What's happening?

Aporia

Aporia

Your rating: 0
5 1 vote

Synopsis

Aporia (2019)

ဒီတစ်ခေါက်မှာတော့ horror ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ကုန်တင်ကားနှစ်စီးထဲမှာလူအပြည့်ခေါ်ဆောင်လာပြီးကားထဲမှာရှိတဲ့သူအားလုံးကဆေးထိုးခံထားပြီးသတိလွတ်နေကြပါတယ်။
လမ်းတစ်ဝက်လောက်ရောက်တော့သူတို့ဖမ်းဆီးခေါ်ဆောင်လာခံရမှန်းအသိဝင်လာပါတော့တယ်။
ဒီဇာတ်ကားရဲ့ဇာတ်ဆောင်ကတော့ အာဗင်နဲ့ အရှလာပါ။သူတို့ကတော့အသက်ရှင်လွတ်မြောက်ဖို့အလျှော့မပေးသူတွေပါ။ဒါကြောင့်သူတို့ဘယ်ကိုခေါ်သွားခံနေရတာလဲလွတ်မြောက်အောင်ဘယ်လိုလုပ်ကြမလဲဆွေးနွေးနေကြတုန်းမှာကောင်လေးတစ်ယောက်ကားပေါ်ကနေရုတ်တရတ်ပြေးဆင်းသွားပါတော့တယ်။ဒီတော့ ကားကိုရပ်လိုက်ပြီးအဲ့ဒီကောင်လေးကိုဖမ်းပြီး အားလုံးရှေ့မှာပဲရက်ရက်စက်စက်သတ်ပစ်လိုက်ကြပါတယ်။ကားပေါ်ကသူအားလုံးလည်းကြောက်လန့်ပြီးထွက်ပြေးဖို့မကြိုးစားရဲကြတော့ပါဘူး။
သူတို့အားလုံးကိုတောင်တွေကြားကိုရောက်တဲ့အခါမှသွားချင်တဲ့နေရာသွားလို့ရပြီမင်းတို့နောက်ကိုငါတို့မလိုက်တော့ဘူးလို့ပြောကာကားပေါ်ကဆင်းခိုင်းပါတယ်။
ဒါကြောင့် ခေါ်ဆောင်ဖမ်းဆီးခံလာရတဲ့သူတွေအားလုံးအသက်ရှင်မလား ။သူတို့ထိုးလိုက်တဲ့ဆေးတွေကကောဘာဆေးတွေလဲ ဇာတ်ဆောင်အာဗင်နဲ့ အရှလာတို့ကောအသက်ရှင်ဖို့အတွက်ဘယ်လိုရုန်းကန်ကြမလဲဆိုတာ ဇာတ်လမ်းဆုံးတဲ့အထိဆက်လက်ကြည့်ရှုလိုက်ကြရအောင်

Reviewed & Translated by AyeThinzar
Encoded by Hubin

Original title Aporia

Director

Cast

Similar titles

7 Days in Entebbe
The Tender Bar
The Kitchen
The First King: Birth of an Empire (2019)
Atrangi Re
Line Walker 2016
Peranbu
The Spectacular Now
Capone (2020)
1920: Horrors of the Heart
Cloud Atlas (2012)
Bheemla Nayak