What's happening?

Video Sources 3292 Views Report Error

  • HD Direct StreamingUnknown resource
  • SD Direct StreamingUnknown resource
Lift (2021)

Lift (2021)

Oct. 01, 2021India134 Min.Not Rated
Your rating: 0
10 1 vote

Synopsis

Lift (2021)

အလုပ်က ရလာတဲ့ stress တွေဟာ ဘယ်လောက် ပင်ပန်းရသလဲဆိုတာ တော်တော်များများ ခံစားဖူးကြမှာပါ ၊ဒီ stress တွေကြောင့် Suicide လုပ်ချင်လောက်တဲ့အထိ ဖြစ်တယ်ဆိုရင်ရော ၊ စစ်တမ်းတွေအရ ကြည့်မယ်ဆိုရင် အလုပ်ကြောင့် Suicide လုပ်တဲ့ လူပမာဏဟာ မနည်းလှပါဘူး ဒီဇာတ်လမ်းလေးထဲမှာတော့ အလုပ်က Stress တွေ‌ကို ခံစားနေရတဲ့ ၀န်ထမ်းတွေအကြောင်းကို ကိုယ်ချင်းစာနိုင်စေဖို့ ရိုက်ပြထားပါတယ်

ဇာတ်လမ်းနာမည်ကတော့ မြန်မာလို ဓာတ်လှေကားပေါ့
ဒီတော့ ဓာတ်လှေကားနဲ့ ဘယ်လိုပတ်သက်နေလဲ ကြည့်လိုက်ရအောင် ၊ Guru ဟာ ကုမ္ပဏီကို စပြောင်းလာတဲ့ ပထမဆုံးရက်မှာတင် အလုပ်များတာကြောင့် ညဉ့်နက်ထိ ကုမ္ပဏီမှာ ကျန်ခဲ့ပြီး တစ်ယောက်တည်း အလုပ်လုပ်နေခဲ့ရပါတယ် ၊ အလုပ်ပြီးတော့ ပြန်ဖို့ လုပ်ပါတယ် ၊ သူတို့ရုံးက ကိုးထပ်ရှိပြီး သူက ၉ထပ်မြောက်မှာ အလုပ်လုပ်တာပါ ၊ အိမ်ပြန်ဖို့ ဓာတ်လှေကားထဲ ၀င်တာပေါ့

ပြဿနာက အဲဒီမှာ စတာပါ ၊ ဓာတ်လှေကားဟာ သူ သွားချင်တဲ့ မြေညီထပ်ကို မရောက်ဘဲ အခြားအထပ်တွေကို ခေါ်သွားလိုက် ၊ မီးပျက်ပြီး ရပ်သွားလိုက် ၊ သူ့ဘေးမှာလည်း လူမစီးထားတဲ့ ဖိနပ်တစ်ရံက လမ်းလျှောက်နေပါသေးတယ် ၊ သူရယ် အစောင့်တွေရယ်ပဲ ရုံးမှာ ရှိတာဆိုတော့ ဓာတ်လှေကား ခဏ ရပ်ပေးတာနဲ့ Guru တစ်ယောက် ရုံးထဲကို ပြန်၀င်ပြီး အစောင့်တွေကို အကူအညီ လိုက်တောင်းပါတော့တယ် ၊ အဲဒီမှာ ပြေးရင်းလွှားရင်း

သူ့လိုပဲ တံခါးလော့ကျနေတဲ့ Harini ဆိုတဲ့ HR ၀န်ထမ်းမလေးနဲ့ ဆုံပါတော့တယ် သူတို့နှစ်ယောက် ပေါင်းပြီး ဒီရုံးကနေ ရအောင် ဘယ်လိုထွက်သွားကြမလဲ ၊ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ လိုရာမရောက်တဲ့ ဓာတ်လှေကားကို ဘယ်လို control လုပ်ကြမလဲ ၊ အခြားထွက်ပေါက်ကို ရှာတွေ့နိုင်ပါ့မလား၊ သရဲခြောက်ခံရင်းကနေ ဒီကုမ္ပဏီရဲ့ နောက်ကွယ်က မတရားမှုတွေကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်

သည်းတထိတ်ထိတ် ရင်တဖိုဖို ကြည့်ရှုရမယ့်အပြင် ရိုက်ချက်တွေကလည်း အသက်ပါလှပါတယ် ၊ သရဲကားမကြည့်ရဲတဲ့ မိမိတောင် မျက်နှာကို လက်နဲ့ကွယ်ပြီး ဘာဆက်ဖြစ်မလဲ ဘယ်နားကနေ ဘာလုပ်လိုက်မလဲနဲ့ အဆက်မပြတ်ကြည့်ချင်နေတာမို့ ကြည့်ရှုသင့်ပါကြောင်း 100% recommend ပေးလိုက်ပါရစေ

Review and Translated by Sunny

* Application မှာလည်း ကြည့်လို့ရပါပြီ *

Apk Pure Link – https://apkpure.com/gold-channel-movies/com.yeyint.goldchannelrework

=======================

Lift (2021)
Lift (2021)
Lift (2021)
Lift (2021)
Lift (2021)
Lift (2021)
Lift (2021)
Lift (2021)
Original title லிப்ட்

Similar titles

Para Betina Pengikut Iblis
Swordfish
Killing Romance
Paradise City
The Flood
The 3rd Guest
Sound of Silence
Copshop (2021)
Paydirt
The Black Spider
The Communion Girl
Cellular