
Child of Kamiari Month
================
Netflix ရဲ့ 2021 anime serie ဖြစ်တဲ့ ဒီကားလေးကတော့ ဝမ်းနည်းစရာလေးတွေကနေ ပြန်လည်ကုစားပေးတဲ့ healing fantasy ကားလေးပဲဖြစ်ပါတယ်။
ဇာတ်ဆောင် Kanna Hayama ဆိုတဲ့ကောင်မလေးဟာဆိုရင် အမေပေါ်ခင်တွယ်မှု၊သွက်လက်ပျော်ရွှင်မှုတွေနဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့တဲ့ အပြေးအားကစားသမားလေးပါ။
ဇာတ်လမ်းအစမှာတော့ Kanna ရဲ့ ချစ်ခင်တွယ်တာရတဲ့ မိခင်ဆုံးပါးသွားတဲ့ နောက်ဆက်တွဲ ယုံကြည်ချက်ဆုံးရှုံးပြီး ခံစားချက်ပျောက်ဆုံးနေပုံနဲ့ စတင်ထားတာပါ။
လူတိုင်းအတွက် အကြီးမားဆုံး ဆုံးရှုံးမှုဟာ မိဘဆိုရင် အမေနဲ့ပတ်သတ်ဖူးတဲ့ မှတ်ဉာဏ်၊ အမှတ်တရတွေက နာကျင်စရာတွေဖြစ်လာသလို Kanna လေးဟာ သူ့ကြောင့်ဆိုတဲ့ အပြစ်တင်ချက်နဲ့ အမေ့ကိုတမ်းတနေရရှာသူလေးပါ။
ကျောင်းအပြေးပြိုင်ပွဲမှာ ဖြစ်ခဲ့ဖူးတဲ့ အတိတ်ကို ပြန်တွေးပြီး သူသာပထမရခဲ့ဖူးရင် သူ့အမေဆုံးလောက်မှာ မဟုတ်ဘူးဆိုတဲ့ စိတ်၊ တကယ်အခုပြန်ပြိုင်တော့လဲ ဒုတိယပဲရလာတဲ့စိတ်နဲ့ ပြိုလဲပြီး ထွက်ပြေးလာတဲ့အခါ
Kanna အမေ Yoyoi ရဲ့ ကျန်ရစ်ခဲ့တဲ့ amulet လေးကို ထိလိုက်မိရာက အချိန်တွေရပ်တန့်သွားတဲ့အခါ မိခင်ဖြစ်သူ Yoyoi က god of footrace (Idaten) ဖြစ်နေတာကို သိလိုက်ရပါတယ်။
kamirari month လို့ခေါ်တဲ့ အောက်တိုဘာလမှာ Izumo မြေမှာ နတ်ဘုရားတွေ ဆုံတွေ့ကြပြီး Idaten က နယ်ပယ်အသီးသီးက chiso တွေကိုယူဆောင်၊နတ်ဘုရားတို့ စုဝေးရာဆီဆက်သရတဲ့သူပါ။ ဒီလိုမှသာ ကြွယ်ဝပြောပြီး အေးချမ်းအောင် နတ်ဘုရားတွေက စွမ်းဆောင်ပေးကြပါတယ်။
ဒီလို အရေးကြီးလှတဲ့ Idaten တာဝန်ကို Kanna လေးက Shiro လို့ခေါ်တဲ့ လက်ထောက်နတ်ဘုရား ယုန်လေးက လမ်းပြကူညီပေးပြီး demon ကောင်လေး Yasha ဆိုသူနဲ့အတူ တာဝန်ထမ်းဆောင်ဖို့ ထွက်လာကြတဲ့အခါ။
Kanna လေးရဲ့ရည်ရွယ်ချက်က အမေဖြစ်သူပြန်တွေ့ဖို့တစ်ခုပဲ ဖြစ်ပေမယ့် အန္တရာယ်များပြီး စိန်ခေါ်မှုတွေများတဲ့ ဒီလမ်းမှာ တာဝန်ရဲ့ အရေးပါမှူကို သိလာနိုင်မလား။ Idaten တာဝန်ကိုဆွေစဉ်မျိုးဆက်အရယူချင်ခဲ့တဲ့ Yasha ကရော ဘယ်လိုပြောင်းလဲသွားမလဲ။
ဒီလမ်းခရီးရဲ့ အဆင့်ဆင့်ကို လက်ရာမြောက်စွာဖန်တီးပြထားတာတွေ၊ တကယ့်ကို ပြန်လည်ကုစားပေးနိုင်တဲ့ ဇာတ်လမ်းလေးနဲ့ healingလဲဖြစ် fantasty လဲဖြစ်တဲ့ ဒီကားလေးကို မိတ်ဆက်ပေးလိုက်ရပါတယ်။
Translated and reviewed by Phyo
need all video