
=====================
အချစ်ဆိုတာ တကယ်ဆန်းကြယ်ပါတယ်။ အပေါ်ယံအသွင်ပြင်ထက် လူအပေါ်ပဲမူတည်တတ်ပါတယ်။ ကိုရုပ်ဆိုးကြီးကလည်း ရွှေမင်းသမီးလေးရဲ့ချစ်သူ ဖြစ်သွားနိုင်တာမျိုးပါ။ ဒီ animation ရုပ်ရှင်လေးထဲမှာလည်း အဲဒီလိုသဘောပါပဲ။
ဘုရင့်သမီးတော် တော်၀င်မင်းသမီးလေး ဘာဘရာဟာ နန်းတော်ကြီးထဲမှာ လွတ်လပ်ခွင့်မရဘဲ တင်းကြပ်တဲ့စည်းကမ်းတွေနဲ့ ပိတ်လှောင်ခံနေရသူပါ။ သူ့မှာ စာရေးဆက်သွယ်နေတဲ့ သူရဲကောင်းမင်းသားလေးတစ်ပါးရှိပါတယ်။ တစ်နေ့မှာတော့ ပြဿနာတစ်ခုကြောင့် ဘာဘရာတစ်ယောက် နန်းတော်ထဲက ထွက်ပြေးပြီး မင်းသားလေးကို ရှာပုံတော်ဖွင့်ပါတော့တယ်။ မမျှော်လင့်ဘဲ နိုင်ငံမှာ အန္တရာယ်အကြီးဆုံးဓားပြနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ…
နန်းတော်ကြီးထဲကနေ ရက်စက်တဲ့အပြင်လောကထဲ ရောက်သွားတဲ့ နန်းတော်ကြီးထဲကနေ ရက်စက်တဲ့အပြင်လောကထဲ ရောက်သွားတဲ့ဘာဘရာတစ်ယောက် အန္တရာယ်အသွယ်သွယ်ကို ဘယ်လိုရင်ဆိုင်သွားမလဲ၊ သူ့ရဲ့ကယ်တင်ရှင်က သူမျှော်လင့်နေတဲ့ မင်းသားအက်ဒ်ဝါ့ ဖြစ်ပါ့မလား၊ တကယ့်လက်တွေ့ဘ၀သူရဲကောင်းက ဘယ်သူဖြစ်နေမလဲ ဆိုတာကို ချစ်စရာဇာတ်ကောင်လေးတွေနဲ့အတူ ကြည့်ကြရမှာ ဖြစ်ပါတယ်။
Animation ဆိုပေမဲ့ တကယ် Ro ပါတယ်နော်။ ဒါ့ပြင် တစ်ကားတည်းနဲ့ လူတွေရဲ့အတ္တ၊ လောဘ၊ လူ့သဘောမနောတွေကို ထင်ဟပ်ပြထပြီး အချစ်၊ အလွမ်းရသစုံ ခံစားကြည့်ရှူရမှာပါ။ သီချင်းလေးတွေနဲ့ စိတ်ကြည်နူးစရာ ရုပ်ရှင်လေးမို့ ခဏတာဘ၀အမောတွေပြေရအောင်ကြည့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Review by C’mon
Translated by C’mon, Sunny & Monn
Application ဖြင့်လည်း ကြည့်ရှုနိုင်ပါပြီ
App Download Link > https://play.google.com/store/apps/details?id=com.goldchannel.app
monkey king တွေကော တင်ပေးပါဦး