What's happening?

Video Sources 9202 Views Report Error

  • Watch traileryoutube.com
  • HDUnknown resource
  • SDUnknown resource
The Tomorrow War (2021)

The Tomorrow War (2021)

The fight for tomorrow begins today.Jun. 30, 2021USA138 Min.PG-13
Your rating: 0
10 1 vote

Synopsis

The Tomorrow War (2021)
===============================
ရုပ်ရှင်ချစ်သူတွေအတွက် အရမ်းစိတ်၀င်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ညွှန်းပေးပါရစေ။ အမေရိကန် ခေတ်ရှေ့ပြေး စိတ်ကူးယဉ်-သိပ္ပံ-စစ်ကားမျိုးပါ။ ၂၀၂၂ ခုနှစ်ကို ဇာတ်အိမ်တည်ထားပြီး အနာဂတ်ခရီးသွားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။

အီရတ်စစ်ပြန်တစ်ယောက်ဖြစ်တဲ့ ဇီ၀ဗေဒဘာသာဆရာ Dan Forester ဟာ သူလိုချင်တဲ့ သုတေသနစမ်းသပ်ခန်းကအလုပ်ကို မရတာကြောင့် စိတ်ဓာတ်ကျနေသူပါ။ သူ့မှာ ဇနီးနဲ့သမီးလေးတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာ မိသားစုနဲ့ ပါတီပွဲကျင်းပရင်း ဘောလုံးပွဲကြည့်နေခိုက် မမျှော်လင့်တဲ့ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာပါတယ်။ အဲဒါကတော့ ကမ္ဘာကြီးတစ်ခုလုံးကို အံ့ဩတုန်လှုပ်သွားစေတဲ့ အနာဂတ်ကမ္ဘာက လူနဲ့ဂြိုလ်သားစစ်ပွဲပါပဲ။ အနာဂတ်မှာ လူသားတွေမျိုးတုံးသုတ်သင်ခံရမယ့်အရေးကြောင့် ၂၀၅၁ ခုနှစ်ကနေလာတဲ့ အနာဂတ်စစ်သည်တစ်စုဟာ အတိတ်ကိုလာပြီး စစ်ကူတောင်းကြတာ ဖြစ်ပါတယ်။

အဲဒီလိုနဲ့ Whitespikes လို့ခေါ်တဲ့ ဂြိုလ်သားကျူးကျော်သူတွေကို တိုက်ခိုက်ဖို့အတွက် အနာဂတ်ကမ္ဘာဆီ စစ်သားတွေ၊ အရပ်သားစစ်သည်တွေ ပို့ပေးခဲ့ရပါတယ်။ ဒါပေမဲ့ အသက်ရှင်ရက်ပြန်လာနိုင်တဲ့သူ မရှိသလောက်ရှားပါးပါတယ်။ တစ်နေ့တော့ မဖြစ်မနေစစ်မှုထမ်းရမယ့် ဥပဒေအရ Dan တစ်ယောက်လည်း (နောင် အနှစ် ၃၀ အကြာမှာ ဖြစ်ပွားမယ့်) အနာဂတ်ကမ္ဘာကစစ်ပွဲဆီ သွားရောက်ရဖို့ အကြောင်းဖန်လာပါတယ်။ ဇနီးနဲ့သမီးကိုထားခဲ့ပြီး ၇ ရက်ကြာသွားရမယ့် အနာဂတ်ခရီးကနေ အသက်ရှင်ရက် ပြန်ရောက်လာနိုင်ပါ့မလားဆိုတာတော့ သူ ကြိုတင်မသိနိုင်ခဲ့ပါဘူး။

ပိုစိတ်၀င်စားစရာကောင်းတာက Dan တစ်ယောက် အနာဂတ်ကမ္ဘာမှာ အရွယ်ရောက်နေပြီဖြစ်တဲ့ သမီးဖြစ်သူရဲ့ကြီးဘ၀နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ သူတို့သားအဖဟာ စစ်ဆင်ရေးကို အတူစွန့်စားပြီး ဆင်နွှဲရဖို့ ဖြစ်လာပါတယ်။ ဒီလိုနဲ့ သူတို့သားအဖဟာ ဂြိုလ်သားစစ်ပွဲကို ဘယ်လိုရင်ဆိုင်တိုက်ခိုက်မလဲ၊ Dan ကရော သူ့ရဲ့လက်ရှိဘ၀ကို ပြန်သွားနိုင်ပါ့မလား၊ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲ၊ ဂြိုလ်သား‌တွေလက်ကနေ အနာဂတ်လူသားမျိုးနွယ်ကို ကယ်တင်နိုင်ပါ့မလားဆိုတာ… တကယ်ကို စိတ်၀င်စားစရာ ကြည့်ရှုရမှာဖြစ်ပါတယ်။

ဟောလိဝုဒ်မင်းသားချော Chris Pratt က အဓိကဇာတ်ကောင် Dan Forester နေရာကနေ ပါ၀င်သရုပ်ဆောင်ထားပါတယ်။ အနာဂတ်ခရီးသွားတဲ့ဇာတ်လမ်းမျိုး၊ စိတ်ကူယဉ်-သိပ္ပံ စွန့်စားခန်းဇာတ်လမ်းမျိုးကြည့်ချင်တဲ့သူတွေ အကြိုက်တွေ့ကြမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်မို့ လက်မလွတ်တမ်းကြည့်ရှုကြဖို့ ညွှန်းပေးလိုက်ပါတယ်။

Review by Cherry Mon
Translated by MaryChrist, LaiLaii, Cherry Mon & Aye Phyo

* Application မှာလည်း ကြည့်လို့ရပါပြီ *
Google Play Store Link – https://play.google.com/store/apps/details?id=com.yeyint.goldchannelrework

Apk Pure Link – https://apkpure.com/gold-channel/com.gc.movies11

=======================

The Tomorrow War (2021)
The Tomorrow War (2021)
The Tomorrow War (2021)
Original title The Tomorrow War
TMDb Rating 9.3 23 votes

Director

Chris McKay
Director

Cast

Similar titles

The Island
The Dark Tower (2017) မြန်မာစာတန်းထိုး
Turu, the Wacky Hen
The Last Princess
Battle of Surabaya (2015)
X-Men: The Last Stand
Black Warrant
My Sweet Monster
Arisaka
Hex
Gnome Alone
Trading Paint (2019) မြန်မာစာတမ်းထိုး