What's happening?

Havana

Havana

Sep. 30, 2023101 Min.
Your rating: 0
8 1 vote

Synopsis

လျှိဝှက်နက်နဲမှု, လှပဆန်းကြယ်မှုနဲ့ ချစ်ခြင်းမေတ္တာတရားတို ပေါင်းစပ်ထားတဲ့ ဟာဗားနားမြိုတော်လိုမျိုး ဇာတ်လမ်းတစ်ခုတည်းမှာ ရသစုံ ခံစားကြည့်ရှုရမယ့် Havana ကိုရီးယားရုပ်ရှင်ဇာတ်ကား။

ဒီဇာတ်ကားကတော့ အမှုလိုက်ရှေ့နေ့ တစ်ယောက်ရဲ့ တရားခွင် အတွေ့အကြုံကို နောက်ခံထား ရိုက်ကူးထားပါတယ်။ ရှေ့နေကားဖြစ်တဲ့အတွက် ဖုံးကွယ်ထားတဲ့ လျှိဝှက်ချက်‌ေတွ အမှုအသွားအလာ မာယာများပုံတွေကို ခံစားကြည့်ရှုရမှာပါ။

ဇာတ်ကားက အမှုပဲလိုက်နေတာမျိုး မဟုတ်ပဲ ရှုပ်ထွေးနေတဲ့ အထုံးကို တစ်ရစ်ချင်း ဖော်ထုတ်သွားတာမျိုးပါ။ ဇာတ်လမ်းအကျဉ်း ပြောရရင် တက်သစ်စ ရှေ့နေတစ်ယောက်ရဲ့ အမှုကြီးတစ်ခုဖြစ်တဲ့ လူသတ်မှုကို ကိုင်ရတာပါ။

ဆောင်းယွန်းနာက ကိုယ့်ခင်ပွန်းကို သတ်မှုနဲ့ အချုပ်ကျနေတဲ့ သူ ဖြစ်ပါတယ်။ သူတိုမှာ အသက် 8 နှစ်ကျော်အရွယ် သမီးလေး တစ်ယောက်ရှိပြီး သူ့ယောက်ျားသေဆုံးမှုမှာ သမီးဖြစ်သူက အဓိက မျက်မြင်သက်သေ ဖြစ်လာတဲ့အခါ…

ကိုယ်ချစ်ရတဲ့သူကို ကာကွယ်ပေးချင်တဲ့စိတ်
ငယ်ရွယ်သေးတဲ့ ကလေးတစ်ယောက် စိတ်ဒဏ်ရာ ရသွားမ‌ှာစိုးတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာတရား
နောက်ပြီး ဖုံးကွယ်ထားတဲ့ လှပတဲ့ အမှန်တရားက ဘာလဲ
စတာတွေကို ဇာတ်လမ်းအဆုံးထိ ပဟေဠိညှိသွားမယ့် Havana ရုပ်ရှင်ဇာတ်ကားကြီးကို Gold Channel ကနေ ဘာသာပြန်တင်ဆက် ပေးလိုက်ပါတယ်ရှင်

Review by Claudia
Translated by Sharon and Claudia
Encoded by Cham

Havana
Original title 폭로
TMDb Rating 6 1 votes

Director

Hong Yong-ho
Director

Cast

Similar titles

Hounded
Squealer
Scarface
Pain & Gain
The Operative (2019)
The Price of Perfection
Nobody Sleeps in the Woods Tonight (2020)
Vacancy
Dial 100 (2021)
Blood Money (2017) ????????????????
Rewind (2021)
Encounter (2021)