What's happening?

Video Sources 4150 Views Report Error

  • Watch traileryoutube.com
  • FHD Direct StreamingUnknown resource
  • HD Direct StreamingUnknown resource
  • SD Direct StreamingUnknown resource
Redeeming Love

Redeeming Love

Based on the bestselling novel by Francine RiversJan. 21, 2022South Africa134 Min.PG-13
Your rating: 0
10 1 vote

Synopsis

Redeeming Love (2022)

===============

အချစ်က အရာရာမဟုတ်ပေမဲ့ တစ်ခါတလေမှာ ဘ၀ခွန်အားတစ်ခုတော့ ဖြစ်နေတတ်ပါတယ်။ မိဘတွေရဲ့မလှပခဲ့တဲ့အချစ်‌ကြောင့် မချစ်တတ်တော့တဲ့ ကောင်မလေးနဲ့ အချစ်ငတ်နေတဲ့ ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော သူတို့ဘ၀မှာ ဘယ်ပုံဘယ်နည်း အသက်၀င်လာမလဲ၊ ဘယ်လိုဘ‌၀ခွန်အားတွေ ရရှိစေမှာလဲ….?

“ဆာရာ (အိန်ဂျယ်)” ဟာ ငယ်စဉ်က မိဘတွေရဲ့အဆင်မပြေတဲ့အိမ်ထောင်ရေးကြားမှာ မြေစာပင်ဖြစ်ခဲ့ရသူလေးပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ မိခင်သေဆုံးသွားပြီး ဖခင်ကလည်း တရားမ၀င်သမီးကိုလက်မခံခဲ့တာကြောင့်…၊ ကလေးအရွယ်မှာတင် ပြည့်တန်ဆာအဖြစ် ရောင်းစားခံခဲ့ရပါတယ်။ အရွယ်ရောက်တဲ့အခါ သူ့အရပ်ဒေသမှာ နာမည်ကြီးပြည့်တန်ဆာမလေး “အိန်ဂျယ်” အဖြစ် ယောကျာ်းတွေရဲ့အလိုကိုဖြည့်စွမ်းပေးခဲ့ရပါတယ်။ ယောကျာ်းတိုင်းက ဆာရာနဲ့ ခဏတာပျော်ပါးခွင့်ရဖို့အရေး နေ့တိုင်းတန်းစီပြီး
ကံစမ်းကြရပါတယ်။ ယောကျာ်းတွေ တဒင်္ဂလိုချင်တပ်မက်ကြတဲ့ ဆာရာ (အိန်ဂျယ်)ဟာ မိဘတွေရဲ့အဖြစ်ကြောင့် ယောကျာ်းတွေရဲ့အချစ်ကို မယုံကြည်တဲ့သူပါ။

တစ်နေ့မှာတော့ စိုက်ပျိုးမွေးမြူရေးသမား ကိုလူပျိုချောလေး “မိုက်ကယ်” တစ်ယောက် ဆာရာရှိရာပြည့်တန်ဆာအခန်းထဲ ရောက်ရှိလာခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်က တခြားအမျိုးသားတွေလို ခဏတာပျော်ပါးဖို့မဟုတ်ဘဲ ဆာရာ့ကိုအတည်တကျလက်ထပ်ယူဖို့ပါပဲ။ အစပိုင်းမှာဆာရာက မယုံကြည်ခဲ့ပါဘူး။ ဆာရာ့ကို ပြည့်တန်ဆာတစ်ဦးလိုမဆက်ဆံဘဲ တလေးတစားအလေးထားတဲ့မိုက်ကယ်ဟာလည်း ဇွဲမလျှော့ခဲ့ပါဘူး။

သူ့ဘ၀ကိုကယ်တင်မယ့်သူကို လက်မခံတဲ့ ဆာရာတစ်ယောက် တစ်နေ့မှာ သူမရဲ့အတ္တကြီးလွန်းတဲ့ဖခင်နဲ့ မသင့်လျော်တဲ့နေရာ၊ မသင့်လျော်တဲ့အချိန်မှာ လွဲမှားစွာ တွေ့ဆုံမိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သူမဘ၀ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပါတယ်။ သူမဟာ အရင်နေထိုင်ရာဆောင်ကြာမြိုင်ကနေထွက်ပြေးခဲ့ပြီး အပြင်လောကမှာ လောကဓံကိုခါးစည်းခံခဲ့ပါတယ်။ မိုက်ကယ်ကလည်း ဇွဲမလျှော့တမ်းလိုက်ရှာ‌ခဲ့ပါတယ်။

ဒီလိုနဲ့… ဆာရာနဲ့မိုက်ကယ်တို့ ထပ်တွေ့ဆုံနိုင်ပါ့မလား၊ ဆာရာ့ဘ၀က ဘယ်လောက်ထိထပ်ပြီး ခါးသီးမှုတွေ ကြုံရဦးမှာလဲ၊ သူတို့နှစ်ဦးရဲ့အချစ်ဇာတ်လမ်းဟာ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို… ရသစုံစုံလင်လင်နဲ့ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ၁၈၅၀ ပြည့်နှစ်ကာလကို နောက်ခံထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေးဖြစ်ပြီး၊ အဲဒီခေတ်အခါက အမျိုးသမီးတို့ရဲ့ဘ၀ပုံစံကို မီးမှောင်းထိုးပြထားပါတယ်။ စာရေးဆရာမ Francine Rivers ရဲ့ သမိုင်းနောက်ခံနာမည်ကျော်အချစ်၀တ္ထု “Redeeming Love” ကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းထားတာဖြစ်ပြီး သမားရိုးကျအချစ်ဇာတ်လမ်းတွေထက် ပိုလေးနက်‌ကောင်းမွန်တာမို့ ကြည့်ဖြစ်အောင်ကြည့်ကြည့်ကြဖို့ ညွှန်းပေးပါရစေနော်။

Review by C’mon
Translated by C’mon, May Mi Kyaw,Phi & Shint

Redeeming Love
Redeeming Love
Redeeming Love
Original title Redeeming Love
IMDb Rating 6.6 1,446 votes
TMDb Rating 6.8 16 votes

Director

D. J. Caruso
Director

Cast

Similar titles

Straight Up
Drishyam 2
Ida Red (2021)
Bloodshot
Ophelia (2019)
Child of Kamiari Month
Your Place or Mine (2023)
Monos
Body of Lies
Pada
Aladdin
The Legend Is Born: Ip Man