What's happening?

Video Sources 4517 Views Report Error

  • Watch traileryoutube.com
  • HDUnknown resource
  • SDUnknown resource
Die in a Gunfight (2021)

Die in a Gunfight (2021)

Love is messy.Jul. 01, 2021USA92 Min.R
Your rating: 0
8 1 vote

Synopsis

Die in a Gunfight (2021)
=============================
ဒီဇာတ်လမ်း‌လေးကတော့ 2021 ထွက် romantic crime film အမျိုးအစား ကား‌ကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဒီကားထဲမှာ Ben နဲ့‌ Mary ဆိုတဲ့လူငယ်လေးနှစ်ယောက် ကြားက အချစ်ဇာတ်လမ်းလေးကို မြင်တွေ့ရမှာဖြစ်ပြီး ဒီကားလေးကိုတော့ ခေတ်သစ်ရိုမီယိုနဲ့ ဂျူးလိယက်လို့ကို ပြောကြပါတယ်၊ ပုံမှန်မြင်တွေ့နေကြ အချစ်ဇာတ်လမ်းတွေနဲ့မတူတာကတော့ ဒီကားထဲမှာက ဇာတ်ကောင်နှစ်ယောက်ရဲ့သူတို့ဘ၀အပေါ်ခံယူချက်, အများနဲ့မတူတဲ့စိတ်ထားတွေအပြင် တစ်ခါတစ်‌လေမှာတော့ဇာတ်ကောင်တွေရဲ့ အတွေးခပ်ဆန်းဆန်းလေးတွေကိုပါ လှစ်ဟပြထားပါတယ်။

Ben နဲ့ Mary တို့ရဲ့မိသားစုနှစ်စုက မြို့မျက်နှာဖုံးတွေဖြစ်ကြပေမယ့် အဖြစ်အပျက်တစ်ခုကြောင့် ဆက်ဆံရေးမပြေလည်ကြပါဘူး၊ အဲဒါ့အပြင် Ben နဲ့ Mary တို့က သူတို့အပေါ်မျှော်လင့်ချက်ကြီးလွန်းကြတဲ့ မိဘ‌တွေကို အဖြစ်အပျက်အမျိုးမျိုးနဲ့ စိတ်ပျက်စေခဲ့တဲ့သူပါ
အထူးသဖြင့် Ben ပါပဲ ၊ အများနဲ့မတူတဲ့စရိုက်တွေကို ပိုင်ဆိုင်ထားတဲ့ သူတို့နှစ်ယောက်နဲ့မိသားစုကြားက ကွာခြားမှုတွေက သူတို့အတွက်စိတ်ပင်ပန်းစရာ, အထီးကျန်စရာအခြေအနေတွေ ဖြစ်လာရပါတော့တယ် အဲဒီလိုအခြေအနေမှာ သူတို့ကတစ်ယောက်အပေါ်တစ်ယောက် ချစ်မိခဲ့ကြပါတယ်

တင်းမာတဲ့အခြေအနေတွေကြားကနေ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို ဘယ်လိုရှေ့ဆက်ကြမလဲ၊ သူတို့နှစ်ယောက်ရဲ့ဇာတ်သိမ်းကရော ဘယ်လိုဖြစ်မလဲ၊ Die in a Gunfight ဆိုတဲ့ခေါင်းစဉ်လေးက‌ရော ဘာကိုရည်ရွယ်ထားတာလဲဆိုတာတော့ ဒီကားထဲမှာပဲ ကြည့်ရူအဖြေရှာပေးကြပါဦး

Translated and Review by Aye Phyo Mon

* Application မှာလည်း ကြည့်လို့ရပါပြီ *
Google Play Store Link – https://play.google.com/store/apps/details?id=com.yeyint.goldchannelrework

Apk Pure Link – https://apkpure.com/gold-channel/com.gc.movies11

=======================

Die in a Gunfight (2021)
Original title Die in a Gunfight
TMDb Rating 6 2 votes

Director

Cast

Similar titles

Point Break (1991)
Love Destiny: The Movie
Diamonds Are Forever (1971)
Jane’s Summer
Attraction
Spider-Man: Into the Spider-Verse (2018) မြန်မာစာတမ်းထိုး
SPL: Kill Zone
Love You My Arrogance
Dangerous
Dasara
Boy Bastos
Ashfall