What's happening?

Video Sources 3939 Views Report Error

  • Watch traileryoutube.com
  • FHD Direct StreamingUnknown resource
A Cinderella Story: Starstruck (2021)

A Cinderella Story: Starstruck (2021)

Jun. 29, 2021USA100 Min.PG
Your rating: 0
10 4 votes

Synopsis

A Cinderella Story: Starstruck (2021)
========================================
စင်ဒရဲလားပုံပြင်ဆန်ဆန် အချစ်ဇာတ်လမ်းလေးတွေကို ကြည့်ခဲ့ဖူးမှာပါ။ ဘယ်တော့မှ မရိုးနိုင်တဲ့ အချစ်ပုံပြင်လေးပေါ့။ အခုလည်း ၂၀၂၁ မှာ အသစ်ထွက်ရှိလာတဲ့ ခေတ်သစ်စင်ဒရဲလားဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အမေရိကန်ကျေးလက်ဒေသတစ်ခုက ဥယျာဉ်ခြံလုပ်ငန်းနဲ့ အသက်မွေးတဲ့ နယ်သူလေး Finley ဟာ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ချင်နေသူပါ။ မမျှော်လင့်ဘဲ သူတို့နယ်မှာ ရုပ်ရှင်လာရိုက်တာနဲ့ ကြုံကြိုက်တဲ့အခါမှာတော့ သူဟာ နေရာတစ်နေရာကနေ ပါ၀င်ခွင့်ရဖို့ ကြိုးပမ်းပါတော့တယ်။ အစပိုင်းမှာတော့ အလွဲလွဲအချော်ချော်တွေ ဖြစ်ခဲ့ပါတယ်။ ဒီကြားထဲ သူ့မိထွေးနဲ့သားသမီးတွေရဲ့ကြား၀င်‌ နှောင့်ယှက်မှုကိုလည်း ခံရပါသေးတယ်။

ဒါပေမဲ့ တစ်နေ့တော့ သူဟာ ရုပ်ရှင်ထဲပါခွင့်ရမယ့် နည်းလမ်းတစ်ခုကို ရှာတွေ့သွားပါတယ်။ အဲဒီလိုနဲ့ သူဟာ နာမည်ကျော်မင်းသားချော Jackson Stone ရဲ့ စိတ်၀င်စားမှုကိုလည်း တစ်နည်းတစ်ဖုံ ရရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ထဲ ပါ၀င်ခွင့်ရရေးအတွက် သူမဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုကလည်း ရှိနေပြန်ပါတယ်။

အဲဒီလျှို့ဝှက်ချက်ကို သူ့မိထွေးတို့သားအမိတွေ သိသွားမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ…၊ သူ့အနေနဲ့ ရုပ်ရှင်ရိုက်ခွင့်ဆက်ရပါ့မလား…၊ သူမျှော်လင့်သလို ရုပ်ရှင်သရုပ်ဆောင်ဘ၀ကို ရနိုင်ပါ့မလား၊ Jackson ကရော သူ့ကိုခွင့်လွှတ်နားလည်ပေးနိုင်မလား၊ သူတို့ရဲ့အချစ်ဇာတ်လေးက အဆုံးသတ်မှာလှပပါ့မလား… ဆိုတာကို ချစ်စရာကောင်းစွာ ကြည့်ရမှာပါ။ အချစ်နဲ့
ဒရမ်မာအပြင် ဟာသလေးတွေပါ နှောထားတာကြောင့် အခုလိုအချိန်မျိုးမှာ ခဏတာစိတ်အပန်းပြေစေဖို့ ပေါ့ပေါ့ပါးပါးကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ် ညွှန်းပေးလိုက်ပါတယ်နော်။

Review by Cherry Mon

A Cinderella Story: Starstruck (2021)
A Cinderella Story: Starstruck (2021)
A Cinderella Story: Starstruck (2021)
Original title A Cinderella Story: Starstruck
IMDb Rating 6.3 80 votes
TMDb Rating 7.7 36 votes

Similar titles

Theatre: A Love Story (2020)
Brochevarevaru Ra
Love 911
Book of Love
Destination: Dewsbury (2018) ????????????????
Aadavaallu Meeku Johaarlu
One Day
Salamat Daks
Hotel Transylvania 3: Summer Vacation (2018)
The Twilight Saga: New Moon
Smallfoot (ျမန္မာစာတန္းထိုး)
Spirited