What's happening?

Video Sources 2612 Views Report Error

  • Watch traileryoutube.com
American Werewolves

American Werewolves

Jul. 05, 2022USA81 Min.Not Rated
Your rating: 0
6 1 vote

Synopsis

American Werewolves (2022) ============================== Werewolves ဆိုတော့ အားလုံးလည်းသိကြပြီးတဲ့အတိုင်း သမန်းဝံပုလွေပေါ့။ ရုပ်ရှင်အကြောင်း ဆက်မပြောခင် သမန်းဝံပုလွေဆိုတာ ဘယ်လိုအကောင်ကြီးတွေလဲ။ ဘယ်ကဆင်းသက်လာတာလဲ။ တစ်ကယ်ရောရှိရဲ့လားဆိုတာတွေ အရင်မေးခွန်းထုတ်ကြည့်ရအောင်။ ‌အားလုံးသိကြတဲ့အတိုင်း သမန်းဝံပုလွေဆိုတာ လူသားနဲ့ဝံပုလွေကို အချိုးကျပေါင်းစပ်ထားတာပါ။ အရပ်အမောင်းကလည်း ၇ ပေ ၈ ပေလောက်ထိရှိမယ်။ ရင်အုပ်ကျယ်တယ်။ နားရွက်က အပေါ်ထောင်နေမယ်။ ချွန်ထက်တဲ့ သွားတွေ၊လက်သည်းတွေရှိပြီး ရက်စက်ကြမ်းကြုတ်တယ်။ မတ်တပ်သွားတာလည်းရှိသလို လေးဘက်သွားတာမျိုးလည်းရှိတယ်။ နေ့ခင်းဘက်ဆို သာမန်လူ‌တွေလိုပဲ လူသားတွေနဲ့ ရောထွေးနေထိုင်တယ်။ လပြည့်ည‌ရောက်မှ ဝံပုလွေအဖြစ်ပြောင်းသွားပြီး အသိစိတ်လွတ်ကာ လူတွေကိုရန်မူတတ်တယ်။ ဒါတွေကတော့ အတော်များများသိကြတဲ့ ထင်ရှားတဲ့ သူ့ဝိသေသတွေပေါ့။ တစ်ကယ်တော့ သမန်းဝံပုလွေဆိုတာ အခုမှပေါ်ပေါက်လာတာမျိုး မဟုတ်ပါဘူး။ ဟိုးရှေးပဝေဏသီကတည်းကရှိခဲ့ပြီး Greek, Nordic နဲ့ Native Mythologies တွေမှာလည်း အမျိုးမျိုး‌ ပုံဖော်ခဲ့ကြပါတယ်။ ကမ္ဘာ‌ပေါ်မှာ ပထမဆုံးအဖြစ် ကလေးမလေးတစ်ယောက်ကို သတ်ခဲ့တဲ့ လူတစ်ယောက်ကို နတ်ဘုရားတစ်ပါးက အပြစ်ပေးတဲ့အနေနဲ့ ဝံပုလွေခေါင်းပြောင်းပေးခဲ့ရာက သမန်းဝံပုလွေဆိုတာ စတင်ပေါ်ပေါက်ခဲ့တယ်ဆိုတာမျိုး၊ ဂရိဒဏ္ဍာရီမှာ Lycaon ဆိုတဲ့ ဘုရင်တစ်ပါးက နတ်ဘုရားတွေကို ပုန်ကန်ဆန့်ကျင်ခဲ့တာကြောင့် Zeus က အပြစ်ပေးတဲ့အနေနဲ့ ဝံပုလွေတစ်ပိုင်းအဖြစ်ပြောင်းလဲခဲ့ရာကနေ Lycan ဒါမှမဟုတ် Werewolf စတင်ပေါ်ပေါက်ခဲ့တယ်ဆိုတာမျိုး အစရှိသဖြင့်ပေါ့။ ဒီတော့ လက်တွေ့ဘဝမှာရော တစ်ကယ်ရှိရဲ့လား။ ဒါမှမဟုတ် ဒဏ္ဍာရီသက်သက်ပဲလား။ ဒီဇာတ်ကားကတော့ အဲ့ဒီကိစ္စကို မေးခွန်းထုတ်ထားတယ်လို့ပဲ ဆိုလို့ရပါတယ်။ မြောက်အမေရိကမှာ သမန်းဝံပုလွေလိုအကောင်တွေနဲ့ ကြုံတွေ့ရတာမျိုးတွေ နှစ်စဉ်နဲ့အမျှရှိ‌နေပါတယ်။ ဒီဇာတ်ကားကတော့ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသူတွေ၊ သုတေသနပညာရှင်တွေရဲ့ ဖြေကြားချက်တွေ၊ သူတို့အမြင်တွေကို ပြန်လည်ရိုက်ကူးပြထားတာပဲ ဖြစ်ပါတယ်။ တစ်ကယ်တော့ မြောက်အမေရိကမှာတင်ပဲမကပါဘူး။ နေရာအနှံ့မှာ နှစ်စဉ်နဲ့အမျှ ဒီလိုကြုံတွေ့ရတာတွေ ရှိနေတာပါ။ အမဲလိုက်ဖို့သွားရင်း တောထဲမှာ သမန်းဝံပုလွေလိုအကောင်နဲ့ ပက်ပင်းတိုးတာမျိုး၊ လမ်းဖြတ်ကူးနေတာကို မြင်လိုက်ရတာမျိုး၊ တစ်ခါကလည်း လယ်သမားတစ်ယောက်က တောထဲမှာ မတ်တပ်လမ်းလျှောက်သွားနေတဲ့ ဝံပု‌လွေပေါက်လေးတစ်ကောင်ကို တွေ့လိုက်တာနဲ့ သေနတ်နဲ့လှမ်းပစ်လိုက်ပြီး သွားကြည့်တော့မှ ခြေတွေ၊လက်တွေက လူတွေလိုဖြစ်နေတာ တွေ့ခဲ့ရတာမျိုး စတာတွေပေါ့။ ဒါပေမယ့်လည်း နေရာအနှံ့မှာ အစိုးရအဖွဲ့အစည်းတွေက ဒီသတင်းတွေနဲ့ပတ်သက်လို့ ပိတ်ပင်တားမြစ်ထားခဲ့တာကြောင့် သမန်းဝံပုလွေတွေ ရှိမှု၊မရှိမှုဟာ အခုချိန်ထိတော့ အတည်ပြုနိုင်သေးချင်း မရှိပါဘူး။ ဒီတော့ ခင်ဗျားတို့ရော ဘယ်လိုထင်ကြလဲဗျာ။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေရဲ့ ပြောစကားတွေကို နားထောင်ကြည့်ရင်း အတွေးပွားကြည့်ကြတာပေါ့။ Review by Lynn Kha

American Werewolves
American Werewolves
Original title American Werewolves
IMDb Rating 4.8 71 votes
TMDb Rating 5 2 votes

Director

Cast

Similar titles

The Piper
Psycho Goreman (2021)
Midsommar (2019)
Fear Street Part One: 1994 (2021)
Binding Souls (2019)
Meg 2: The Trench
Censor
Cracked
Viking Wolf
Zombieland: Double Tap (2019)
Overlord (2018)
To Your Last Death (2019)