ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ မင်းသား Billy Prigrimရဲ့ဇာတ်ကားလေးပါ။ ဒီကားဟာဆိုရင် ဟာသနဲ့ထိတ်လန့်သည်းဖိုနှစ်ခုလုံးကိုကြိုက်နှစ်သက်သူတွေ သဘောကျမယ့်ကားလေးပါ။ ဒီကားမှာမင်းသား ဝေါလေ့စ်ဟာ အဖေဆုံးသွားပြီးနောက်ပိုင်း စိတ်ဓာတ်ကျပြီး ပတ်ဝန်းကျင်နဲ့အဆင်မပြေတော့လို့ သူ့အမေကကျောင်းပြောင်းဖို့စီစဉ်ပါတယ်။ သူပြောင်းရမယ့်ကျောင်းက ဝင်ကြေးအင်မတန်ဈေးကြီးတဲ့အပြင် ကျောင်းတွင်းမှာလည်းစီနီယာက ဂျူနီယာတွေကိုအနိုင်ကျင့်တတ်တဲ့ကျောင်းမျိုးပါ။ ဒါတင်မကပါဘူး Slaughter houseဆိုတဲ့ကျောင်းဟာ သာမန်ကျောင်းတစ်ခုမဟုတ်ပါဘူး။ကျောင်းသားဟောင်းတွေလက်ထက်ကတည်းက မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာကြီးတစ်ခု ကျောင်းမှာရှိနေခဲ့တာပါ။ ဝေါ့လေ့စ်တစ်ယောက် ကျောင်းရောက်ပြီးနောက် အနိုင်ကျင့်ခံရတာလေးတွေကိုဟာသနှောပြီးမြင်တွေ့ရမှာပါ။ ဇာတ်လမ်းနောက်ပိုင်းကတော့ ကျောင်းရဲ့လှို့ဝှက်ချက်ကြီးကို ဝေါလေ့စ်တို့သူငယ်ချင်းတစ်စုကျော်လွှားနိုင်မလားဆိုတာကိုတော့ ရင်တမမနဲ့ကြည့်ရှူကြရမှာဖြစ်ပါတယ်..
Translated & Reviewed by Nunu Phyoe
Encoded by Lwin Naung
Quality Webdl
Size 1 GB/ 250 MB
IMDB 5.4
Genres Action, Comedy, Fantasy
Runtime 1h 44min