What's happening?

Video Sources 2747 Views Report Error

  • Watch traileryoutube.com
All My Life (2020)

All My Life (2020)

Based on a true love story.Oct. 23, 2020USA93 Min.PG-13
Your rating: 0
2 1 vote

Synopsis

All My Life (2020)
==================

ဒီတစ်ခါမှာတော့ Romance ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာ အရမ်းချစ်ကြတဲ့ချစ်သူနှစ်ယောက်ရဲ့ ကြီးမားနက်ရှိုင်းတဲ့ချစ်ခြင်းမေတ္တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ IMDb 6.3/10 ရရှိထားပြီး အရမ်းကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။

ပျမ်းမျှလူတစ်ယောက်ဟာ ၂၇၃၇၅ရက် အသက်ရှင်နိုင်ပါတယ်။ ဒါပေမယ့် ကံအရမ်းကောင်းတဲ့လူတွေသာဘဲ ၂၇၃၇၅ရက်ပြည့်အောင် နေထိုင်သွားကြရပါတယ်။ ပျော်စရာနေ့ရက်တွေရှိသလို ဝမ်းနည်းကြေကွဲဖွယ်နေ့ရက်တွေလည်းရှိကြပါတယ်။ နေ့ရက်တိုင်းကတော့ ပျော်စရာတွေနဲ့ချည်းပြည့်မနေပါဘူး သတိမထားမိဘဲကုန်ဆုံးသွားတဲ့နေ့ရက်ပေါင်းလည်းမနည်းပါဘူး။

ဂျနီဖာနဲ့ဆိုးလ်တို့က အရမ်းချစ်ကြတဲ့ ချစ်သူတွေဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ပြီးနားလည်မှုလည်းအပြည့်ရှိကြလို့ သူငယ်ချင်းတွေအားကျရတဲ့အတွဲဖြစ်ပါတယ်။ နှစ်ယောက်အတူဘဝတစ်ခုကိုဖြတ်သန်းဖို့ လက်ထပ်ပွဲလေးကျင်းပမယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အသည်းကင်ဆာဆိုတဲ့ရောဂါဆိုးကြီး ဝင်ရောက်လာပါတယ်။

၆လဘဲအသက်ဆက်နိုင်မယ်လို့ ဆရာဝန်ဆီကကြားလိုက်ရတဲ့အချိန်မှာ သူတို့လက်ထပ်ပွဲလေးကျင်းပဖို့ကလည်းမသေချာတော့ပါဘူး။ ဂျနီဖာဟာ စိတ်ဓာတ်ကျနေတဲ့သူမချစ်သူကို လက်လျှော့အရှုံးမပေးလိုက်ဖို့အားပေးရင်း သူအရမ်းဖြစ်ချင်တဲ့စာဖိုမှူးတစ်ယောက်ဖြစ်လာအောင် လက်တွဲခေါ်ယူနိုင်ခဲ့ပါတယ်။ ကျန်ရှိနေတဲ့အချိန်အတိုင်းအတာလေးတစ်ခုမှာ သူတို့နှစ်ယောက် မေ့ပျောက်မရနိုင်တဲ့ပျော်ရွှင်မှုတွေကို ဘယ်လိုဖန်တီးရယူကြမလဲ။ သူငယ်ချင်းတွေစီစဉ်ပေးတဲ့ မင်္ဂလာပွဲလေးမှာ သူတို့ဘယ်လောက်ပျော်ရွှင်စိတ်လှုပ်ရှားနေကြမလဲ။ နောက်ဆုံးဘယ်လိုနှုတ်ဆက်ခွဲခွာကြမလဲဆိုတာဆက်လက်ရှုစားလိုက်ပါဦး ပရိသတ်ကြီးရေ….

Translated and Review by Maymie Kyaw
Encoded by Noah
Quality – Webdl
Size – 1GB / 370MB
IMDB – 6.3
Genres – Drama, Romance
Run Time – 1 Hr 31 mins

All My Life (2020)
All My Life (2020)
All My Life (2020)
All My Life (2020)
Original title All My Life
IMDb Rating 6.2 651 votes
TMDb Rating 6.5 11 votes

Director

Marc Meyers
Director

Cast

Similar titles

A Monster Calls (2016)
A Taxi Driver
The Flood (2019)
The American President (1995)
San Andreas
Chinese Doctors
Kingdom
Watcher
Confessions of an Invisible Girl (2021)
Haliparot
Widows
The Assistant (2019)