What's happening?

Video Sources 5629 Views Report Error

  • Watch traileryoutube.com
Crazy About Her (2021)

Crazy About Her (2021)

Feb. 26, 2021Spain102 Min.PG
Your rating: 0
5 1 vote

Synopsis

Crazy About Her (2021)
========================

ဒီတစ်ခါပရိသတ်ကြီးကိုမိတ်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Netflix ကနေမကြာသေးမီက ထုတ်လွှင့်ပြသခဲ့တဲ့ Crazy About Her ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Feb 26/2021မှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီးတော့ lMDb 6.5/10ရရှိထားပါတယ်။ ဒီဇာတ်ကားလေးထဲမှာ စိတ်ကျရောဂါသည်ကောင်မလေးတစ်ယောက်ကို ချစ်မိသွားတဲ့ကောင်လေးတစ်ယောက်ရဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကို မြင်တွေ့ရမှာဖြစ်ပါတယ် ။

ကိုယ်ချစ်မိတဲ့မိန်းကလေးက စိတ်ကျဝေဒနာခံစားနေရတဲ့လူတစ်ယောက်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ဒီကောင်မလေးရဲ့အချစ်ကိုရဖို့ ဆက်ကြိုးစားမလား။ နောက်ဆုတ်သွားမလား။ တကယ်ချစ်တဲ့လူတစ်ယောက်ကတော့ ဘယ်တော့မှနောက်ဆုတ်သွားမှာမဟုတ်ပါဘူး။

ဇာတ်လမ်းအကျဉ်းလေးကတော့ အာဒရီဟာ သူငယ်ချင်းနှစ်ယောက်နဲ့ ဘားတစ်ခုမှာရောက်နေပါတယ်။ ရွှေရောင်ဆံနွယ်မိန်းမလှလေးကိုရအောင်လိုက်ဖို့ သူတို့သူငယ်ချင်းသုံးယောက် အလောင်းအစားလုပ်ပါတယ်။ အာဒရီ ကောင်မလေးဆီကိုချည်းကပ်ဖို့အသွားမှာ ကပ်တလာဆိုတဲ့မိန်းကလေးနဲ့ မတော်တဆတိုက်မိသွားပါတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက် ပြီးပြည့်စုံတဲ့ညတစ်ညကို အတူမျှဝေလိုက်ကြပါတယ်။ ကပ်တလာကတော့ အပျော်လို့သဘောထားပြီး ထွက်သွားခဲ့ပေမယ့် အာဒရီကတော့ သူမကိုမမေ့ဖျောက်နိုင်ခဲ့ပါဘူး။ သူမကုတ်အင်္ကျီထဲမှာတွေ့တဲ့ လိပ်စာအတိုင်း စုံစမ်းကြည့်တဲ့အချိန်မှာတော့ စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ သူမကိုရှာတွေ့သွားခဲ့ပါတယ်။ ဧည့်သည်တစ်ယောက်အနေနဲ့ သူမကိုသွားရောက်တွေ့ဆုံခဲ့ပေမယ့် တရားဝင်စာရင်းပေးသွင်းထားတဲ့ဧည့်သည်မဟုတ်လို့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။

ဒီလိုနဲ့ဆရာဝန်တစ်ယောက်ကို လာဘ်ထိုးပြီး စိတ်ကျန်းမာရေးဆေးရုံကို ဝင်ခွင့်ရဖို့ကြိုးစားပါတော့တယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ စိတ်ကျန်းမာရေးဆေးရုံရောက်ရင် ကပ်တလာကိုတွေ့အောင်ရှာပြီး သူမရဲ့ဖုန်းနံပါတ်ကိုတောင်းပြီးပြန်လာရုံပါ။ ဒါပေမယ့် ကပ်တလာကသူ့ကို မသိဘူးလို့ငြင်းလိုက်တဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ သူလက်လျှော့ပြီး ပြန်သွားမှာလား။ စိတ်ရောဂါသည်တွေစုနေတဲ့ဆေးရုံမှာ သူဘယ်လိုသင်ခန်းစာတွေရမလဲ။ သူတို့အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုဆက်ဖြစ်သွားမလဲ ဆိုတာဒီဇာတ်ကားလေးကို ဆက်လက်ကြည့်ရှုရင်း ဘဝအမောလေးတွေဖြေဖျောက်လိုက်ပါဦး ပရိသတ်ကြီးရေ။

Translated and Review by Maymie Kyaw
Encoded by Noah
Quality – Webrip
Size – 1GB / 400MB
IMDB – 6.5
Genres – Comedy, Romance
Run Time – 1 Hr 42 mins

Crazy About Her (2021)
Crazy About Her (2021)
Original title Loco por ella
TMDb Rating 7.6 82 votes

Similar titles

Coming 2 America (2021)
Guns Akimbo (2019)
The Princess and the Matchmaker
Amsterdam
Zombieland (2009)
Straight Up
Travel to the East
Ralph Breaks the Internet
Shortcomings
The Wedding Veil Expectations
Abominable
Perfect Match: True Love (2018) မြန်မာစာတမ်းထိုး