What's happening?

Video Sources 4835 Views Report Error

  • FHD Direct StreamingUnknown resource
  • HD Direct StreamingUnknown resource
  • HD Direct StreamingUnknown resource
Antlers

Antlers

Your rating: 0
9 1 vote

Synopsis

Antlers (2021)

========

Horror/Mystery movie ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင် IMDb 6.2/10 ရရှိထားပြီးတော့ Horror ဇာတ်လမ်းကြိုက်နှစ်သက်‌သူတွေ နှစ်သက်သဘောကျစေမယ့်  á€‡á€¬á€á€ºá€€á€¬á€¸á€€á€±á€¬á€„်းလေးတစ်ကားဖြစ်ပါတယ်။

လူးကပ်စ်ဟာ သူ့အဖေ ဖရန့်ခ်အလုပ်လုပ်နေတဲ့ မိုင်းတွင်းတစ်ခုကို လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့အဖေက လူးကပ်စ်ကို မိုင်းတွင်းထဲမဝင်လာဖို့ အကြိမ်ကြိမ်သတိပေးထားခဲ့ပါတယ်။ လူးကပ်စ်ဟာ သူ့အဖေကိုစောင့်နေရင်းက မမျှော်လင့်ထားတဲ့အသံတစ်ခုကြားလိုက်ရပါတယ်။ အဖေဖြစ်သူရောက်လာတော့ သူအသံတစ်ခုကြားလိုက်တဲ့အကြောင်းပြောပြပေမယ့် ဖရန့်ခ်က သူတို့အလုပ်လုပ်တဲ့နေရာက ထွက်တဲ့အသံလို့ ပြောလိုက်ပါတယ်။ အလုပ်လက်စသတ်ဖို့ကျန်နေသေးတာကြောင့် သားဖြစ်သူလူးကပ်စ်ကို ကားထဲမှာနေဖို့ပြောပြီး မိုင်းတွင်းထဲကို ပြန်သွားခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ ကန်နီနဲ့ ဖရန့်ခ်တို့ အလုပ်လုပ်နေတဲ့အချိန်မှာ ထူးဆန်းတဲ့အသံတစ်ခုကို ကြားလိုက်ရပါတယ်။ သူငယ်ချင်းနှစ်ယောက် အသံလာရာဆီကို သွားကြည့်ဖို့ကြိုးစားရင်းက ကြောက်မက်ဖွယ်ကောင်းတဲ့သတ္တဝါတစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရပါတော့တယ်။

လူးကပ်စ်ဟာ ကျောင်းမှာလည်း သူငယ်ချင်းတွေအနိုင်ကျင့်တာကို အမြဲခံရပါတယ်။ အမြဲတစ်ယောက်တည်း အထီးကျန်နေတဲ့လူးကပ်စ်ကို သူ့ရဲ့ဆရာမဖြစ်သူဂျိုးစ်က အမြဲသတိထားကြည့်နေခဲ့ပါတယ်။ လူးကပ်စ် အခုလိုအထီးကျန်ဖြစ်နေရတဲ့အကြောင်းအရင်းကို သိရဖို့ လူးကပ်စ်နဲ့ ရင်းနှီးအောင်ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တစ်ရက်မှာတော့ လူးကပ်စ်ရဲ့အဖေနဲ့တွေ့ဖို့အတွက် ဆရာမဖြစ်သူဂျိုးစ်ဟာ လူးကပ်စ်တို့အိမ်ကိုသွားခဲ့ပါတယ်။ ဒါပေမယ့် အိမ်ထဲမှာ ဘယ်သူမှရှိမနေတာနဲ့ ပြန်လာခဲ့ပါတယ်။ လူးကပ်စ်ရဲ့ ထူးဆန်းတဲ့လုပ်ရပ်တွေအကြောင်းကို á€€á€»á€±á€¬á€„်းအုပ်ကြီးကိုပြောပြပြီးတော့ လူးကပ်စ်ရဲ့အဖေနဲ့သွားရောက်တွေ့ဆုံပေးဖို့ အကူအညီတောင်းလိုက်ပါတယ်။ လူးကပ်စ်တို့အိမ်ထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဘယ်လိုအရာတွေရှိနေမလဲ? ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲ? ဒီအန္တရာယ်တွေကြားကနေ လူးကပ်စ်ကို ကယ်တင်ဖို့ ဂျိုးစ်နဲ့သူ့အစ်ကို ဘယ်လိုကြိုးစားကြမလဲ…..

Translated by Maymie Kyaw & Lynn Kha

Reviewed by Maymie Kyaw

Director

Director

Cast

Similar titles

A Perfect Host
Line Walker 2016
Serious Men (2020)
Binding Souls (2019)
Down a Dark Hall
Suitable Flesh
Diabolique
Ditched
Waking Karma
Blurr
Run with the Hunted
Blood Quantum