးခြားတယ်ဗျ။ သူတို့ဘာသာကမ္ဘာတစ်ခုတည်ထားသလိုဖြစ်​နေတာ။ ကမ္ဘာတစ်ခုလို့ ​ပြောလိုက်လို့ Marvel တို့ DC တို့လို နာမည်​တွေနဲ့ ကမ္ဘာမဟုတ်ဘူး။ High&Low လို့​ခေါ်တဲ့ ကမ္ဘာတစ်ခု​ပေါ့။ သူက ရုပ်ရှင်လို့ပဲ ကွက်ပြီး​ပြောလို့မရဘူး။ ဘာလို့လဲဆို​တော့ High&Low ဆိုတဲ့ ​​ခေါင်းစဥ်​အောက်မှာ Tv Series ရုပ်ရှင်နဲ့ တခြား မီဒီယာလုပ်ငန်း​တွေဖြစ်တဲ့ သီချင်း​တွေ Live Show ​တွေအပြင် Mobile Game စာအုပ် မန်ဂါနဲ့ Anime ​တွေပါပါဝင်​နေပါတယ်။

High&Low ဆိုတဲ့ ကမ္ဘာမှာ​တော့ Exile Tribe လို့​ခေါ်တဲ့ LDH ကုမ္ပဏီ​အောက်က Exile, Exile The Second, Sandaime J Soul Brothers, Generations, The Rampage, Fantastics, Ballistik Boyz နဲ့ Gekidan Exile တို့ပဲ ဖြစ်ပါတယ်။ Exile Tribe ကို​တော့ 2012 က​နေ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယ​နေ့ထိ တည်ရှိ​နေတာပဲဖြစ်ပါတယ်။ Exile Tribe မှာ​တော့ သီချင်း​တွေနဲ့ အက​တွေပါဝင်မှာဖြစ်ပါတယ်။

Exile Tribe အ​ကြောင်းကို ​ပြောပြီးပြီဆို​တော့ အခု High&Low ဘက်​လေးကို တစ်ချက်ပြန်သွားမယ်။ High&Low ကို​တော့ 2015 မှာ ထွက်ရှိခဲ့တဲ့ High&Low: The Story of S.W.O.R.D. Tv Series နဲ့ စတင်ခဲ့တာဖြစ်ပြီး Season အ​နေနဲ့က​တော့ နှစ်ခုရှိခဲ့ပါတယ်။ အဲ့ဒီ​နောက်မှာ​တော့ Tv Series ​​တွေ အ​နေနဲ့ထွက်ရှိခဲ့တာဆိုရင် High&Low The DTC, The Worst Episode.O, High&Low The Best Bout တို့ပဲဖြစ်ပါတယ်။

ရုပ်ရှင်ပိုင်းအ​ကြောင်း​ပြောရရင်​တော့ 2015 မှာ ထွက်ရှိခဲ့တဲ့ အရှိန်နဲ့ 2016 မှာ Road to High&Low နဲ့ High&Low The Movie ဆိုပြီး ဖြစ်လာတာပါ။ အဲ့ဒီ​နောက်မှာ​တော့ High&Low The Movie 2 နဲ့ 3 ဆိုပြီး 2017 မှာထွက်ရှိခဲ့ပါတယ်။ Spin off ​တွေအ​နေနဲ့ဆိုရင်​တော့ High&Low The Red Rain, DTC -Yukemuri Junjou Hen- from High&Low နဲ့ ယခု GC က​နေတင်ဆက်​ပေးလိုက်တဲ့ High&Low The Worst တို့ပဲဖြစ်ပါတယ်။

Spin off ဆိုပြီး သွားရှုပ်လို့မရဘူး။ Rating က IMDb မှာ 8.2 ​တောင်ရှိတယ်ဗျာ။ သရုပ်​ဆောင်​တွေအ​နေနဲ့ဆိုရင်​တော့ ဂျပန်ကားဖြစ်တဲ့အတွက် ဂျပန်ကား​တွေ ​တော်​တော်များများမှာ သရုပ်​​ဆောင်ဖူးတဲ့ သရုပ်​ဆောင်​တွေ​ရော High&Low ​ရုပ်ရှင်​တွေမှာပဲ သရုပ်​ဆောင်တဲ့ သရုပ်​ဆောင်​တွေပါ​ရော​နေပါတယ်။ အဲ့ဒီထဲမှာ​တော့ Kamen Rider fan ​တွေနဲ့ ရင်းနှီး​နေမဲ့ Kamen Rider Zi-O မှာ Kamen Rider Aqua ​နေရာက သရုပ်​ဆောင်တဲ့ Atsushi Arai လဲ ပါဝင်မှာဖြစ်ပါတယ်။

ဇာတ်လမ်းအ​ကြောင်းက​တော့ Demon High School ကို Parttime နဲ့ Fulltime ဆိုပြီးနှစ်ပိုင်း ပိုင်းလိုက်ပါတယ်။Yoshiki Murayama က​တော့ Demon High School ရဲ့ ​ကျောင်းအုပ်ဖြစ်ပြီး​တော့ Kaede Hanaoka က​တော့ fulltime ကမ္ဘာကို အပိုင်သိမ်းဖို့ ရည်ရွယ်ချက်ရှိ​နေတဲ့သူပါ။ ဘာလို့ အဲ့လိုရည်ရွယ်ချက်ရှိရတာလဲဆို​တော့ တစ်​နေ့ကျရင် Murayama ကို စိန်​ခေါ်ဖို့အတွက်ပါ။

ဂျပန်ကား​တွေဆိုရင် လူ​တွေကအနုအယွ​လောက်လို့ပဲထင်တတ်ကြတယ်။ ထင်ရင်လဲထင်စရာပဲ​လေ အဲ့လိုကား​တွေက အရမ်းမှိုလို​ပေါက်​နေတာကိုး။ အားလုံးသိတဲ့အတိုင်းပဲ ဂျပန်ဆိုတာ Street Fashion ကို အရမ်းအ​လေးထားတဲ့နိုင်ငံ။ ဂိုဏ်းဘာညာဆိုတာကလဲ ​ပေါမှ​ပေါ။ တချိန်ကလဲ အားလုံးဖိန့်ဖိန့်တုန်​အောင်​ကြောက်ရတဲ့ ဆာမူရိုင်း​တွေဆိုကလဲ ဒုနဲ့​ဒေး။ အဲ့လိုဆို​တော့ ဒီ High&Low ဆိုတဲ့ ကမ္ဘာထဲက ဂိုဏ်း​တွေကြားက အားပြိုင်မှုဆိုတာက ကြည့်မ​​ကောင်းစရာအ​ကြောင်းကိုမရှိတာပါ။

​​အခု​တော့ ပရိသတ်တစ်​ယောက်​တောင်းဆိုထားမှု​ကြောင့် မလုပ်တာကြာပြီဖြစ်တဲ့ ဂျပန်ဘက်ကိုသွားလိုက်ပြီး​တော့ ဒီကား​လေးကို သ​ဘောကျလို့ ကျန်တဲ့ ရုပ်ရှင်​လေး​တွေကိုပါ ကြည့်ဖို့ ဆန္ဒရှိရင်​တော့ ​အောက်က Comment box မှာ ​ရေးသွား​ပေးကြပါဦး။ ​ကြည့်ချင်တာ​လေး​တွေရှိရင်လဲ ​ရေးသွား​ပေးလို့ရပါတယ်။ ကျွန်​တော်တို့ အလျဥ်းသင့်ရင် သင့်သလို တင်ဆက်​ပေးသွားပါ့မယ်။

Review by Aung Htoo Khaing
Translated by Thu Nay Nay & Kg Zar Ni
Encoded by MgKyaw
Quality – Web-DL
Size – 1GB / 460MB
IMDB – 8.1
Genres – Action
Run Time – 2 Hr 5 mins

Download လုပ်ရတာအဆင်မပြေတဲ့လူတွေ အနေနဲ့ ကျွန်တော်တို့ Application လေးကို Gold Channel Drama Page ရဲ့ Messenger မှာ Application Download Link , Username နဲ့ Password တို့ကို လာတောင်းလို့ရပါတယ်နော်

High & Low: The Worst (2019)
Original title High & Low: The Worst
IMDb Rating 8.9 70 votes

Director

Cast

Aoi Yo isShoji Sawamura
Shoji Sawamura
Ken Aoki isNakakuki
Nakakuki
Atsushi Arai isKenzo Shida
Kenzo Shida

Similar titles

Pushpa: The Rise – Part 1
Blade II (2002)
The Hitman’s Bodyguard (2017)
Dogman
SPL: Kill Zone
Rise of the Footsoldier 4: Marbella (2019)
Elektra (2005)
Black Noise
Gemini Man (2019)
Rowdy Boys
The Last Witch Hunter
Bear Man 2023